သူသည်ကွယ်လွန်၍ဒါဝိဒ်၏မြို့၌သင်္ဂြိုဟ်ခြင်း ကိုခံရ၏။ သားတော်ရောဗောင်သည်နန်းတက် လေ၏။
ဒေသနာကျမ်း။ 2:19 - Common Language Bible ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။ Garrad Bible ထို သူ သည်၊ လိ မ္မာ မည်၊ မ လိ မ္မာ မည် ကို၊ မည် သူ မျှ မ သိ နိုင် သော် လည်း၊ နေ အောက် တွင် ငါ ပ ညာ ချွန် ၍ ကြိုး ပမ်း စွာ လုပ် ကိုင် သ မျှ ကို၊ ဆက် ခံ စိုး ပိုင် လိမ့် မည်။ ထို အ ခြင်း အ ရာ လည်း အ န တ္တ ဖြစ်၏။ Judson Bible ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစားအားထုတ်သမျှ၊ နေအောက်မှာ ငါ့ပညာကို ထင်ရှားပြလေသမျှသောအမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် ပညာရှိသောသူဖြစ်မည်လော၊ သို့မဟုတ် မိုက်မဲသောသူဖြစ်မည်လော မည်သူသိနိုင်သနည်း။ သို့သော် နေအောက်တွင် ဉာဏ်ပညာရှိစွာငါကြိုးပမ်းအားထုတ်သည့် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးကို ထိုသူသည် စိုးမိုးရလိမ့်မည်။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။ |
သူသည်ကွယ်လွန်၍ဒါဝိဒ်၏မြို့၌သင်္ဂြိုဟ်ခြင်း ကိုခံရ၏။ သားတော်ရောဗောင်သည်နန်းတက် လေ၏။
ထိုအခါရောဗောင်သည်အသက်ကြီးသူအတိုင် ပင်ခံအမတ်များပေးသည့်အကြံကိုလျစ်လူ ရှုပြီးလျှင်၊-
ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။
ထိုကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ် သမျှတို့၌ မြော်လင့်စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါကြံစည်၏။
လူသည်မိမိပြုမူရာ၌ ပျော်မွေ့ခြင်းအမှုထက် သာ၍ ကောင်းသောအမှုမရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည်သူ၏ အဘို့ဖြစ်၏။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း။
ဤသို့ပါးနပ်လိမ္မာစွာပြုသည့်အတွက်မရိုး ဖြောင့်သည့်မန်နေဂျာကိုသူဌေးသည်ချီးမွမ်း လေ၏။ အဘယ်ကြောင့်ဆိုသော်လောကီသား တို့သည်လောကီကိစ္စဆောင်ရွက်ရာတွင် အလင်း နှင့်ဆိုင်သောသားများထက်ပါးနပ်လိမ္မာ ကြသောကြောင့်တည်း။
အဘယ်ကြောင့်ဆိုသော်ငွေကိုစွဲလမ်းတပ် မက်ခြင်းသည်မကောင်းမှုအမျိုးမျိုးတို့၏ မူလအခြေအမြစ်ဖြစ်သောကြောင့်တည်း။ အချို့သောသူတို့သည်ငွေကိုခုံမင်လှ သဖြင့် ယုံကြည်ခြင်းတရားလမ်းမှလွဲ သွား၍ ပူဆွေးလျက်ဝမ်းနည်းပက်လက် ဖြစ်ရကြ၏။
ကောင်းမြတ်စုံလင်သောဆုကျေးဇူးမှန်သမျှ သည်ကောင်းကင်မှလည်းကောင်း၊ ကောင်းကင် အလင်းတန်ဆာများကိုဖန်ဆင်းတော်မူ သောဘုရားသခင်၏ထံတော်မှလည်းကောင်း သက်ဆင်း၍လာပေသည်။ ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ လှည့်ခြင်းအားဖြင့် အမှောင်ကိုကျစေတော်မမူ။-
သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။-