ထွက်မြောက် 40:33 - Common Language Bible ထိုနောက်သူသည်တဲတော်နှင့်ယဇ်ပလ္လင်ပတ် လည်တွင်ဝင်းကာ၍ ဝင်းတံခါးဝ၌ကန့်လန့် ကာကိုတပ်ဆင်လေ၏။ သို့ဖြစ်၍မောရှေသည် လုပ်ငန်းရှိသမျှကိုလုပ်ဆောင်ပြီးစီးလေ သည်။ Garrad Bible စံ ရာ တော် နှင့် ပူ ဇော် ရာ ပ လ္လင် တော် ပတ် လည်၌ တံ တိုင်း ကို စိုက် ထူ လျက် တံ တိုင်း တံ ခါး ဖြစ် ရန် ကန့် လန့် ကာ ကို ထား ၍ မော ရှေ သည် အ လုပ် အ ဆောင် ကို လက် စ သတ် လေ ၏။ Judson Bible တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကိုထူ၍၊ ဝင်းတံခါးဝ၌ကာသော ကုလားကာကိုဆွဲလေ၏။ ထိုသို့ မောရှေသည် အလုပ်ကိုပြီးစီးစေသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ပတ်ပတ်လည်ကို ဝင်းကာ၍ ဝင်းအဝင်ဝကို လိုက်ကာတပ်၏။ ဤသို့ဖြင့် မောရှေသည် အလုပ်ကို ပြီးစီးစေ၏။ |
ဗိမာန်တော်ကိုတည်ဆောက်ပြီးသောအခါ ရှောလမုန်သည် သစ်ကတိုးသားထုပ်များ ပျဉ်များဖြင့်မျက်နှာကျက်ကိုတပ်ဆင် တော်မူ၏။-
နောက်ဆုံး၌ထာဝရဘုရားစံတော်မူရာ တဲတော်ဆိုင်ရာလုပ်ငန်းအားလုံးပြီးစီး လေ၏။ ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလ အမျိုးသားတို့သည်ဆောင်ရွက်ကြ၏။-
ကိုယ်တော်က၊``ဇေရုဗဗေလသည်ဗိမာန် တော်အုတ်မြစ်ကိုချထားပြီးလေပြီ။ သူ သည်ထိုအဆောက်အဦးကိုလက်စသတ် ရပေလိမ့်မည်။ ယင်းသို့လက်စသတ်သော အခါ၌ငါ၏လူမျိုးတော်သည် မိမိတို့ ထံသို့သင့်ကိုစေလွှတ်ခဲ့သူမှာ အနန္တတန်ခိုး ရှင်ငါထာဝရဘုရားပင်ဖြစ်ကြောင်းသိရှိ ကြလိမ့်မည်။-
စစ်မှုထမ်းစေမည့်အစားကောက်ယူရာတွင်လေဝိအနွယ်ဝင်တို့ကို ငါစံတော်မူရာတဲတော်နှင့်တဲတော်ပစ္စည်းများကိုထိန်းသိမ်းစေလော့။ သူတို့သည်တဲတော်နှင့်တဲတော်ပစ္စည်းများကိုသယ်ဆောင်ရမည်။ သူတို့သည်တဲတော်တွင်အမှုတော်ကိုထမ်း၍တဲတော်ပတ်လည်တွင်စခန်းချနေထိုင်ရမည်။-
ယင်းသို့ပြောဆိုနေသည်ကိုသခင်ယေရှုသိတော် မူသဖြင့် ``သင်တို့သည်အစားအစာမပါသည် ကိုအဘယ်ကြောင့်ဆွေးနွေးနေကြသနည်း။-
ငါသည်တံခါးပေါက်ဖြစ်၏။ ထိုတံခါးပေါက် ဖြင့်ဝင်သူသည် ဘေးနှင့်ကင်းလွတ်၍ဝင်ထွက် သွားလာလျက်ကျက်စားရာကိုတွေ့ရလိမ့်မည်။-
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
ဤလောကတွင်အကျွန်ုပ်သည်ကိုယ်တော်၏ ဘုန်းအသရေကိုထွန်းတောက်စေပါပြီ။ ကိုယ် တော်အကျွန်ုပ်အားပေးအပ်တော်မူသောအမှု တော်ကိုအပြီးတိုင်ဆောင်ရွက်ပြီးပါပြီ။-
ကိုယ်တော်က ``ငါ၏အစားအစာကားငါ့ကို စေလွှတ်တော်မူသောအရှင်၏အလိုတော်ကို လိုက်နာ၍ ထိုအရှင်ပေးအပ်သည့်အမှုတော် ကိုပြီးစီးအောင်ဆောင်ရွက်ခြင်းပင်ဖြစ်၏။-
ခရစ်တော်သည်အင်္ဂါအစိတ်အပိုင်းများရှိ သည့်ကိုယ်ခန္ဓာနှင့်တူ၏။ ကိုယ်ခန္ဓာသည်အင်္ဂါ အစိတ်အပိုင်းများရှိသော်လည်းတစ်ကိုယ် တည်းသာဖြစ်၏။-
ဘုရားသခင်သည်ပထမအနေဖြင့်တမန် တော်များ၊ ဒုတိယအနေဖြင့်ပရောဖက်များ၊ တတိယအနေဖြင့်ဆရာများကိုလည်း ကောင်း၊ ထိုနောက်နိမိတ်လက္ခဏာပြသူများ၊ အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးကိုရရှိသူများ၊ သူတစ်ပါး တို့ကိုကူညီသူများ၊ ရှေ့ဆောင်လမ်းပြ နိုင်စွမ်းရှိသူများ၊ ထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုပြောနိုင်သူများကို လည်းကောင်းအသင်းတော်တွင်ခန့်ထား တော်မူ၏။-
လူမျိုးခြားများနှင့်ယုဒအမျိုးသားများ ဖြစ်သည့်ငါတို့သည် ခရစ်တော်အားဖြင့်တစ် ပါးတည်းသောဝိညာဉ်တော်ကိုအမှီပြုလျက် ခမည်းတော်၏ရှေ့တော်သို့ဝင်ရောက်ခွင့်ရရှိ ကြပေသည်။
ငါသည်ပြေးပွဲတွင်အစွမ်းကုန်ကြိုးစားခဲ့ပြီ။ တာအဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်း တရားကိုစောင့်ထိန်းခဲ့ပြီ။-