Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 9:14 - Common Language Bible

14 အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​ဒဏ်​ပေး​ရန် အ​သင့်​ရှိ​သည်​အ​တိုင်း​ဒဏ်​ပေး​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​ဖြောင့်​မှန် ရာ​ကို​ပြု​တော်​မူ​တတ်​သော်​လည်း အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​မ ထောင်​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပြု တော် မူ သ မျှ၌ ဖြောင့် မတ် တော် မူ ပါ လျက် အ ကျွန်ုပ် တို့ လည်း ဗျာ ဒိတ် တော် သံ ကို နား မ ထောင် ဘဲ နေ ကြ သော ကြောင့် ထာ ဝ ရ ဘု ရား သည် ထို ဘေး ဥ ပဒ် ကို စောင့် ကြပ်၍ သင့် ရောက် စေ တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဘေး​ဥ​ပဒ်​ကို​စောင့်၍၊ အ​ကျွန်ုပ်​တို့အပေါ်သို့ ရောက်စေတော်မူပြီ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြု​တော်​မူ​သ​မျှ​တို့၌ ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထာဝရဘုရား​သည် စောင့်ကြည့်​လျက် အကျွန်ုပ်​တို့​ကို ဘေးဆိုး​သင့်​စေ​ပြီ​။ စင်စစ် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား ပြု​တော်မူ​သော​အမှု​အလုံးစုံ​တို့​သည် ဖြောင့်မှန်​ပါ​၏​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကို နား​မ​ထောင်​ဘဲ နေ​မိ​ခဲ့​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 9:14
16 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​နှင့်​ခေါင်း​ဆောင်​များ​သည်​မိ​မိ တို့​အ​ပြစ်​ကူး​ခဲ့​သည်​ကို​ဝန်​ခံ​ကြ​ပြီး လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ တော်​မူ​ပါ​၏'' ဟု​ဆို​ကြ​၏။


အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဖြောင့်​မတ်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ခံ​ကြ​ပါ​၏။ ဤ​အ​ပြစ်​ကြောင့်​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက် နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ'' ဟု​တောင်း လျှောက်​လေ​၏။


အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အ​ပြစ်​ဒဏ် ပေး​တော်​မူ​သည်​မှာ​တ​ရား​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​လွန်​ခဲ့​ကြ​သော် လည်း ကိုယ်​တော်​သည်​သစ္စာ​စောင့်​တော်​မူ​ပါ​၏။


ကိုယ်​တော်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​သည် သစ္စာ​နှင့်​လည်း​ကောင်း၊ တ​ရား​မျှ​တ​မှု​နှင့်​လည်း​ကောင်း​ညီ​ပါ​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​မှန်​သ​မျှ​သည် ယုံ​ကြည်​အား​ထား​ထိုက်​ပါ​ပေ​သည်။


ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​ကြင်​နာ​တော်​မူ​၍ ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။ ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​က​ရု​ဏာ​တော်​ရှင် ဖြစ်​တော်​မူ​၏။


အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​တ​ရား​မှ​တ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​တို့​သည်​လည်း​တ​ရား​မှ​တ​ပါ​၏။


အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ချမ်း​သာ​ပေး တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် တ​ရား​မျှ​တ​တော်​မူ​ကြောင်း​ကို​ဝမ်း​မြောက်​စွာ ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။


ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​ခေါ်​ပြီး လျှင်``ဤ​တစ်​ကြိမ်​ငါ​ပြစ်​မှား​မိ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​မှန်​ကန်​၍ ငါ​နှင့်​ငါ​၏​လူ​မျိုး​တို့ သည်​မှား​ပါ​၏။-


အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​အ​မှု​ကို အ​ထံ​တော်​တွင်​လျှောက်​လဲ​ရ​သော် ကိုယ်​တော်​ရှင်​သာ​လျှင်​ဖြောင့်​မတ်​သော​အ​ရှင် ဖြစ်​ပါ​သည်။ သို့​ရာ​တွင်​တ​ရား​မျှ​တ​မှု​ရှိ​မ​ရှိ​နှင့်​ပတ် သက်​၍ ကျွန်​တော်​မျိုး​လျှောက်​ထား​လို​ပါ​၏။ အ​ဘယ်​ကြောင့်​သူ​ယုတ်​မာ​တို့​သည် ချမ်း​သာ​ကြွယ်​ဝ​ကြ​ပါ​သ​နည်း။ မ​ရိုး​မ​ဖြောင့်​သူ​တို့​သည်​အ​ဘယ်​ကြောင့် အေး​ချမ်း​စွာ​နေ​ရ​ပါ​သ​နည်း။


