ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။-
ထွက်မြောက် 6:5 - Common Language Bible ယခုငါသည်အီဂျစ်အမျိုးသားတို့ထံ၌ ကျွန်ခံရသောဣသရေလအမျိုးသားတို့၏ ညည်းညူသံကို ကြားရသဖြင့်ငါ၏ပဋိညာဉ် ကိုသတိရပြီ။- Garrad Bible အိ ဂျစ် လူ တို့ ကျွန် စေ စား သော ဣ သ ရေ လ အ မျိုး သား တို့ မြည် တမ်း သံ ကြား ရ သ ဖြင့် ထို ပ ဋိ ညာဉ် ကို ငါ သ တိ ရ ပြီ။ Judson Bible အဲဂုတ္တုလူတို့သည်အစေကျွန်ခံစေသော ဣသရေလအမျိုးသားတို့၏ ညည်းတွားမြည်တမ်းခြင်းအသံကို ငါကြားရပြီ။ ငါ့ပဋိညာဉ်ကိုလည်း ငါအောက်မေ့၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် အီဂျစ်လူမျိုးတို့၏ကျွန်ပြုခြင်းကိုခံနေရသော အစ္စရေးအမျိုးသားတို့၏ညည်းတွားမြည်တမ်းသံကိုလည်း ငါကြား၍ ငါ၏ပဋိညာဉ်ကို ငါအောက်မေ့၏။ |
ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။-
သက်ရှိသတ္တဝါအပေါင်းတို့ကိုနောက်တစ်ဖန်ရေလွှမ်းမိုးခြင်းဘေးဒဏ်ဖြင့် မသေကြေမပျက်စီးရဟုသင်တို့နှင့်တကွတိရစ္ဆာန်အပေါင်းတို့အားငါထားသောကတိကိုသတိရမည်။-
ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော်ကို ထာဝစဉ် ခိုင်မြဲစေတော်မူလိမ့်မည်။ ကတိတော်များကိုလူမျိုးဆက်တစ်ထောင် တိုင်အောင်တည်စေတော်မူလိမ့်မည်။
ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။-
ထာဝရဘုရားသခင်သည်သူတို့၏ညည်း ညူသံကိုကြားတော်မူ၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုထားသောပဋိညာဉ်ကို သတိရလျက်၊-
ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
ထိုအခါဖာရောဘုရင်က မောရှေနှင့်အာရုန် တို့အား``ဤသူတို့ကိုအဘယ်ကြောင့်အလုပ် ပျက်အောင်ပြုလိုကြသနည်း။ အလုပ်ခွင် သို့ပြန်ကြစေ။-
သူတို့ကိုကယ်တင်သူမှာကောင်းကင်တမန် မဟုတ်။ ထာဝရဘုရားကိုယ်တိုင်ဖြစ်တော် မူ၏။ ကိုယ်တော်သည်မေတ္တာကရုဏာတော် ရှိသည့်အတိုင်းသူတို့အားကယ်တင်တော် မူ၏။ အတိတ်ကာလ၌ကိုယ်တော်သည်သူ တို့အားအစဉ်အမြဲကြည့်ရှုစောင့်ရှောက် တော်မူခဲ့သော်လည်း၊-
ကိုယ်တော်သည်ငါတို့၏ဘိုးဘေးများအား ပေးခဲ့သည့်ကတိတော်နှင့်အညီ၊ မိမိ၏အစေခံဣသရေလကိုမစတော်မူပြီ။
ငါတို့၏ဘိုးဘေးများအပေါ်ဝယ်ကရုဏာ ထားတော်မူမည်ဖြစ်ကြောင်းနှင့်၊ ပဋိညာဉ်တော်ကိုသတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီ။