ဒါဝိဒ်က``အကျွန်ုပ်သည်ထာဝရဘုရားကို ပြစ်မှားမိပါပြီ'' ဟုဝန်ချလျှင်နာသန် က``ထာဝရဘုရားသည်သင်၏အပြစ်ကို ဖြေလွှတ်၍သေဒဏ်မှချမ်းသာစေတော် မူပြီ။-
ထွက်မြောက် 9:27 - Common Language Bible ဘုရင်သည်မောရှေနှင့်အာရုန်တို့ကိုခေါ်ပြီး လျှင်``ဤတစ်ကြိမ်ငါပြစ်မှားမိပါပြီ။ ထာဝရ ဘုရားသည်မှန်ကန်၍ ငါနှင့်ငါ၏လူမျိုးတို့ သည်မှားပါ၏။- Garrad Bible ထို အ ခါ ဖာ ရော မင်း သည် မော ရှေ နှင့် အာ ရုန် တို့ ကို ခေါ် စေ ပြီး လျှင်၊ ယ ခု တစ် ကြိမ် ငါ ပြစ် မှား ပြီ။ ထာ ရ ဘု ရား ဖြောင့် ၍ ငါ နှင့် ငါ့ လူ တို့ ကောက် ကြ ၏။ Judson Bible ထိုအခါ ဖာရောဘုရင်သည်လူကိုစေလွှတ်၍၊ မောရှေနှင့်အာရုန်ကို ခေါ်ပြီးလျှင်၊ ဤအမှု၌ငါပြစ်မှားပြီ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါနှင့် ငါ၏လူတို့သည် အပြစ်များပါ၏။ မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုဆင့်ခေါ်ပြီးလျှင် “ဤတစ်ကြိမ်ကား ငါပြစ်မှားမိပြီ။ ထာဝရဘုရားသာလျှင် ဖြောင့်မတ်တော်မူ၏။ ငါနှင့်ငါ့လူတို့မူကား ဆိုးယုတ်သောသူများဖြစ်ကြပါ၏။ |
ဒါဝိဒ်က``အကျွန်ုပ်သည်ထာဝရဘုရားကို ပြစ်မှားမိပါပြီ'' ဟုဝန်ချလျှင်နာသန် က``ထာဝရဘုရားသည်သင်၏အပြစ်ကို ဖြေလွှတ်၍သေဒဏ်မှချမ်းသာစေတော် မူပြီ။-
မင်းကြီးနှင့်ခေါင်းဆောင်များသည်မိမိ တို့အပြစ်ကူးခဲ့သည်ကိုဝန်ခံကြပြီး လျှင်``ထာဝရဘုရားသည်တရားမျှတ တော်မူပါ၏'' ဟုဆိုကြ၏။
သို့ရာတွင်ဖြောင့်မတ်တော်မူသောအရှင် ထာဝရဘုရားသည်ငါ့ကိုကျွန်ဘဝမှ လွတ်မြောက်စေတော်မူလေပြီ''
ထာဝရဘုရားသည်ပြုလေသမျှသော အမှုတို့တွင်ဖြောင့်မတ်ခြင်းနှင့်ကရုဏာ တော်ကို ဖော်ပြတော်မူ၏။
ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
ထိုအခါဘုရင်သည်မောရှေနှင့်အာရုန်တို့ ကို အလျင်အမြန်ခေါ်၍``ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှင့်သင်တို့ ကိုပြစ်မှားမိပါပြီ။-
ယခုတစ်ကြိမ်ငါ၏အပြစ်ကိုလွှတ်၍ ဤကပ်ဆိုးကြီးကိုဖယ်ရှားပေးရန် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားထံဆု တောင်းပတ္ထနာပြုပါလော့'' ဟုဆိုလေ၏။-
ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍``သင်တို့၏ဘုရားအားဤပြည် ထဲ၌ယဇ်ပူဇော်လော့'' ဟုဆိုလေ၏။
ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍ ``ငါနှင့်ငါ၏ပြည်သားတို့ထံမှ ဖားတို့ကိုဖယ်ရှားပေးရန်ထာဝရဘုရား ထံဆုတောင်းပါလော့။ သို့ပြုလျှင်သင်တို့၏ အမျိုးသားများ ထာဝရဘုရားကိုယဇ် ပူဇော်ရန်သွားခွင့်ကိုငါပြုမည်'' ဟုဆို၏။
