ထိုနောက်ဘုရင်၏ထံတော်သို့သွား၍ငါပြော သည့်အတိုင်းလျှောက်ထားလော့'' ဟုဆိုပြီး နောက်မင်းကြီးအားမည်သို့လျှောက်ထားရ မည်ကိုသင်ကြားပေး၏။
ထွက်မြောက် 4:15 - Common Language Bible သင်ပြောရမည့်စကားကိုသူ့အားပြောပြ လော့။ ငါသည်သင်တို့နှစ်ဦးမည်သို့ပြောဆို ပြုလုပ်ရမည်ကိုသွန်သင်မည်။- Garrad Bible သူ သည် မု ချ ပြန် ပြော မည် ကို ငါ သိ၏။ သင့် ကို ကြို ဆို ရန် သူ ထွက် လာ ပြီ။ တွေ့ မြင် သော အ ခါ စိတ် နှ လုံး ရွှင် လိမ့် မည်။ သင် သည် သူ့ ကို နှုတ် ထည့် စ ကား ပြော၍ သင့် နှုတ် ၌ လည်း ကောင်း၊ သူ့ နှုတ် ၌ လည်း ကောင်း၊ ငါ တည် နေ လျက် မည် သို့ ပြု ကြ ရ မည် ကို လည်း သွန် သင် အံ့။ Judson Bible သင်သည်သူနှင့်စကားပြော၍၊ သူပြောစရာစကားကိုပေးရမည်။ သင်၏နှုတ်၌လည်းကောင်း၊ သူ၏နှုတ်၌လည်းကောင်းငါရှိ၍၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် သူနှင့်စကားပြော၍ သူ့နှုတ်ထဲသို့ စကားများကိုထည့်ရမည်။ သင်၏နှုတ်နှင့်လည်းကောင်း၊ သူ၏နှုတ်နှင့်လည်းကောင်း ငါအတူရှိမည်။ သင်တို့ပြုရမည့်အရာကို သင်တို့အား ငါသွန်သင်မည်။ |
ထိုနောက်ဘုရင်၏ထံတော်သို့သွား၍ငါပြော သည့်အတိုင်းလျှောက်ထားလော့'' ဟုဆိုပြီး နောက်မင်းကြီးအားမည်သို့လျှောက်ထားရ မည်ကိုသင်ကြားပေး၏။
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသောသူ တို့သည် မိမိတို့လျှောက်အပ်သည့်လမ်းစဉ်ကို ကိုယ်တော်၏ထံမှသင်ယူကြလိမ့်မည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏နှုတ်ကိုဖွင့်တော်မူပါ။ ဂုဏ်တော်ကိုချီးမွမ်းပါမည်။
ဘုရားသခင်က``ငါသည်သင်နှင့်အတူရှိ မည်။ ငါသည်သင့်အားစေလွှတ်ကြောင်းသက် သေအထောက်အထားမှာ၊ သင်သည်ထိုသူ တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသည့် အခါ သင်တို့အပေါင်းသည်ဤတောင်ပေါ် တွင်ငါဘုရားအားဝတ်ပြုကိုးကွယ်ရကြ မည်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
သင်ယခုသွားလော့။ သင့်အားနှုတ်သတ္တိကို ငါပေးမည်။ သင်မည်ကဲ့သို့ပြောရမည်ကို ငါသွန်သင်မည်'' ဟုမိန့်တော်မူ၏။
မောရှေသည်မိမိအားစေလွှတ်သောထာဝရ ဘုရားမိန့်မှာသမျှတို့နှင့် ပြုလုပ်ရမည့် အံ့သြဖွယ်သောအမှုတို့ကိုအာရုန်အား ပြောလေ၏။-
အာရုန်သည်ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလအမျိုး သားတို့အားပြော၍သူတို့ရှေ့တွင်အံ့သြ ဖွယ်သောနိမိတ်လက္ခဏာတို့ကိုပြသဖြင့်၊-
ငါသည်မိုးကောင်းကင်ကိုဖြန့်ကြက်၍ ကမ္ဘာမြေကြီးကိုအုတ်မြစ်ချ၏။ ဇိအုန်မြို့သူမြို့သားတို့အား`သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ ငါသည်မိမိ၏တရားတော်ကိုသင်တို့အား ပေးအပ်၍ လက်တော်ဖြင့် သင်တို့ကိုကာကွယ်စောင့်ရှောက်၏' ဟု ငါမြွက်ဆိုပြီ'' ဟူ၍မိန့်တော်မူ၏။
