နံ့သာပေါင်းမီးရှို့ရာရွှေပလ္လင်ကို၊ ပညတ် တော်ဆယ်ပါးပါရှိသော ပဋိညာဉ်သေတ္တာရှေ့ တွင်ထား၍၊ တဲတော်တံခါးဝတွင်ကန့်လန့် ကာကိုတပ်ဆင်လော့။-
ထွက်မြောက် 40:26 - Common Language Bible ရွှေပလ္လင်ကိုလည်းထာဝရဘုရားစံတော်မူ ရာတဲတော်အတွင်း၊ ကန့်လန့်ကာအရှေ့တွင် နေရာချထား၏။- Garrad Bible မော ရှေ သည်၊ ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ပူ ဇော် ရာ ရွှေ ပ လ္လင် တော် ကို တွေ့ ဆုံ ရာ တဲ တော် အ တွင်း ကန့် လန့် ကာ့ ပြင် မှာ ထား ပြီး လျှင် ၎င်း အ ပေါ် တွင် နံ့ သာ ပေါင်း အ သင်း အ ထုံ ကို တင် ရှို့ လေ ၏။ Judson Bible ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ရွှေပလ္လင်ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ကုလားကာပြင်မှာထား၍၊ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ရွှေယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကန့်လန့်ကာရှေ့၌ထား၍ |
နံ့သာပေါင်းမီးရှို့ရာရွှေပလ္လင်ကို၊ ပညတ် တော်ဆယ်ပါးပါရှိသော ပဋိညာဉ်သေတ္တာရှေ့ တွင်ထား၍၊ တဲတော်တံခါးဝတွင်ကန့်လန့် ကာကိုတပ်ဆင်လော့။-
သူ၏လက်ချောင်းကိုသွေးထဲ၌နှစ်၍သွေးကို ကန့်လန့်ကာတော်ရှေ့တွင်ခုနစ်ကြိမ်ဖျန်းရ မည်။-
သင်တို့၏မျက်စိသည်ကန်းလှသည်တကား။ အဘယ်အရာကပို၍အရေးကြီးပါသနည်း။ ပူဇော်သကာလော။ သို့မဟုတ်ပူဇော်သကာကို မြင့်မြတ်သန့်ရှင်းစေသည့်ယဇ်ပလ္လင်လော။-
ကိုယ်တော်ရှင်သည်အစဉ်အမြဲအကျွန်ုပ် ၏ပတ္ထနာကိုနားညောင်းတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ရာတွင်အကျွန်ုပ်အား ကိုယ်တော်ရှင်စေလွှတ်တော်မူကြောင်းကို ဤ လူအပေါင်းတို့ယုံကြည်ကြစေရန် သူတို့၏ အကျိုးကိုထောက်၍အကျွန်ုပ်ဤသို့လျှောက် ပါ၏'' ဟုမြွက်ဆိုတော်မူ၏။-
ယုဒပညတ်တရားသည်စစ်မှန်သည့်အရာ များ၏ တိကျမှန်ကန်သောပုံတူမဟုတ်ပေ။ သက်ရောက်လတ္တံ့သောကောင်းကျိုးချမ်းသာများ ၏အရိပ်အရောင်မျှကိုသာဖော်ပြပေသည်။ ပညတ်တရားအရနှစ်စဉ်နှစ်တိုင်းယဇ်ကို ပူဇော်ကြရ၏။ သို့ဖြစ်၍ပညတ်တရားသည် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သူတို့အား အဘယ်သို့လျှင်ပြည့်ဝစုံလင်သူများဖြစ် လာစေနိုင်ပါမည်နည်း။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။
ငါ၏သားသမီးတို့၊ သင်တို့သည်အပြစ် မကူးကြစေရန်ဤစာကိုငါရေးလိုက်၏။ သို့ရာတွင်အကယ်၍တစ်စုံတစ်ယောက်သော သူသည်အပြစ်ကူးမိပါမူ ခမည်းတော် ထံတွင်ငါတို့အတွက်အသနားခံသည့်ဖြောင့် မတ်တော်မူသောအရှင်ယေရှုခရစ်ရှိပေ သည်။-