ထွက်မြောက် 4:22 - Common Language Bible ထိုအခါ၌သင်သည်ဖာရောဘုရင်အား`ထာ ဝရဘုရားကဣသရေလအမျိုးသားတို့ သည်ငါ၏သားဦးဖြစ်၏။- Garrad Bible ဖာ ရော မင်း အား လည်း ဣ သ ရေ လ သည် ငါ့ သား ဖြစ် ၏။ ငါ့ သား ဦး ပင် တည်း။ Judson Bible ဖာရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည်ငါ့သားဖြစ်၏။ ငါ့သားဦးဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သင်သည် ဖာရောမင်းကြီးအား ‘ထာဝရဘုရားက အစ္စရေးလူမျိုးသည် ငါ့သား၊ ငါ၏သားဦးဖြစ်၏။ |
``အီဂျစ်ဘုရင်ထံသို့ဝင်၍သူ၏တိုင်းပြည် မှ ဣသရေလအမျိုးသားတို့အားထွက်ခွင့် ပြုစေရန်ပြောလော့'' ဟုမိန့်တော်မူ၏။
ဘုရင်အား`ဟေဗြဲအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက မိမိ၏လူမျိုးတော် သည်တောကန္တာရတွင်မိမိအားဝတ်ပြုနိုင်ရန် သွားခွင့်ပေးရန် ကျွန်ုပ်ကိုပြောခိုင်းသည်။ သို့ရာ တွင်ကိုယ်တော်သည်ယခုတိုင်အောင်အမိန့် တော်ကိုမလိုက်နာပါ။-
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏အဖ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဘိုးဘေး များဖြစ်သောအာဗြဟံနှင့်ယာကုပ်တို့ပင် လျှင် ကျွန်တော်မျိုးတို့အားအသိအမှတ်မ ပြုနိုင်ကြပါ။ သို့ရာတွင်ထာဝရဘုရား သည် ကျွန်တော်မျိုးတို့၏အဖဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားရှေးကာလ ထဲက အစဉ်အမြဲကယ်ဆယ်တော်မူခဲ့ သူမှာကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။-
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးတို့၏ဖခင်ဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့သည်ရွှံ့စေးနှင့်တူ၍ ကိုယ်တော်ရှင်မူကားအိုးထိန်းသည်နှင့်တူ ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ အားဖန်ဆင်းတော်မူခဲ့သည့်အရှင်ဖြစ် သဖြင့်၊-
``ဣသရေလသည်ကျွန်မဟုတ်။ ကျွန်သားပေါက်လည်းမဟုတ်။ သို့ပါလျက်၊ရန်သူများသည်အဘယ် ကြောင့် သူ့အားလိုက်လံဖမ်းဆီးကြသနည်း။
သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ် ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊ သူတို့ခြေချော်၍မလဲစေရန် လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''
ထာဝရဘုရားက၊ ``ဣသရေလငယ်စဉ်ကငါသည်သူ့ကိုချစ်၍၊ ငါသည်သူ့ကိုသားအဖြစ်နှင့်အီဂျစ်ပြည်မှ ခေါ်ဆောင်ခဲ့၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယဇ် ပုရောဟိတ်တို့အား``သားသည်ဖခင်အား လည်းကောင်း၊ အစေခံသည်သခင်အားလည်း ကောင်းရိုသေလေးစား၏။ ငါသည်သင်တို့၏ ဖခင်ဖြစ်ပေသည်။ အဘယ်ကြောင့်သင်တို့ ငါ့အားမရိုသေကြပါသနည်း။ ငါသည် သင်တို့၏သခင်ဖြစ်ပေသည်။ အဘယ်ကြောင့် သင်တို့ငါ့အားမလေးစားကြပါသနည်း။ သင်တို့သည် ငါ့အားမထီမဲ့မြင်ပြုပြီး လျှင်``ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ အဘယ်သို့မထီမဲ့မြင်ပြုမိကြပါသ နည်း'' ဟုမေးလျှောက်ကြ၏။-
ဤအမှုအရာကား ``ငါ့သားကိုအီဂျစ်ပြည်မှ ခေါ်ခဲ့၏'' ဟူ၍ပရောဖက်အားဖြင့်မိန့်ကြားတော် မူသောထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်ခြင်းပင်ဖြစ်သတည်း။
သူတို့သည်ကားဘုရားသခင်၏လူစုတော် ဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့အား သားများအဖြစ်ဖြင့်ချီးမြှောက်တော်မူ၍ မိမိ၏ဘုန်းအသရေတော်ကိုဖူးမြင်ခွင့် ပေးတော်မူ၏။ ကိုယ်တော်သည်သူတို့နှင့် ပဋိညာဉ်များပြုတော်မူ၏။ သူတို့အား ပညတ်တရားကိုပေးအပ်တော်မူ၏။ သူ တို့သည်မှန်ကန်သောဝတ်ပြုကိုးကွယ်နည်း နှင့်ကတိတော်များကိုခံယူရရှိ၏။-
ငါသည်သင်တို့၏အဖဖြစ်မည်။ သင်တို့သည် လည်းငါ၏သားသမီးများဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏'' ဟုမြွက်ဆိုတော်မူ၏။
``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။-
မိုက်မဲ၍အသိတရားကင်းမဲ့သောလူမျိုး၊ ထာဝရဘုရားကို ဤကဲ့သို့ကျေးဇူးဆပ်သင့်သလော။ ကိုယ်တော်သည်သင်တို့ကိုဖန်ဆင်းသောအရှင်၊ သင်တို့၏အဖဖြစ်တော်မူ၏။ သင်တို့အားလူမျိုးတစ်မျိုးအဖြစ် ပေါ်ထွန်းစေတော်မူ၏။
သင်တို့သည်ကောင်းကင်ဘုံစာရင်းဝင်သား ဦးများပျော်ရွှင်စွာစုဝေးရာသို့ရောက်ရှိ နေကြ၏။ သင်တို့သည်လူအပေါင်းတို့ကို တရားစီရင်တော်မူသောအရှင်ဘုရား သခင်၏ထံတော်သို့လည်းကောင်း၊ အြုပစ် ဆိုဖွယ်မရှိသောသူတော်ကောင်းတို့၏ ဝိညာဉ်များထံသို့လည်းကောင်းရောက်ရှိ နေကြ၏။-
ကိုယ်တော်သည်ဖန်ဆင်းတော်မူသောသတ္တဝါ များတွင်အဦးဆုံးနေရာ၌ရှိကြစေရန် သမ္မာ တရားတော်အားဖြင့်မိမိ၏အလိုတော်နှင့် အညီငါတို့အားဖြစ်ပွားစေတော်မူ၏။