သင်တို့နှင့်ပဋိညာဉ်ပြုမည်။ ငါသည်သင်တို့ အားငါ၏ဝိညာဉ်တော်နှင့်သြဝါဒများကို ပေးအပ်ခဲ့လေပြီ။ ယင်းတို့ကိုယခုမှစ၍ သင်တို့နှင့်သင်တို့၏သားမြေးများသည် ကာလအစဉ်အဆက်လိုက်နာစောင့်ထိန်း ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုနောက်ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူ၍ ငါ၏နှုတ်ကိုတို့တော်မူပြီး လျှင်``နားထောင်လော့၊ သင်ပြောဆိုရမည့်ဗျာ ဒိတ်စကားကို ယခုပင်သင့်အားငါပေး၏။
ထိုအခါယေရမိသည်အခြားစာလိပ်တစ် ခုကိုယူ၍မိမိ၏စာရေးဗာရုတ်အားပေး၏။ ဗာရုတ်သည်ယောယကိမ်မင်းမီးရှို့လိုက်သည့် စာလိပ်တွင်ပါရှိသမျှသောစကားတို့ကို ငါနှုတ်တိုက်ချပေးသည့်အတိုင်းရေးချလေ သည်။ ငါနှုတ်တိုက်ချပေးသည့်အလားတူ စကားများကိုထပ်လောင်းဖြည့်စွက်၍ ပေးလေသည်။
မောရှေက``ထာဝရဘုရားစေခိုင်း၍ဤ အမှုအလုံးစုံတို့ကိုငါပြုလုပ်ကြောင်း၊ ငါ့အလိုအတိုင်းပြုလုပ်ခြင်းမဟုတ် ကြောင်းကိုသင်တို့သိနိုင်မည့်နည်းမှာဤ သို့တည်း။-
ဗာလမ်က``ငါယခုရောက်လာပြီ။ သို့ရာတွင် ငါသည် ကိုယ်တိုင်ပြောပိုင်ခွင့်မရှိ။ ဘုရားသခင်ကငါ့အားပြောစေလိုသမျှကို သာငါပြောနိုင်မည်'' ဟုဆိုလေ၏။-
ဗာလမ်က``ထာဝရဘုရားဆင့်ဆိုစေလို သည့်အတိုင်းသာလျှင် ငါဆင့်ဆိုနိုင်သည်'' ဟု ပြန်ဖြေလေ၏။
ထာဝရဘုရားသည်ဗာလက်အား ဆင့်ဆိုရမည့် စကားကိုမိန့်ကြားပြီးနောက်ဗာလမ်ကိုဗာလက် ထံသို့ပြန်စေတော်မူ၏။-
ထာဝရဘုရားသည်ဗာလက်အား ဆင့်ဆို ရမည့်စကားကိုမိန့်ကြားပြီးလျှင်ဗာလမ် ကိုဗာလက်ထံသို့ပြန်စေတော်မူ၏။-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
အဘယ်ကြောင့်ဆိုသော်သင်တို့၏ရန်သူများ မငြင်းခုံမခုခံနိုင်အောင်သင်တို့အားနှုတ် သတ္တိ၊ ဉာဏ်သတ္တိကိုငါပေးမည်ဖြစ်သောကြောင့် တည်း။-
သင်တို့အားယခုငါပေးအပ်မည့်သွန်သင် ချက်ကိုသခင်ဘုရားထံတော်မှငါရရှိ၏။ ရန်သူ့လက်သို့အပ်နှံခြင်းခံတော်မူသည့် ည၌အရှင်ယေရှုသည်မုန့်ကိုယူ၍၊-
ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောသည့် သတင်းကောင်းကိုပြန်လည်သတိရစေလို၏။ ထိုသတင်းကောင်းကိုသင်တို့ခံယူကာယင်း အပေါ်၌ သင်တို့၏ယုံကြည်ခြင်းခိုင်မြဲစွာ အမြစ်စွဲလျက်ရှိပေသည်။-
ငါသည်သူတို့၏သားချင်းထဲမှ သင်ကဲ့သို့ သောပရောဖက်တစ်ပါးကိုစေလွှတ်မည်။ သူ့ အားငါပညတ်သမျှတို့ကို သူသည်လူ တို့အားဆင့်ဆိုလိမ့်မည်။-
သင်ကိုယ်တိုင်မူကားငါနှင့်အတူနေရစ်လော့။ ငါပေးမည့်ပြည်တွင်သူတို့လိုက်နာစောင့်ထိန်း ရန် ပညတ်တော်များနှင့်ပြဋ္ဌာန်းချက်ရှိသမျှ ကိုသင့်အားငါဆင့်ဆိုမည်။ ထိုပညတ်တော် များနှင့်ပြဋ္ဌာန်းချက်များကိုသူတို့အား သွန်သင်လော့' ဟု မိန့်တော်မူ၏။-
ဘုရားသခင်က``နွားကလေးတစ်ကောင်ကိုယူ ၍သွားပြီးလျှင် သင်သည်ထာဝရဘုရားအား ယဇ်ပူဇော်ရန်ရောက်ရှိလာကြောင်းပြောကြား လော့။ ယေရှဲအားယဇ်ပူဇော်ပွဲသို့ဖိတ်ခေါ် လော့။ သင်အဘယ်သို့ပြုရမည်ကိုငါပြော မည်။ ငါဖော်ပြသူအားရာဇဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။