ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။ ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။-
ထွက်မြောက် 8:4 - Common Language Bible ဖားတို့သည်သင်နှင့်သင်၏မှူးမတ်၊ ပြည်သူတို့ အပေါ်သို့ခုန်တက်ကြလိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။ Garrad Bible မင်း မှ စ သော ပြည် သူ ပြည် သား ကျေး ကျွန် သင်း ပင်း အ ပေါင်း တို့ အ ပေါ် သို့ လည်း ဖား များ တက် ကြ အံ့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟူ ၍ လည်း ကောင်း၊ Judson Bible သင်မှစ၍ သင်၏လူ၊ သင်၏ကျွန်ရှိသမျှတို့အပေါ်၌ တက်ကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူသည်အကြောင်းကို ကြားပြောလော့ဟု မောရှေအား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဖားများသည် သင်မှစ၍ သင့်ပြည်သူပြည်သားများနှင့် သင့်အမှုထမ်းအားလုံးတို့အပေါ်သို့တက်ကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။ |
ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။ ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။-
ကိုယ်တော်သည်ယင်းသို့ဖိစီးနှိပ်စက်သူများအား စက်ဆုပ်ရွံရှာ၍ လမ်းမရှိသည့်သဲကန္တာရတွင်လှည့်လည် သွားလာစေတော်မူ၏။
ယခုတစ်ကြိမ်ငါ၏အပြစ်ကိုလွှတ်၍ ဤကပ်ဆိုးကြီးကိုဖယ်ရှားပေးရန် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားထံဆု တောင်းပတ္ထနာပြုပါလော့'' ဟုဆိုလေ၏။-
ထာဝရဘုရားသည်မှက်ကောင်အုပ်ကြီးများ ကိုဘုရင်၏နန်းတော်၊ မှူးမတ်တို့၏အိမ်များ နှင့်အီဂျစ်တစ်ပြည်လုံးသို့စေလွှတ်တော်မူ ၏။ မှက်ကောင်များကြောင့်တိုင်းပြည်ပျက် ရလေ၏။
မြစ်ထဲတွင်ဖားများဖြင့်ပြည့်စေမည်။ ထိုဖား တို့သည်မြစ်ထဲမှသင်၏နန်းတော်၊ အိပ်ခန်း၊ အိပ်ရာ၊ သင်၏မှူးမတ်နှင့်ပြည်သားတို့၏အိမ် များ၊ သင်၏မီးဖိုနှင့်မုန့်နယ်ရာခွက်များသို့ တက်လာကြလိမ့်မည်။-
တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြစ် များ၊ ချောင်းများ၊ အင်းအိုင်များပေါ်သို့သင်၏ တောင်ဝှေးကိုကိုင်၍လက်ကိုဆန့်သောအား ဖြင့်ဖားများတက်လာ၍ အီဂျစ်တစ်ပြည်လုံး တွင်ဖားများဖြင့်ပြည့်စေလော့'' ဟုမောရှေ အားမိန့်တော်မူ၏။-
ငါတို့သည်မိုးသီးနှင့်မိုးကြိုးဒဏ်ကိုမခံ နိုင်တော့ပြီဖြစ်၍ ထာဝရဘုရားထံဆု တောင်းပေးပါလော့။ ငါသည်သင်တို့အား ချက်ခြင်းသွားခွင့်ပေးပါမည်'' ဟုဆိုလေ၏။
ဇောနမြို့သူမြို့သားတို့၏ခေါင်းဆောင်များ သည် အသိဉာဏ်တုံးသူများဖြစ်ပါသည် တကား၊ အီဂျစ်ပြည်၏အတိုင်ပင်ခံပညာ ကျော်တို့ကလည်း မိုက်မဲသောအကြံဉာဏ် ကိုပေးကြပါသည်တကား။ သူတို့သည် မိမိတို့ကိုယ်ကိုအဘယ်သို့လျှင် ရှေးဘုရင် များနှင့်ရှေးပညာရှင်တို့၏အဆက်အနွယ် များဖြစ်သည်ဟုမင်းကြီးအားလျှောက်ထား ဝံ့ကြပါသနည်း။-
ထာဝရဘုရားသည်အီဂျစ်အမျိုးသားတို့ အား အပြစ်ဒဏ်ခတ်တော်မူမည်ဖြစ်သော်လည်း သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပျောက်ကင်း စေတော်မူပေအံ့။ သူတို့သည်ထာဝရဘုရား ထံတော်သို့ပြောင်းလဲလာသဖြင့် သူတို့တောင်း လျှောက်သံကိုနားထောင်လျက် သူတို့ရောဂါ ကိုပျောက်ကင်းစေတော်မူမည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-