ထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်တွင်အလွန်ထူထပ်သောအမှောင်ထု ဖုံးလွှမ်းစေရန် သင်၏လက်ကိုကောင်းကင်သို့ ဆန့်လော့'' ဟုမိန့်တော်မူ၏။-
ထွက်မြောက် 9:22 - Common Language Bible ထိုနောက်ထာဝရဘုရားကမောရှေအား ``အီဂျစ်ပြည်တစ်လျှောက်လုံးတွင်လူများ၊ တိရစ္ဆာန်များ၊ လယ်ကွင်းရှိအပင်များပေါ်သို့ မိုးရွာချစေရန်သင်၏လက်ကိုကောင်းကင် သို့မြှောက်လော့'' ဟုမိန့်တော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား က လည်း အိ ဂျစ် ပြည် တစ် ဝှမ်း လုံး၌ လူ သူ တိ ရ စ္ဆာန် တို့ အ ပေါ် သို့ လည်း ကောင်း၊ လယ် ပြင် ရှိ ကောက် ပင် ပဲ ပင် ဟူ သ မျှ တို့ အ ပေါ် သို့ လည်း ကောင်း မိုး သီး ကျ စေ ခြင်း ငှါ ကောင်း ကင် ထက် သို့ လက် ဆန့် လော့ ဟု မော ရှေ အား မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ လူတို့အပေါ်မှာလည်းကောင်း၊ တိရစ္ဆာန်တို့အပေါ်မှာလည်းကောင်း၊ လယ်ပြင်၌ရှိလေသမျှသောအပင်များအပေါ်မှာလည်းကောင်း၊ မိုးသီးရွာစေခြင်းငှာ၊ သင်၏လက်ကို မိုးကောင်းကင်သို့ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက မောရှေအား “အီဂျစ်ပြည်၌ရှိသော လူ၊ တိရစ္ဆာန်နှင့် လယ်ထဲမှအပင်ရှိသမျှတို့မှစ၍ အီဂျစ်ပြည်တစ်ပြည်လုံးအပေါ် မိုးသီးကျစေရန် သင်၏လက်ကို မိုးကောင်းကင်သို့ဆန့်လော့”ဟု မိန့်တော်မူ၏။ |
ထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်တွင်အလွန်ထူထပ်သောအမှောင်ထု ဖုံးလွှမ်းစေရန် သင်၏လက်ကိုကောင်းကင်သို့ ဆန့်လော့'' ဟုမိန့်တော်မူ၏။-
တစ်ဖန်ထာဝရဘုရားက မောရှေကိုမိန့်တော် မူသည်မှာ ``အာရုန်အား သင်သည်အီဂျစ်ပြည် တွင်ရှိသမျှသော မြစ်၊ ချောင်း၊ အင်း၊ အိုင်ရေ လှောင်ကန်တို့၏ရေပေါ်၌ တောင်ဝှေးကိုကိုင်၍ လက်ဆန့်လော့။ တစ်ပြည်လုံးတွင်သစ်သားခွက်၊ ကျောက်ခွက်တို့ပါမကျန်ရှိသမျှသောရေ တို့သည်သွေးဖြစ်လိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြေ ကြီးကိုသင်၏တောင်ဝှေးနှင့်ရိုက်လော့။ အီဂျစ် တစ်ပြည်လုံးတွင်မြေမှုန့်ရှိသမျှသည်တော ခြင်များဖြစ်လာလိမ့်မည်ဟုပြောလော့'' ဟူ ၍မောရှေအားမိန့်တော်မူ၏။-
တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြစ် များ၊ ချောင်းများ၊ အင်းအိုင်များပေါ်သို့သင်၏ တောင်ဝှေးကိုကိုင်၍လက်ကိုဆန့်သောအား ဖြင့်ဖားများတက်လာ၍ အီဂျစ်တစ်ပြည်လုံး တွင်ဖားများဖြင့်ပြည့်စေလော့'' ဟုမောရှေ အားမိန့်တော်မူ၏။-
အခြားသောသူများကမူထာဝရဘုရား ၏မိန့်တော်မူချက်ကိုပမာဏမပြုဘဲ မိမိ တို့၏ကျေးကျွန်နှင့်တိရစ္ဆာန်များကိုအမိုး အကာအောက်သို့မသွင်းဘဲနေကြ၏။
ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။
ကောင်းကင်မှပေါင်တစ်ရာမျှအလေးချိန်ရှိသော မိုးသီးကြီးများသည်လူတို့အပေါ်သို့ကျကုန် ၏။ လူတို့သည်ထိုဆိုးရွားလှသောမိုးသီးဘေး ဒဏ်ကြောင့်ဘုရားသခင်ကိုကျိန်ဆဲကြ၏။