ယေဇဗေလသည်ဧလိယအား``အကယ်၍ ငါသည်နက်ဖြန်ဤအချိန်ရောက်မှ ပရောဖက် တို့အားသင်ပြုခဲ့သည့်အတိုင်းသင့်အားမပြု ပါမူ ဘုရားတို့သည်ငါ့ကိုအဆုံးစီရင်ကြ ပါစေသော'' ဟုလူလွှတ်၍ပြောကြားစေ၏။-
ထွက်မြောက် 9:18 - Common Language Bible နက်ဖြန်နေ့ဤအချိန်တွင်အီဂျစ်ပြည်၌ တစ်ကြိမ်တစ်ခါမျှမရွာဘူးသောမိုးသီး မိုးကိုသည်းထန်စွာရွာသွန်းစေမည်။- Garrad Bible အိ ဂျစ် ပြည် တည် ထောင် စ ကာ လ မှ ယ ခု တိုင် အောင် မ ကျ စ ဘူး၊ အ လွန် သည်း စွာ သော မိုး သီး ကို နက် ဖြန် ဤ အ ချိန် ခန့် တွင် ပင် ငါ ကျ ရွာ စေ မည်။ Judson Bible ကြည့်ရှုလော့။ အဲဂုတ္တုပြည်တည်သည်ကာလမှစ၍ ယခုတိုင်အောင် မရွာဖူးသော အလွန်ကြီးစွာသော မိုးသီးရွာခြင်းကို နက်ဖြန်နေ့ဤအချိန်၌ ငါဖြစ်စေမည်။ မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်တည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်ခဲ့ဖူးသော မိုးသီးသည်းထန်စွာရွာကျခြင်းကို မနက်ဖြန် ဤအချိန်တွင် ငါဖြစ်စေမည်။ |
ယေဇဗေလသည်ဧလိယအား``အကယ်၍ ငါသည်နက်ဖြန်ဤအချိန်ရောက်မှ ပရောဖက် တို့အားသင်ပြုခဲ့သည့်အတိုင်းသင့်အားမပြု ပါမူ ဘုရားတို့သည်ငါ့ကိုအဆုံးစီရင်ကြ ပါစေသော'' ဟုလူလွှတ်၍ပြောကြားစေ၏။-
ယခုငါသည်သင်၏နန်းတော်နှင့်တကွမှူး မတ်တို့၏နေအိမ်များကိုရှာဖွေ၍ အဖိုး ထိုက်သည့်ပစ္စည်းမှန်သမျှကိုသိမ်းယူရန် တပ်မတော်အရာရှိတို့ကိုစေလွှတ်မည်။ သူ တို့သည်နက်ဖြန်ဤအချိန်ခန့်၌သင်ထံသို့ ရောက်ရှိလာကြလိမ့်မည်' ဟုမိန့်မှာလိုက် ပါ၏'' ဟု လျှောက်ထားကြ၏။
ဧလိရှဲက``ထာဝရဘုရားမိန့်တော်မူသော စကားကိုနားထောင်တော်မူပါ။ နက်ဖြန်ဤ အချိန်ရောက်သော် ရှမာရိမြို့စျေးထဲတွင် အကောင်းဆုံးဂျုံဆန်ဆယ်ပေါင် သို့မဟုတ် မုရောဆန်ပေါင်နှစ်ဆယ်ကိုငွေသားတစ်ကျပ် ဖြင့်ဝယ်ယူနိုင်လိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။
ဧလိရှဲက``နောက်တစ်နေ့ဤအချိန်ရောက် လျှင် ရှမာရိမြို့စျေးထဲတွင်အကောင်းဆုံး ဂျုံဆန်ဆယ်ပေါင် သို့မဟုတ်မုယောဆန်ပေါင် နှစ်ဆယ်ကိုငွေသားတစ်ကျပ်နှင့်ရောင်းချ ကြလိမ့်မည်'' ဟုမင်းကြီးအားလျှောက်ထား သောအခါ၊-
ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။
ကိုယ်တော်ရှင်၏မိုးသက်မုန်တိုင်းအားဖြင့် သူတို့အားလိုက်လံတိုက်ခိုက်တော်မူပါ။ ကိုယ်တော်ရှင်၏လေပြင်းအားဖြင့်သူတို့ကို ကြောက်လန့်စေတော်မူပါ။
ကျိုင်းကောင်တို့သည်အုပ်လိုက်ရောက်ရှိလာ ၍ တစ်ပြည်လုံးပေါ်သို့ရောက်လေ၏။ ထိုမျှ လောက်များပြားသောကျိုင်းကောင်အုပ်များ သည်ရှေးကာလကမပေါ်စဖူး၊ နောင် အခါ၌လည်းပေါ်မည်မဟုတ်။-
သင်၏နန်းအဆောင်များ၊ မှူးမတ်တို့၏အိမ် များ၊ ပြည်သူအပေါင်းတို့၏အိမ်များထဲသို့ ကျိုင်းကောင်အုပ်များဝင်ရောက်လိမ့်မည်။ အီဂျစ် နိုင်ငံသမိုင်းတစ်လျှောက်တွင် ဤမျှလောက် ဆိုးရွားသောကပ်မျိုးကိုလူတို့တစ်ခါမျှ မတွေ့ကြုံခဲ့ရသေး' ဟုဟေဗြဲအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော် မူ၏'' ဟုဆိုလေ၏။ ထိုနောက်မောရှေသည် ဘုရင်ထံမှထွက်သွားလေ၏။
ရှေးအခါ၌လည်းမကြုံစဖူး၊ နောင်အခါ၌ လည်းကြုံရမည်မဟုတ်သောဟစ်အော်မြည်တမ်း ခြင်းအသံကို အီဂျစ်တစ်ပြည်လုံးတွင်ကြားရ လိမ့်မည်။-
သို့သော်လည်းသင်သည်မောက်မာမြဲမောက်မာ လျက် ငါ၏လူမျိုးတော်ကိုသွားခွင့်မပြုဘဲ နေသေး၏။-
ကောင်းကင်မှပေါင်တစ်ရာမျှအလေးချိန်ရှိသော မိုးသီးကြီးများသည်လူတို့အပေါ်သို့ကျကုန် ၏။ လူတို့သည်ထိုဆိုးရွားလှသောမိုးသီးဘေး ဒဏ်ကြောင့်ဘုရားသခင်ကိုကျိန်ဆဲကြ၏။