ယေရမိ 2:14 - Common Language Bible14 ``ဣသရေလသည်ကျွန်မဟုတ်။ ကျွန်သားပေါက်လည်းမဟုတ်။ သို့ပါလျက်၊ရန်သူများသည်အဘယ် ကြောင့် သူ့အားလိုက်လံဖမ်းဆီးကြသနည်း။ အခန်းကိုကြည့်ပါ။Garrad Bible14 ဣ သ ရေ လ လူ မျိုး သည် ကျွန် ဖြစ် သ လော။ သား ပေါက် ဖြစ် သ လော။ အ ဘယ့် ကြောင့် သုံ့ ပန်း ခံ ရ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible14 ဣသရေလသည် ကျွန်ဖြစ်သလော။ ကျွန်သားပေါက် ဖြစ်သလော။ အဘယ်ကြောင့် လုယူခြင်းကို ခံရသနည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 အစ္စရေးလူမျိုးသည် ကျွန်ဖြစ်သလော၊ ကျွန်သပေါက်ဖြစ်သလော။ အဘယ်ကြောင့် လုယူဖျက်ဆီးခြင်းခံရသနည်း။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက၊ ``ဇနီးသည်ကိုကွာရှင်းပစ် လိုက်သည့် ယောကျာ်းကဲ့သို့၊ ငါသည်မိမိ၏လူမျိုးတော်အားနှင်ထုတ်လိုက် သည်ဟု သင်တို့ထင်မှတ်ကြပါသလော။ ယင်းသို့နှင်ထုတ်လိုက်ပါမူဖြတ်စာများကား အဘယ်မှာရှိပါသနည်း။ မိမိ၏သားသမီးများကိုကျွန်အဖြစ် ရောင်းစားသူကဲ့သို့၊ငါသည်သင်တို့အား သုံ့ပန်းအဖြစ်ဖြင့်ရောင်းချလိုက်သည်ဟုသင်တို့ ထင်မှတ်ကြပါသလော။ သင်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြ သည်မှာ သင်တို့၏အပြစ်များကြောင့်ဖြစ်ပေသည်။ သင်တို့သည်မိမိတို့ကူးလွန်ကြသည့် ရာဇဝတ်မှုများကြောင့်အနှင်ခံရကြခြင်း ဖြစ်၏။
ယေရမိ၊ ထိုသူတို့သည်သင့်အား`အဘယ်ကြောင့်ထာဝရဘုရားသည်ဤအမှုတို့ကိုပြုတော်မူပါသနည်း' ဟုမေးကြလိမ့်မည်။ ထိုအခါသူတို့အား`သင်တို့သည်ထာဝရဘုရားအားစွန့်ပစ်ကာ မိမိတို့ပြည်၌ပင်လူမျိုးခြားဘုရားများ၏အစေကိုခံခဲ့ကြ၏။ သို့ဖြစ်၍တိုင်းတစ်ပါးတွင်လူမျိုးခြားတို့၏အစေကိုသင်တို့ခံရကြလိမ့်မည်' ဟုပြန်လည်ဖြေကြားလော့'' ဟုမိန့်တော်မူ၏။