အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း ကောဟတ်၏သားမြေးစာရင်းမှာကောဟပ်၊ ဣဇဟာ(ခေါ်) အမိနဒပ်၊ ကောရ၊ အဿိရ၊-
ထွက်မြောက် 6:21 - Common Language Bible ဣဇဟာ၏သားတို့မှာကောရ၊ နေဖက်၊ ဇိခရိ တို့ဖြစ်၏။- Garrad Bible ဣ ဇ ဟာ သား များ ကား၊ ကော ရ၊ နေ ဖက်၊ ဇိ ခ ရိ တို့ တည်း။ Judson Bible ဣဇဟာသားကား၊ ကောရ၊ နေဖက်၊ ဇိခရိတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဣဇဟာ၏သားများမှာ ကောရ၊ နေဖက်၊ ဇိခရိ တို့ဖြစ်ကြ၏။ |
အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း ကောဟတ်၏သားမြေးစာရင်းမှာကောဟပ်၊ ဣဇဟာ(ခေါ်) အမိနဒပ်၊ ကောရ၊ အဿိရ၊-
တတိယတပ်မှူးကားဇိခရိ၏သားအာမသိ ဖြစ်၍စစ်သည်နှစ်သိန်းကိုအုပ်ချုပ်ရလေသည်။ (အာမသိသည်မိမိစေတနာအလျောက် ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင် သူဖြစ်သည်။-)
ကောရ၏သားသုံးယောက်တို့မှာအဿိရ၊ ဧလ ကာန၊ အဗျာသပ်တို့ဖြစ်ကြ၏။ ဤသူတို့သည် ကောရမှဆင်းသက်သောအဆက်အနွယ်များ ၏ဖခင်များဖြစ်ကြသည်။-
လေဝိအနွယ်ဝင်၊ ကောဟတ်၏သားချင်းစုမှ ဣဇဟာ၏သားကောရသည်မောရှေကိုပုန် ကန်လေ၏။ သူနှင့်ကြံရာပါများမှာရုဗင် အနွယ်ဝင်သုံးဦးတို့ဖြစ်ကြသည်။ ထိုသူ တို့မှာဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံ၊ ပေလက်၏သားသြန တို့ဖြစ်ကြသည်။ သူတို့ဘက်တွင်ဣသရေလ အမျိုးသားခေါင်းဆောင်နှစ်ရာ့ငါးဆယ် လည်းပါဝင်သည်။-
သူတို့နှင့်တကွသူတို့၏သားမယားများ၊ ကောရ၏နောက်လိုက်များနှင့်သူတို့ပိုင်ဆိုင် သမျှပစ္စည်းများကိုမြေမျိုလေ၏။-