ကာလအနည်းငယ်ကြာသော်ဇေရဇ်မင်း သည်အာဂတ် မှဆင်းသက်သူ၊ ဟမ္မေဒါသ၏သားဟာမန် အားဝန်ကြီးချုပ်အဖြစ်ချီးမြှင့်တော်မူ၏။-
ဒေသနာကျမ်း။ 10:6 - Common Language Bible မိုက်သောသူတို့သည် မြင့်သောအရပ်၊ သူဌေးတို့ သည် နိမ့်သောအရပ်၌ ထိုင်ရသောအမှု၊ Garrad Bible လူ မိုက် တို့ ကို မြင့် မြတ် ရာ၌ တင် ထား ခြင်း၊ သူ ကြွယ် တို့ ကို နိမ့် ရာ၌ နေ ထိုင် ရ ခြင်း၊ Judson Bible မိုက်သောသူတို့သည် မြင့်သောအရပ်၊ သူဌေးတို့သည် နိမ့်သောအရပ်၌ ထိုင်ရသောအမှု၊ မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသူအား အလွန်မြင့်သောနေရာကိုပေး၍ ချမ်းသာသောသူတို့သည် နိမ့်ပါးသောနေရာ၌ထိုင်နေရခြင်းဖြစ်၏။ |
ကာလအနည်းငယ်ကြာသော်ဇေရဇ်မင်း သည်အာဂတ် မှဆင်းသက်သူ၊ ဟမ္မေဒါသ၏သားဟာမန် အားဝန်ကြီးချုပ်အဖြစ်ချီးမြှင့်တော်မူ၏။-
ဤသို့မော်ဒကဲဦးမညွှတ်ရှိမခိုးလို သည့်အကြောင်းကိုကြားသိရသောအခါ ဟာမန်သည်လွန်စွာအမျက်ထွက်လေသည်။-
သူယုတ်မာတို့သည်နေရာတကာတွင်ရှိ၏။ လူအပေါင်းတို့သည်မကောင်းမှုကိုချီးကူးကြ၏။
ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သော အခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်း ရှောင်၍ နေတတ်ကြ၏။
မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍ နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့ သည် ပွားများတတ်ကြ၏။
ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။