အကျွန်ုပ်တို့သည်ဘုရားသခင်ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်း တောကန္တာရ သို့သုံးရက်ခရီးသွား၍ယဇ်ပူဇော်ရပါ မည်'' ဟုလျှောက်ဆို၏။
သို့ ဖြစ်၍ တော ထဲ သို့ သုံး ရက် ခ ရီး သွား ပြီး မှ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ အံ့ သည့် အ တိုင်း ပူ ဇော် ကြ ပါ မည် ဟု လျှောက် ဆို ရာ၊
သို့ဖြစ်၍ တော၌သုံးရက်ခရီးသွား၍ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယဇ်ပူဇော်ကြပါမည်ဟု လျှောက်ဆို၏။
အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သုံးရက်ခရီးအကွာအဝေးရှိသော တောကန္တာရသို့သွား၍ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ကြပါမည်”ဟု လျှောက်လေ၏။
ထို့ကြောင့်ကျွန်ုပ်တို့၏တိရစ္ဆာန်များကို တစ်ကောင် မကျန်ယူဆောင်သွားရပါမည်။ ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုရွေး၍ ထာဝရဘုရားအား ပူဇော်ရပါမည်။ သို့ရာတွင်ထိုအရပ်သို့ရောက် မှမည်သည့်အကောင်ကိုရွေး၍ ပူဇော်ရမည် ကိုသိနိုင်ပါမည်'' ဟုလျှောက်လေ၏။
ဘုရားသခင်က``ငါသည်သင်နှင့်အတူရှိ မည်။ ငါသည်သင့်အားစေလွှတ်ကြောင်းသက် သေအထောက်အထားမှာ၊ သင်သည်ထိုသူ တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသည့် အခါ သင်တို့အပေါင်းသည်ဤတောင်ပေါ် တွင်ငါဘုရားအားဝတ်ပြုကိုးကွယ်ရကြ မည်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
``သူတို့သည်သင့်စကားကိုနားထောင်ကြ မည်။ ထိုနောက်သင်သည်ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူ ဖာရောဘုရင် ထံသို့ဝင်၍ဘုရင်အား`အကျွန်ုပ်တို့သည် ဟေဗြဲအမျိုးသားတို့၏ထာဝရအရှင် ဘုရားသခင်နှင့်ဖူးတွေ့ခဲ့ရပါပြီ။ အကျွန်ုပ် တို့၏ထာဝရအရှင်ဘုရားသခင်အား ယဇ်ပူဇော်နိုင်ရန် တောကန္တာရသို့သုံးရက် ခရီးထွက်ခွင့်ပေးပါ' ဟုလျှောက်ထားလော့။-
ယနေ့သင့်အားငါပေးမည့်ပညတ်များကို စောင့်ထိန်းလော့။ ငါသည်သင်တို့ချီတက်ရာ လမ်းကြောင်းမှအာမောရိအမျိုးသား၊ ခါ နာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုနှင်ထုတ်မည်။-
ထိုနောက်မောရှေနှင့်အာရုန်တို့သည် ဖာရော ဘုရင်ထံသို့ဝင်ရောက်၍``ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား က`ဣသရေလအမျိုးသားတို့သည်တော ကန္တာရတွင်ဘုရားပွဲတော်ကျင်းပနိုင်ရန် သူတို့ကိုသွားခွင့်ပေးလော့' ဟုမိန့်တော်မူ ပါသည်'' ဟူ၍လျှောက်ထားကြ၏။
သူတို့က``ဟေဗြဲအမျိုးသားတို့၏ဘုရား ကို အကျွန်ုပ်တို့ဖူးတွေ့ခဲ့ရပြီ။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားအားယဇ် ပူဇော်နိုင်ရန် တောကန္တာရသို့သုံးရက်ခရီး သွားခွင့်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ထိုဝတ်ကိုမပြုရလျှင်ဘုရားသခင်သည် အကျွန်ုပ်တို့အားရောဂါဘေးသို့မဟုတ် ဋ္ဌားဘေးသင့်စေပါမည်'' ဟုလျှောက်ကြ၏။
အာရုန်၏သားများဖြစ်ကြသောနာဒပ်နှင့် အဘိဟုတို့သည် မိမိတို့တစ်ဦးစီနှင့်ဆိုင်ရာ မီးကျီးခံလင်ပန်းကိုယူ၍မီးသွေးမီးထည့် ပြီးလျှင် နံ့သာကိုဖြူးလျက်ထာဝရဘုရား အားပူဇော်ကြ၏။ သို့ရာတွင်ယင်းသို့ပူဇော် ရန်ထာဝရဘုရားကသူတို့အားအမိန့် မပေးသောကြောင့် ထိုမီးသည်သန့်ရှင်းသော မီးမဟုတ်၊-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။