ထို့နောက်လူတို့၏ရှေ့မှောက်တွင်ရှောလမုန်သည် ယဇ်ပလ္လင်ရှေ့သို့သွားရပ်တော်မူ၏။ မင်းကြီး သည်လက်များကိုမြှောက်ချီလျက်၊-
ထွက်မြောက် 9:29 - Common Language Bible ထိုအခါမောရှေက``ကျွန်ုပ်သည်မြို့ပြင်သို့ ရောက်လျှင် ထာဝရဘုရားထံသို့လက်များ ကိုမြှောက်၍ဆုတောင်းပေးပါမည်။ ထာဝရ ဘုရားသည်ကမ္ဘာမြေကြီးကိုအစိုးရတော် မူကြောင်း ကိုယ်တော်သိစေခြင်းငှာမိုးကြိုး သံနှင့်မိုးသီးမိုးရပ်စဲလိမ့်မည်။- Garrad Bible မော ရှေ က၊ မြို့ ပြင် သို့ ကျွန် တော် ထွက် ရောက် လျှင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် လက် အုပ် ချီ ပါ မည်။ ထာ ဝ ရ ဘု ရား သည် မြေ ကြီး ရှင် ဖြစ် တော် မူ ကြောင်း ဘု ရင်း မင်း သိ စေ ခြင်း ငှါ မိုး ကြိုး သံ တိတ်၍ မိုး သီး အ ကျ စဲ ပါ လိမ့် မည်။ Judson Bible မောရှေကလည်း၊ မြို့ထဲကကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကိုဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကိုအစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုးကြိုးစဲလိမ့်မည်။ မိုးသီးလည်းမကျမရွာရ။ မြန်မာ့စံမီသမ္မာကျမ်း မောရှေကလည်း “အကျွန်ုပ်သည် မြို့ထဲမှထွက်သည်နှင့် ထာဝရဘုရားထံသို့ အကျွန်ုပ်၏လက်ကိုဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကိုပိုင်တော်မူကြောင်း အရှင်သိစေရန် မိုးချုန်းသံများရပ်၍ မိုးသီးလည်း ကျတော့မည်မဟုတ်။ |
ထို့နောက်လူတို့၏ရှေ့မှောက်တွင်ရှောလမုန်သည် ယဇ်ပလ္လင်ရှေ့သို့သွားရပ်တော်မူ၏။ မင်းကြီး သည်လက်များကိုမြှောက်ချီလျက်၊-
သူတို့ပြုသောဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားအချို့တို့သည်လှိုက်လှဲစွာဝမ်းနည်း လျက် ဤဗိမာန်တော်ဘက်သို့လက်အုပ်ချီ၍ဆု တောင်းပတ္ထနာပြုလျှင်၊-
ညဥ့်ဦးယဇ်ပူဇော်ချိန်ရောက်သောအခါ ငါ သည်ညည်းတွားမြည်တမ်းလျက် ထိုင်၍နေရာ မှထပြီးလျှင် စုတ်နေသောအဝတ်များနှင့်ပင် ဒူးထောက်လျက် ငါ၏ဘုရားသခင်ထာဝရ ဘုရား၏ထံတော်သို့လက်အုပ်ချီ၍ဆု တောင်းပတ္ထနာပြု၏။-
ကိုယ်တော်သည်ကောင်းကင်နှင့်ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့်ပင်လယ်အောက်နက်ရှိုင်းရာ အရပ်တို့၌လည်းကောင်း အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
ကျွန်တော်မျိုးသည်လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ၏။ ရေငတ်သောမြေကဲ့သို့ကျွန်တော်မျိုး၏ ဝိညာဉ်သည် ကိုယ်တော်ရှင်ကိုတောင့်တပါ၏။
``အကယ်၍ငါသည်ဆာမွတ်ခဲ့မူသင်တို့ထံမှ အစာကိုတောင်းမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာမြေကြီးနှင့်ကမ္ဘာပေါ်ရှိ အရာဟူသမျှကိုငါပိုင်သောကြောင့်ဖြစ်၏။
သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
ထာဝရဘုရားသည်ခြောက်ရက်အတွင်းမိုး ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်ထိုအရပ်တို့ ၌ရှိသမျှတို့ကိုဖန်ဆင်း၍သတ္တမနေ့တွင် နားနေတော်မူ၏။ ထို့ကြောင့်ထာဝရဘုရား သည်ထိုနားရက်ကိုကောင်းချီးပေး၍ နေ့ထူး နေ့မြတ်သတ်မှတ်တော်မူ၏။
ထိုနေ့တွင်ငါ၏လူမျိုးတော်နေထိုင်ရာ ဂေါရှင်ဒေသကိုချန်လှပ်၍ထားသဖြင့် ထို ဒေသ၌မှက်ကောင်မရှိစေရ။ ထိုသို့ပြုခြင်း အားဖြင့်ငါထာဝရဘုရားသည်ဤပြည် တွင်ရှိတော်မူကြောင်းကိုသင်သိရလိမ့်မည်။-
ထို့ကြောင့်အာရုန်သည်ရေပြင်ရှိသမျှပေါ် သို့သူ၏လက်ကိုဆန့်သဖြင့် ဖားများအလွန် မြောက်မြားစွာတက်လာ၍အီဂျစ်တစ်ပြည် လုံးတွင်ဖားတို့ဖြင့်ပြည့်နှက်လျက်ရှိလေ၏။-
မောရှေသည်ဘုရင်ထံမှထွက်၍ မြို့ပြင်သို့ သွားပြီးလျှင်လက်များကိုမြှောက်၍ ထာဝရ ဘုရားထံဆုတောင်းသဖြင့်မိုးကြိုးသံနှင့် မိုးသီးများစဲလေ၏။ မိုးလည်းရပ်စဲသွား၏။-
``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
အဘယ်ကြောင့်ဆိုသော်``ဤလောကနှင့်တကွ လောက၌ရှိသမျှသောအရာတို့ကိုထာဝရ ဘုရားပိုင်တော်မူ၏'' ဟုကျမ်းစာတော်ကဆို၏။
သို့ရာတွင်လူတစ်စုံတစ်ယောက်က``ဤအရာ သည်ယဇ်ပူဇော်သောအသားဖြစ်သည်'' ဟု ဆိုပါမူယင်းသို့ပြောဆိုသူကိုလည်းကောင်း၊ သြတ္တပ္ပစိတ်ကိုလည်းကောင်းထောက်၍ထို အသားကိုမစားကြနှင့်။-
ထာဝရဘုရားသည် မိုးကောင်းကင်အထက် ဘဝဂ်ကိုပင်ပိုင်တော်မူ၏။ ကမ္ဘာမြေကြီးနှင့် မြေကြီးပေါ်တွင် ရှိသမျှအရာခပ်သိမ်းတို့ ကိုလည်းပိုင်တော်မူ၏။-