သူတို့သည်စည်းမျဉ်းသတ်မှတ်ချက်များရှိ သည့်အတိုင်း တဲနေပွဲကိုကျင်းပကြ၏။ နေ့ စဉ်ပူဇော်အပ်သည့်ယဇ်များကိုလည်းပူဇော် ကြ၏။-
ထွက်မြောက် 5:13 - Common Language Bible အုပ်ချုပ်သူတို့က``သင်တို့သည်ကောက်ရိုးရ စဉ်က နေ့စဉ်ဖုတ်ပြီးသမျှအုတ်အရေအတွက် နှုန်းအတိုင်း ယခုလည်းပြီးစီးစေရမည်'' ဟု ဆိုလျက်ဣသရေလအမျိုးသားတို့အား အသော့ခိုင်းလေ၏။- Garrad Bible အ အုပ် အ ချုပ် တို့ က လည်း ကောက် ရိုး ရ သည့် အ ခါ က နေ့ စဉ် လုပ် ခဲ့ သည့် အ တိုင်း ပြီး စီး ကြ စေ ဟု အ သော့ ခိုင်း ကြ ၏။ Judson Bible အုပ်ချုပ်သောသူတို့ကလည်း၊ ကောက်ရိုးကိုရသည်ကာလ၌ နေ့တိုင်းလုပ်ရသည်အတိုင်း၊ ပြီးအောင်လုပ်ကြဟု သူတို့ကိုနှိုးဆော်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အဓမ္မစေခိုင်းသူများကလည်း “သင်တို့၏အလုပ်ကို ကောက်ရိုးရရှိစဉ်ကအတိုင်း တစ်နေ့အလုပ်ကို တစ်နေ့အတွင်း ပြီးစီးစေကြလော့”ဟု ဖိအားပေးပြောဆိုလေ၏။ |
သူတို့သည်စည်းမျဉ်းသတ်မှတ်ချက်များရှိ သည့်အတိုင်း တဲနေပွဲကိုကျင်းပကြ၏။ နေ့ စဉ်ပူဇော်အပ်သည့်ယဇ်များကိုလည်းပူဇော် ကြ၏။-
မြို့၌ဖြစ်သောလူတို့၏ အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။
သို့ဖြစ်၍အီဂျစ်အမျိုးသားတို့သည်ဣသရေလအမျိုးသားတို့အပေါ်တွင် အုပ်ချုပ်ရေးအရာရှိချုပ်များကိုခန့်ထား၍ စိတ်ဋ္ဌာတ်ကိုချိုးနှိမ်ရန်အလုပ်ကြမ်းကိုအတင်းအကြပ်ခိုင်းကြ၏။ ဤနည်းအားဖြင့်ဖာရောဘုရင်၏ရိက္ခာသိုလှောင်ရာ ပိသုံမြို့နှင့်ရာမသက်မြို့တို့ကိုဣသရေလအမျိုးသားတို့အားတည်ဆောက်စေ၏။-
သင်တို့ကိုယ်တိုင်ကောက်ရိုးရနိုင်မည့်အရပ်မှ ကောက်ရိုးကိုရှာယူရမည်။ သို့ရာတွင်သင်တို့ ဖုတ်ရမည့်အုတ်အရေအတွက်မှာ ယခင်က ထက်မနည်းစေရ' ဟုမိန့်ကြားတော်မူသည်'' ဟူ၍ပြောလေ၏။-
ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည်အနှံ့အပြားသို့သွားရောက်၍ ကောက်ရိုးရှာရလေ၏။-
အီဂျစ်အမျိုးသားအုပ်ချုပ်သူတို့က ဣသ ရေလအမျိုးသားအလုပ်ကြပ်တို့ကိုရိုက် နှက်လျက်``ယနေ့သင်တို့သည်အဘယ်ကြောင့် ယခင်အုတ်အရေအတွက်နှုန်းကိုမီအောင် မထုတ်နိုင်သနည်း'' ဟုမေးကြ၏။
ထိုနေ့၌ပင်ဖာရောဘုရင်သည် အီဂျစ်အမျိုး သားအုပ်ချုပ်သူ၊ ဣသရေလအမျိုးသား အလုပ်ကြပ်တို့အား၊-