ထွက်မြောက် 7:1 - Common Language Bible ထာဝရဘုရားကမောရှေအား``အီဂျစ်ဘုရင် ၏ရှေ့တွင်သင်သည်ဘုရားကဲ့သို့လည်းကောင်း၊ သင်၏အစ်ကိုအာရုန်သည်သင့်ကိုယ်စားပြော ဆိုရသောပရောဖက်ကဲ့သို့လည်းကောင်းငါ ဖြစ်စေမည်။- Garrad Bible ထာ ဝ ရ ဘု ရား က လည်း ကြည့် လော့၊ သင့် ကို ဖာ ရော မင်း၏ ဘု ရား အ ရာ ၌ ငါ ခန့် ထား ၍၊ သင့် အစ် ကို အာ ရုန် လည်း သင်၏ ပ ရော ဖက် ဖြစ် ရ လိမ့် မည်။ Judson Bible ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ သင့်ကို ဖာရောဘုရင်၏ ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကိုအာရုန်သည်၊ သင်၏ပရောဖက်ဖြစ်ရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားကလည်း မောရှေအား “ကြည့်ရှုလော့။ သင့်ကို ဖာရောမင်းကြီး၏ဘုရားကဲ့သို့ ငါဖြစ်စေပြီ။ သင်၏အစ်ကိုအာရုန်သည် သင်၏ပရောဖက်ဖြစ်မည်။ |
ဧလိယသည်သူငယ်ကိုအိမ်အောက်ထပ်သို့ ချီဆောင်သွားပြီးလျှင် မိခင်ဖြစ်သူအား``ကြည့် လော့။ သင်၏သားသည်အသက်ရှင်လျက်ရှိ ပါ၏'' ဟုဆို၏။
ဧလိရှဲအားဖမ်းဆီးရန်လူတစ်ယောက်ကို စေလွှတ်တော်မူ၏။ ဤအတောအတွင်း၌ဧလိရှဲသည်မိမိထံသို့ အလည်အပတ်လာသောအမျိုးသားအကြီး အကဲများနှင့်အတူ မိမိ၏အိမ်တွင်ရှိလေ သည်။ မင်းကြီး၏စေတမန်မရောက်လာမီ ဧလိရှဲက ထိုအကြီးအကဲတို့အား``လူသတ် သမားသည် ငါ့အားသတ်ရန်လူတစ်ယောက် ကိုစေလွှတ်လေပြီ။ သို့ဖြစ်၍ထိုသူရောက်လာ သောအခါတံခါးကိုပိတ်ထားကြလော့။ သူ့ အားအထဲသို့ဝင်ခွင့်မပြုကြနှင့်။ မင်းကြီး ကိုယ်တိုင်ပင်လျှင်သူ၏နောက်မှလိုက်လာ လိမ့်မည်'' ဟုပြော၏။-
အီဂျစ်ပြည်ဇောနလွင်ပြင်တွင်သူတို့၏ ဘိုးဘေးတို့၏မျက်မှောက်၌ ထာဝရဘုရားသည်ထူးဆန်းသည့်နိမိတ် လက္ခဏာများကိုပြတော်မူ၏။
သင်တို့သည်ဘုရားများဖြစ်ကြောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရား၏ သားများ ဖြစ်ကြောင်းကိုငါဖော်ပြခဲ့၏။
ငါထာဝရဘုရားသည်သင်တို့အားနားရက် ကိုပေးပြီ။ သို့ဖြစ်၍ဆဋ္ဌမနေ့တွင်နှစ်ရက် စာမုန့်ကိုသင်တို့အားငါပေးမည်။ သတ္တမနေ့ တွင်လူတိုင်းမိမိရှိရာအရပ်၌နေရမည်။ မည်သူမျှအိမ်မှမထွက်ခွာရ'' ဟုမိန့်တော် မူ၏။-
ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသော အမှုအရာ တစုံတခုရှိသလော။ ထိုအမှုအရာသည် ငါတို့အရင်၊ ရှေးကာလ၌ ဖြစ်ဘူးပြီ။
လူမျိုးတကာနှင့်နိုင်ငံတကာကိုဆွဲနုတ် ဖြိုချ၊ ဖျက်ဆီးဖြုတ်ချ၊ တည်ဆောက်စိုက်ပျိုး နိုင်သောအာဏာကိုယနေ့သင့်အားငါ ပေးပြီ'' ဟုမိန့်တော်မူ၏။
သူတို့အားကျွန်စေစားသောလူမျိုးအား ငါ ဒဏ်စီရင်တော်မူမည်။ ထိုနောက်သင်၏သား မြေးတို့သည်ထိုပြည်မှလွတ်မြောက်ကြပြီး လျှင် ဤအရပ်တွင်ငါ့အားကိုးကွယ်ဝတ်ပြု ကြလတ္တံ့' ဟူ၍မိန့်တော်မူ၏။-