ထိုကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ် သမျှတို့၌ မြော်လင့်စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါကြံစည်၏။
ထို ကြောင့်၊ နေ အောက် တွင် ငါ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ နှင့် စပ် လျဉ်း ၍၊ ပြောင်း လဲ လျက် စိတ် ပျက် ၏။
ထိုကြောင့် နေအောက်မှာ ငါကြိုးစားအားထုတ်သမျှတို့၌ မျှော်လင့်စရာမရှိ။ စိတ်ပျက်အောင် တစ်ဖန်ငါကြံစည်၏။
ထို့ကြောင့် နေအောက်တွင်ငါကြိုးပမ်းအားထုတ်သည့် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးအပေါ် ငါသည် မျှော်လင့်စရာကင်းမဲ့လာလေ၏။
ထိုသူသည်ဗင်္ယာမိန်နှင့်ရှိမောင်တို့ကိုသင်တို့ အားပြန်အပ်စေရန် အနန္တတန်ခိုးရှင်ဘုရားသခင်သည်ထိုသူ၏စိတ်ကိုပြုပြင်ပေးတော် မူပါစေသော။ အကယ်၍ငါသည်သားတို့ ကိုဆုံးရှုံးရမည်ဆိုလျှင်ဆုံးရှုံးရမည်သာ ဖြစ်သည်'' ဟုဆို၏။
ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ် နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ် သောသူဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။
ခရစ်တော်ကိုအမှီပြု၍ငါတို့သည်ယခု ဘဝအတွက်သာမျှော်လင့်စရာရှိပါမူ ကမ္ဘာပေါ်တွင်ငါတို့လောက်သနားစရာ ကောင်းသူများမရှိတော့ပြီ။