ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။ ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။-
ထွက်မြောက် 8:28 - Common Language Bible ဖာရောဘုရင်က``သင်တို့၏ဘုရားသခင် ထာဝရဘုရားအား တောကန္တာရ၌ယဇ်ပူ ဇော်ရန်ငါစေလွှတ်မည်။ သို့ရာတွင်ခရီး ဝေးမသွားရ။ ငါ့အတွက်ဆုတောင်းပေး ပါလော့'' ဟုဆိုလေ၏။ Garrad Bible ဖာ ရော မင်း က၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ တော တွင် ပူ ဇော် ရန် ငါ လွှတ် အံ့။ သို့ သော် လည်း ဝေး စွာ မ သွား ကြ ရ။ ငါ့ အ ဖို့ တောင်း ပန် လော့ ဟု မိန့် ဆို လေ ၏။ Judson Bible ဖာရောဘုရင်ကလည်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား၊ တော၌ ယဇ်ပူဇော်မည်အကြောင်း၊ သွားရသောအခွင့်ကိုငါပေးမည်။ သို့ရာတွင် ဝေးဝေးမသွားရကြ။ ငါ့အဖို့တောင်းပန်လော့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီးကလည်း “တောကန္တာရထဲ၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် သင်တို့ကို ငါလွှတ်ပေးမည်။ သို့ရာတွင် ဝေးဝေးမသွားရ။ ငါ့အတွက်လည်းဆုတောင်းပေးကြလော့”ဟု ဆိုလေ၏။ |
ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။ ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။-
ယခုတစ်ကြိမ်ငါ၏အပြစ်ကိုလွှတ်၍ ဤကပ်ဆိုးကြီးကိုဖယ်ရှားပေးရန် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားထံဆု တောင်းပတ္ထနာပြုပါလော့'' ဟုဆိုလေ၏။-
အီဂျစ်ဘုရင်သည်၊ အင်အားကြီးမားသော လက်တော်ဖြင့်တိုက်တွန်းခြင်းမပြုလျှင် သင် တို့အားသွားခွင့်ပြုမည်မဟုတ်ကြောင်းငါ သိ၏။-
ဘုရင်သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲခေါင်းမာလျက်နေလေ၏။
တိုင်းပြည်တွင်အခြေအနေကောင်းလာကြောင်း ကိုတွေ့မြင်ရသောအခါ၊ ဘုရင်သည်ထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းခေါင်းမာမြဲ ခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကား ကိုနားမထောင်ဘဲနေလေ၏။
မောရှေက``နက်ဖြန်နေ့တွင်ကိုယ်တော်နှင့် မှူးမတ်ပြည်သူတို့ထံမှ မှက်ကောင်များကို ဖယ်ရှားပေးရန်ယခုကိုယ်တော်ထံမှထွက် သွားလျှင်သွားချင်း ထာဝရဘုရားထံ၌ ဆုတောင်းပေးပါမည်။ ထာဝရဘုရားကို ယဇ်ပူဇော်ရန်ဣသရေလအမျိုးသားတို့ အား ယခုသွားခွင့်ပြုပြီးမှမသွားရဟု နောက်တစ်ဖန်မလှည့်စားမတားဆီးပါ နှင့်'' ဟုလျှောက်ထားလေ၏။
ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍ ``ငါနှင့်ငါ၏ပြည်သားတို့ထံမှ ဖားတို့ကိုဖယ်ရှားပေးရန်ထာဝရဘုရား ထံဆုတောင်းပါလော့။ သို့ပြုလျှင်သင်တို့၏ အမျိုးသားများ ထာဝရဘုရားကိုယဇ် ပူဇော်ရန်သွားခွင့်ကိုငါပြုမည်'' ဟုဆို၏။
ငါတို့သည်မိုးသီးနှင့်မိုးကြိုးဒဏ်ကိုမခံ နိုင်တော့ပြီဖြစ်၍ ထာဝရဘုရားထံဆု တောင်းပေးပါလော့။ ငါသည်သင်တို့အား ချက်ခြင်းသွားခွင့်ပေးပါမည်'' ဟုဆိုလေ၏။
ရှိသမျှသော အခြင်းအရာများကို မှတ်သား နှင့်ပြီ။ လူ၏အခြင်းအရာသက်သက်ဖြစ်သည်ကို သိရ၏။ လူသည် မိမိထက် တန်ခိုးကြီးသောသူနှင့် မပြိုင်နိုင်ရာ။
ငါ့အား``အကျွန်ုပ်တို့ပန်ကြားသည့်အမှု ကိုပြုပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့အကျွန်ုပ်တို့ အဖို့ဆုတောင်းပတ္ထနာပြုပါလော့။ ကျန်ရှိ နေသမျှသောအကျွန်ုပ်တို့အတွက်ဆု တောင်းပတ္ထနာပြုပါလော့။ အခါတစ်ပါး ကအကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များပါ၏။ သို့ရာတွင်ယခုအခါ၌ အရှင်သိရှိသည့်အတိုင်းအကျွန်ုပ်တို့ တွင်လူအနည်းငယ်သာကျန်ရှိပါတော့ သည်။-
သူတို့၏စိတ်နှလုံးသည်မစစ်မှန်သဖြင့် ယခုပင်အပြစ်ဒဏ်ခံရကြလိမ့်မည်။ ဘုရားသခင်သည်သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ ၍သူတို့ကိုးကွယ်ရာကျောက်တိုင်များကို ဖျက်ဆီးတော်မူမည်။
ရှိမုန်က``အရှင်တို့မြွက်ဆိုသည့်အမှုအရာ တစ်စုံတစ်ခုကိုမျှမခံရစေရန် သခင်ဘုရား ထံအကျွန်ုပ်၏အတွက်ဆုတောင်းပေးတော်မူ ကြပါ'' ဟုတောင်းပန်လေသည်။