သွားလေရာရာ၌သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို တာဝန်ပေးအပ်တော်မူလိမ့်မည်။
ထွက်မြောက် 6:13 - Common Language Bible ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့ အား``ဣသရေလအမျိုးသားတို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်ရန်သင်တို့အား ငါအမိန့် ပေးတော်မူကြောင်းဣသရေလအမျိုးသား တို့နှင့်အီဂျစ်ဘုရင်အားပြောကြားလော့'' ဟုမိန့်တော်မူ၏။ Garrad Bible ထို သို့ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး သား တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် စေ ရန် မော ရှေ နှင့် အာ ရုန် တို့ အား ဣသ ရေ လ အ မျိုး သား တို့ ထံ လည်း ကောင်း၊ အိ ဂျစ် ဘု ရင် ဖာ ရော မင်း ထံ လည်း ကောင်း၊ စေ ခိုင်း မိန့် မှာ တော် မူ ၏။ Judson Bible သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နုတ်ဆောင်ရမည်အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့လည်းကောင်း၊ အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းထံသို့လည်းကောင်း စေခိုင်းမှာထားတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ မောရှေနှင့်အာရုန်အား အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ရန် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည်ကို အစ္စရေးအမျိုးသားတို့နှင့် အီဂျစ်ဘုရင်ဖာရောမင်းကြီးတို့အား ပြောကြားစေ၏။ |
သွားလေရာရာ၌သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို တာဝန်ပေးအပ်တော်မူလိမ့်မည်။
ထိုအခါမောရှေက``ဣသရေလအမျိုးသား တို့ကပင်လျှင် အကျွန်ုပ်၏စကားကိုနားမ ထောင်ဘဲ စကားထစ်သူအကျွန်ုပ်၏စကား ကိုဘုရင်ကမည်သို့နားထောင်ပါမည်နည်း'' ဟုထာဝရဘုရားအားလျှောက်လေ၏။
ဣသရေလအမျိုးသား မိသားစုများ၏ အကြီးအကဲတို့ကိုဖော်ပြပေအံ့။ ယာကုပ် ၏သားဦးဖြစ်သူရုဗင်၏သားများမှာဟာ နုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတို့ဖြစ်ကြ၏။ ဤ သူတို့သည်မိမိတို့၏နာမည်များကိုခံယူ သောအဆက်အနွယ်များ၏ဖခင်များဖြစ် ကြ၏။-
ထာဝရဘုရားက``ဣသရေလအမျိုးသား တို့အား အီဂျစ်ပြည်မှထုတ်ဆောင်လော့'' ဟု စေခိုင်းတော်မူခြင်းခံရသူတို့သည်ကား အာရုန်နှင့်မောရှေတို့ဖြစ်သတည်း။-
ယဇ်ပုရောဟိတ်ဧလာဇာနှင့်လူအပေါင်းတို့ ရှေ့တွင် သူ့ကိုရပ်စေ၍သင့်ကိုဆက်ခံသူ အဖြစ်ကြေညာလော့။-
ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည်အတိုင်း ယောရှု၏ဦးခေါင်းပေါ် တွင်လက်ကိုတင်၍မိမိအားဆက်ခံသူ အဖြစ်ကြေညာလေ၏။
``ဘုရားသခင်သည်သင့်အားကာကွယ်စောင့် ရှောက်ရန်ကောင်းကင်တမန်တို့အား အမိန့်ပေးတော်မူမည်ဖြစ်ရာ၊သူတို့သည် သင်၏ခြေကိုကျောက်ခဲများနှင့်မထိမခိုက်မိ စေရန်၊ သင့်အားချီပင့်ကြလိမ့်မည်ဟုကျမ်းစာတော်တွင် ပါရှိပါ၏။ သို့ဖြစ်၍အရှင်သည်ထာဝရဘုရား၏ သားတော်မှန်လျှင်အောက်သို့ခုန်ချပါလော့'' ဟုလျှောက်၏။
ထို့နောက်ထာဝရဘုရားကမောရှေအား``သင် စုတေရသောအချိန်နီးလာပြီ။ ငါသည် ယောရှုအားညွှန်ကြားနိုင်ရန် သူ့ကိုပဋိညာဉ် တဲတော်သို့ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ မောရှေနှင့်ယောရှုတို့သည်တဲတော်သို့သွား ကြရာ၊-
ငါ့သားတိမောသေ၊ အခါတစ်ပါးကသင့်ကို ရည်စူး၍ပရောဖက်တို့ဟောကြားကြသည့် အတိုင်း ငါသည်ဤအလုပ်တာဝန်ကိုသင့်အား ပေးအပ်၏။ ကောင်းစွာတိုက်ခိုက်ရန်ထိုပရောဖက် တို့ဟောကြားခဲ့သည့်စကားများကိုလက်နက် သဖွယ်အသုံးပြုလော့။-
ဤညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့်ခရစ်တော်ယေရှု၏ရှေ့တော် ၌လည်းကောင်း၊ သန့်ရှင်းမြင့်မြတ်သောကောင်းကင် တမန်များရှေ့၌လည်းကောင်းသင့်အားငါသစ္စာ ပေး၏။ သင်သည်အဘယ်အခါ၌မျှကြိုတင် စီရင်ဆုံးဖြတ်မှုနှင့်ဘက်လိုက်မှုကိုမပြုနှင့်။-
အရာခပ်သိမ်းတို့ကိုအသက်ရှင်စေတော် မူသောဘုရားသခင်၏ရှေ့တော်မှောက်၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ရှေ့တွင်မိမိ ၏ယုံကြည်ချက်ကိုခိုင်မာစွာဖော်ပြတော် မူသော ခရစ်တော်ယေရှု၏ရှေ့တော်မှောက် ၌လည်းကောင်း သင့်အားဤအလုပ်တာဝန် ကိုဆောင်ရွက်ရန်ငါပညတ်၏။-
လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူတို့အား မာန်မာနမထားကြရန်သတိပေးလော့။ သူတို့သည်မတည်မြဲသည့်စည်းစိမ်ချမ်း သာကိုမမျှော်ကိုးဘဲ၊ ငါတို့ခံစားနိုင်စေ ရန်ခပ်သိမ်းသောအရာတို့ကိုရက်ရောစွာ ပေးတော်မူသောဘုရားသခင်အားမျှော် ကိုးရကြမည်။-
အလုပ်ဝတ္တရားထမ်းဆောင်နေဆဲဖြစ်သော စစ်သားသည်မိမိနှင့်မဆိုင်သည့်အရေး အခင်းများတွင်ပါဝင်မှုကိုရှောင်ရှားတတ်၏။ သူ၏တစ်ခုတည်းသောရည်ရွယ်ချက်မှာ မိမိတပ်မှူး၏ကျေနပ်မှုကိုရရှိရန်ပင် ဖြစ်ပေသည်။-
ဘုရားသခင်၏ရှေ့တော်မှောက်၌လည်းကောင်း သေသူရှင်သူတို့ကိုတရားစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်မှောက်၌လည်း ကောင်း ကိုယ်တော်သည်အုပ်စိုးရန်ဘုရင်အဖြစ် ကြွလာမည်ဖြစ်၍သင့်အားငါသစ္စာပေး၏။-