ဣသရေလအမျိုးသားတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှ ယနေ့တိုင်အောင်ငါသည် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မမူခဲ့။ တဲတော် ၌သာကျိန်းဝပ်လျက်ဒေသစာရီလှည့်လည် တော်မူခဲ့၏။-
ထွက်မြောက် 40:38 - Common Language Bible ဣသရေလအမျိုးသားတို့သည်လှည့်လည်၍ ခရီးသွားရာလမ်းတစ်လျှောက်လုံးတွင်တဲ တော်ပေါ်၌နေ့အခါထာဝရဘုရား၏မိုး တိမ်တိုက်လွှမ်းလျက်ရှိသည်ကိုလည်းကောင်း၊ ညအခါမီးတောက်လျက်ရှိသည်ကိုလည်း ကောင်းတွေ့မြင်ရကြသတည်း။ ရှင်မောရှေစီရင်ရေးထားသောထွက်မြောက်ရာ ကျမ်းပြီး၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ခ ရီး သွား လေ ရာ ရာ တွင် သူ တို့ မျက် မှောက်၌ ထာ ဝ ရ ဘု ရား၏ တိမ် တိုက် သည် နေ့ အ ခါ စံ ရာ တော် အ ပေါ် မှာ တည် လျက် ညဉ့် အ ခါ မီး လျှံ ထွက် လျက် နေ သ တည်း။ Judson Bible ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏မိုးတိမ်သည် နေ့အခါတဲတော်အပေါ်မှာ တည်နေ၏။ ညအခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ခရီးလမ်းတစ်လျှောက်လုံးတွင် ထာဝရဘုရား၏မိုးတိမ်သည် နေ့အချိန်တွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ရှိ၍ ညအချိန်တွင် မိုးတိမ်ထဲ၌ မီးလင်းနေသည်ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်ရ၏။ |
ဣသရေလအမျိုးသားတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှ ယနေ့တိုင်အောင်ငါသည် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မမူခဲ့။ တဲတော် ၌သာကျိန်းဝပ်လျက်ဒေသစာရီလှည့်လည် တော်မူခဲ့၏။-
ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍ ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။
နေ့အချိန်၌ကိုယ်တော်သည်မိုးတိမ်တိုက် အားဖြင့်လည်းကောင်း၊ တစ်ညပတ်လုံးမီးအလင်းရောင် အားဖြင့်လည်းကောင်းသူတို့အားလမ်းပြ ပို့ဆောင်တော်မူ၏။
နေ့နှင့်ညအချိန်တွင်သူတို့အားလမ်းပြရန် ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ် တိုင်အဖြစ်ဖြင့်လည်းကောင်း၊ ညအချိန်၌ အလင်းရောင်ပေးရန်မီးတိုင်အဖြစ်ဖြင့် လည်းကောင်း သူတို့၏ရှေ့ကကြွတော်မူ၏။-
နေ့အချိန်၌မိုးတိမ်တိုင်၊ ညအချိန်၌မီး တိုင်သည်သူတို့ရှေ့ကအစဉ်မပြတ်သွား လေ၏။
သူတို့စခန်းမှထွက်ခွာလာသည့်အခါတိုင်း ထာဝရဘုရား၏မိုးတိမ်သည်နေ့အချိန် တွင်သူတို့၏အပေါ်မှလိုက်ပါလျက်ရှိ၏။
နောက်တစ်နေ့နံနက်သို့တိုင်အောင်အစားအစာကိုမကျန်ကြွင်းစေရ။ သိုးကောင်၏အရိုးကိုမကျိုးစေရ။ ပြဋ္ဌာန်းချက်များအတိုင်းပသခါပွဲခံရမည်။-
ထာဝရဘုရားစံတော်မူရာတဲတော်ကိုထူသောနေ့တွင် မိုးတိမ်သက်ဆင်းလာ၍တဲတော်ကိုဖုံးလွှမ်းလေသည်။ ညအချိန်တွင်မိုးတိမ်သည်မီးလျှံကဲ့သို့တောက်ပလျက်ရှိ၏။-