မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
ဒေသနာကျမ်း။ 11:1 - Common Language Bible သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည်။ Garrad Bible ရှည် လျား သော နေ့ ရက် အ တွင်း ပြန် တွေ့ မည် ကို ထောက်၍၊ သင့် အ စာ ကို ရေ မျက် နှာ ပြင်၌ ပစ် ချ လော့။ Judson Bible သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလကြာမြင့်မှ တစ်ဖန်တွေ့လေဦးမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်၏အစာကို ရေပြင်ပေါ်သို့ ပစ်လိုက်လော့။ အကြောင်းမူကား နေ့ရက်များစွာလွန်ပြီးနောက် ၎င်းကိုသင်ပြန်တွေ့လိမ့်မည်။ |
မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။
ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌ လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာ သည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို၎င်း မသိနိုင်။
ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။
ကောက်ပဲသီးနှံများအတွက်မြည်းနှင့်ကျွဲ နွားစားကျက်များအတွက် ရေအလုံအလောက် ရရှိသဖြင့်လူအပေါင်းတို့သည်ရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။
သို့ရာတွင်ရိုးဖြောင့်သူမူကားရိုးဖြောင့်စွာ ပြုကျင့်တတ်လျက် အမှန်တရားဘက်မှစွဲ မြဲစွာရပ်တည်နေတတ်၏။
ပဉ္စမနှစ်သို့ရောက်လျှင်သင်တို့သည်သစ်သီး များကိုစားသုံးနိုင်သည်။ သင်တို့သည်အထက် ပါအတိုင်းလိုက်နာလျှင် သစ်သီးအထွက်တိုး လိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
ထိုအိမ်သူအိမ်သားတို့သည်ထိုက်တန်သူများဖြစ် လျှင် သင်တို့ပေးသည့်ကောင်းချီးမင်္ဂလာသည်သူတို့ အပေါ်သက်ရောက်လိမ့်မည်။ ထိုသို့ခံစားထိုက်သူ များမဟုတ်ပါမူသင်တို့၏ကောင်းချီးမင်္ဂလာသည် သင်တို့ထံသို့ပြန်လည်ရောက်ရှိလာလိမ့်မည်။-
အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏တပည့်များအနက်အသိမ်ငယ်ဆုံးသူ တစ်စုံတစ်ယောက်အား ငါ၏မျက်နှာကိုထောက် ၍သောက်ရေတစ်ခွက်ကိုပေးသောသူသည်အကျိုး ကိုမခံစားဘဲမနေရ။''
ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
သို့ဖိတ်ခေါ်လျှင်သင်သည်မင်္ဂလာရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည် သင့်အား ပြန်၍ကျေးဇူးဆပ်နိုင်စွမ်းမရှိကြသောကြောင့် ဖြစ်သည်။ သူတော်ကောင်းတို့သေခြင်းမှထမြောက် ရာကာလ၌ သင်သည်ကျေးဇူးဆပ်ခြင်းကိုခံရ လတ္တံ့'' ဟုမိန့်တော်မူ၏။
မျိုးစေ့အနည်းငယ်ကိုကြဲသောသူသည် စပါးအနည်းငယ်ကိုသာရိတ်သိမ်းရလိမ့် မည်။ များစွာသောမျိုးစေ့တို့ကိုကြဲသော သူမူကား များစွာသောစပါးတို့ကိုရိတ် သိမ်းရလိမ့်မည်ဖြစ်ကြောင်းသတိပြုလော့။-
ဘုရားသခင်သည်တရားမျှတမှုမရှိ သောအရှင်မဟုတ်။ သင်တို့ဆောင်ရွက်ခဲ့ သည့်အမှုအရာများကိုလည်းကောင်း၊ ကိုယ် တော်အားချစ်ကြောင်းသက်သေပြရန်ယခင် အခါမှ ယခုအခါတိုင်အောင်ခရစ်ယာန် အချင်းချင်းအားကူညီမစကြသည်ကို လည်းကောင်းမေ့လျော့တော်မူမည်မဟုတ်။-