``သို့ရာတွင်ထာဝရဘုရားသည် တရားမျှတတော်မူပါသည်။ အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်တော်၏ အမိန့်တော်ကိုလွန်ဆန်ခဲ့သောကြောင့်တည်း။ အရပ်တကာရှိလူတို့ငါပြောဆိုသည်ကို နားထောင်ကြလော့။ ငါ၏ဝေဒနာကိုကြည့်ရှုကြလော့။ ငါ၏သားပျိုသမီးပျိုတို့သည်သုံ့ပန်း အဖြစ် ခေါ်ဆောင်ခြင်းကိုခံရကြလေပြီ။''
အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားဒဏ်ပေးရန် အသင့်ရှိသည်အတိုင်းဒဏ်ပေးတော်မူပါ၏။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစဉ်ဖြောင့်မှန် ရာကိုပြုတော်မူတတ်သော်လည်း အကျွန်ုပ် တို့သည်ကိုယ်တော်၏စကားကိုနားမ ထောင်ခဲ့ကြသောကြောင့်ဖြစ်ပါ၏။
ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-
ထိုအခါဗာလမ်က``အကျွန်ုပ်အပြစ်ကူး လွန်မိပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်ကိုတား ဆီးရန်လမ်းပေါ်တွင်ရပ်နေသည်ကိုအကျွန်ုပ် မသိပါ။ အကျွန်ုပ်အားခရီးဆက်၍မသွား စေလိုလျှင်အိမ်သို့ပြန်ပါမည်'' ဟုဆိုလေ ၏။
``အကျွန်ုပ်သည်အပြစ်ကင်းသူကိုသေစေရန်အပ် မိပါပြီ'' ဟုဆို၏။ သို့ရာတွင်ထိုသူတို့က ``ဤ ကိစ္စသည်ငါတို့နှင့်မည်သို့ဆိုင်ပါသနည်း။ သင် ၏တာဝန်သာဖြစ်၏'' ဟုပြန်ပြောကြ၏။-
သို့သော်လည်းသင်သည်ခေါင်းမာလျက် နောင်တမရ။ ထို့ကြောင့်အမျက်တော်ပေါ် လွင်ထင်ရှားရာ၊ ဖြောင့်မှန်စွာတရားစီရင် ရာနေ့ရက်၌သင်သည်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကိုခံရလိမ့်မည်။-
ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-
ထိုအခါအာခန်က``အကျွန်ုပ်သည်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားမိခဲ့ကြောင်းဝန်ခံပါ သည်။-
ထိုအခါရှောလုက``မှန်ပါ၏။ အကျွန်ုပ်သည် အပြစ်ကူးလွန်မိပါပြီ။ အကျွန်ုပ်သည်ထာဝရ ဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ အရှင်၏ ညွှန်ကြားချက်များကိုလည်းကောင်းလွန်ဆန်မိ ပါပြီ။ မိမိ၏လူတို့ကိုကြောက်သဖြင့် အကျွန်ုပ် သည်သူတို့၏ဆန္ဒအတိုင်းပြုမိပါ၏။-
ရှောလုက``အကျွန်ုပ်သည်အပြစ်ကူးလွန်မိပါ ပြီ။ သို့ရာတွင်ယုတ်စွအဆုံးအကျွန်ုပ်၏အမျိုး သားခေါင်းဆောင်များရှေ့၌လည်းကောင်း၊ ဣသရေလ အမျိုးသားတစ်ရပ်လုံး၏ရှေ့၌လည်းကောင်း အကျွန်ုပ် ၏ဂုဏ်အသရေမပျက်စေဘဲ အကျွန်ုပ်သည်အရှင် ၏ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်နိုင်ရန်အကျွန်ုပ်နှင့်အတူအရှင်ပြန်၍ လိုက်ခဲ့ပါ'' ဟုတောင်းပန်၏။-
ရှောလုကလည်း``ငါမှားလေပြီ။ ငါ့သားဒါဝိဒ်၊ ငါ့ထံသို့ပြန်ခဲ့လော့။ သင်သည်ယနေ့ညငါ၏ အသက်ကိုချမ်းသာပေးခဲ့သဖြင့် ငါသည်သင့် အားနောင်အဘယ်အခါ၌မျှဘေးအန္တရာယ် ပြုတော့မည်မဟုတ်။ ငါသည်မိုက်မဲသူဖြစ် ချေပြီ။ အလွန်ဆိုးရွားသည့်အမှုကိုပြုမိ လေပြီတကား'' ဟုမိန့်တော်မူ၏။