ဒေသနာကျမ်း။ 6:5 - Common Language Bible နေကိုလည်းမမြင်ရ။ အဘယ်အရာကိုမျှမသိရ။ သို့သော်လည်း၊ အရင်ဆိုသောသူထက်သာ၍ ချမ်းသာ ရ၏။ Judson Bible နေကိုလည်း မမြင်ရ။ အဘယ်အရာကိုမျှ မသိရ။ သို့သော်လည်း၊ အရင်ဆိုသောသူထက် သာ၍ ချမ်းသာရ၏။ မြန်မာ့စံမီသမ္မာကျမ်း သူသည် နေကိုလည်းမမြင်ရ၊ မည်သည့်အရာကိုမျှလည်းမသိရ။ သို့သော် ထိုကလေးသည် အထက်ဖော်ပြပါလူထက် ပို၍အေးချမ်းမှုရှိ၏။ |
သူတို့သည်အကျိအချွဲအဖြစ်သို့အရည် ပျော်၍ သွားတတ်သည့်ပက်ကျိများကဲ့သို့ဖြစ်ကြပါစေသော။ အလင်းရောင်ကိုအဘယ်အခါ၌မျှမမြင်ရသည့် လျှောမွေးကဲ့သို့ဖြစ်ကြပါစေသော။
သို့ရာတွင် တခါမျှ မဖြစ်သေးသောသူ၊ နေ အောက်မှာ ပြုသော ဒုစရိုက်ကိုမမြင်သေးသောသူသည် ထိုနှစ်ဦးထက်သာ၍ မင်္ဂလာရှိ၏။
အကြောင်းမူကား၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီးပေါ်လာ၏။ မှောင်မိုက်ထဲမှာ ထွက်သွား၏။ သူ့အမည်ကား၊ မှောင်မိုက်နှင့်ဖုံးလွှမ်းလျက် ရှိလိမ့်မည်။
အကယ်၍ အရင်ဆိုသော သူသည် အနှစ် နှစ်ထောင်အသက်ရှင်သော်လည်း၊ အကျိုးကျေးဇူးမရှိ။ အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ သွားရကြသည် မဟုတ်လော။