ငါ​သည်​ဂ​ရု​ပြု​၍​သူ​တို့​အား​နုတ်​ပယ်​ဖြို​ချ၊ မှောက်​လှန်​ဖျက်​ဆီး၊ ပျက်​ပြုန်း​စေ​ခဲ့​သည်​နည်း တူ​တစ်​ဖန်​ပြန်​၍​ပြု​စု​ပျိုး​ထောင်​တည်​ဆောက် ၍​ပေး​မည်။-


သူ​တို့​သည်​လယ်​စောင့်​ကင်း​သ​မား​များ​ကဲ့​သို့ ထို​မြို့​တို့​ကို​ဝိုင်း​ရံ​ထား​ကြ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ယု​ဒ​ပြည်​သည် ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကြောင့်​ဖြစ်​၏။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​တော်​မူ​သော​စ​ကား​ပင်​တည်း။


သင်​တို့​သည်​ကောင်း​စား​မည့်​အ​စား​ဆုံး​ရှုံး ပျက်​စီး​ကြ​စေ​ရန်​ငါ​ပြု​မည်။ အီ​ဂျစ်​ပြည် တွင်​နေ​ထိုင်​လျက်​ရှိ​သော​ယု​ဒ​ပြည်​သူ​တို့ သည်​တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​သည်​တိုင် အောင်​စစ်​ဘေး​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ ဘေး​သော်​လည်း​ကောင်း​သင့်​၍​သေ​ရ​ကြ​လိမ့် မည်။-


သူ​၏​ရန်​သူ​များ​သည်​သူ့​ကို​အ​နိုင်​ရ​ကာ​မိ​မိ​တို့ အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ကြ​၏။ သူ​သည်​မြောက်​များ​စွာ​သော​အ​ပြစ်​တို့​ကို ကူး​ခဲ့​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​တော်​မူ​၏။ သူ​၏​သား​သ​မီး​များ​သည်​သုံ့​ပန်း​များ ဖြစ်​ရ​ကြ​လေ​ပြီ။


ငယ်​စဉ်​အ​ခါ​က​သင့်​အ​ကြောင်း​ကို သင်​သည် မေ့​ပျောက်​ကာ​ဆိုး​ညစ်​မှု​အ​ပေါင်း​ကို​ပြု​၍ ငါ ၏​အ​မျက်​ကို​နှိုး​ဆော်​ခဲ့​၏။ သို့​ဖြစ်​၍​ထို​အ​မှု အ​ရာ​များ​အ​တွက် ငါ​သည်​သင့်​ကို​ဒဏ်​ပေး ရ​၏။ သင်​သည်​အ​ကျင့်​ပျက်​ပြား​မှု​အ​ပြင် အ​ခြား​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​အ​မှု​များ ကို အ​ဘယ်​ကြောင့်​ထပ်​လောင်း​၍​ပြု​သ​နည်း'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။


မင်း​ကြီး​က``ငါ​သည်​ခု​နစ်​နှစ်​ကာ​လ​ကုန် ဆုံး​သွား​သော​အ​ခါ မိုး​ကောင်း​ကင်​သို့​မြော် ကြည့်​လိုက်​ရာ​လူ့​စိတ်​ပြန်​ရ​သ​ဖြင့် အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​အား​ထော​မ​နာ ပြု​၍ ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​၏​ဂုဏ်​တော်၊ ဘုန်း အ​သ​ရေ​တော်​ကို​ချီး​မွမ်း​ပါ​၏။ ``ကိုယ်​တော်​သည်​လော​က​ကို​ထာ​ဝ​စဉ် အုပ်​စိုး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည်​ကာ​လ အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။


အို အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ခါ​ခပ် သိမ်း​ဖြောင့်​မှန်​ရာ​ကို​ပြု​တော်​မူ​ပါ​၏။ သို့ ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။ ယု​ဒ​ပြည် ၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း ကောင်း နေ​ထိုင်​သူ​များ​နှင့်​ကိုယ်​တော်​အား သစ္စာ​ဖောက်​သ​ဖြင့် ရပ်​နီး​ရပ်​ဝေး​တိုင်း​ပြည် များ​သို့​နှင်​ထုတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လည်း​ကောင်း ဤ​နည်း​အ​တိုင်း​ပင်​မိ​မိ​တို့ ကိုယ်​ကို​အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