ဘုရားသခင်ထာဝရဘုရားသည်အမျက် ထွက်တော်မူသဖြင့် သြဇအားရိုသေမှု ကင်းမဲ့သည့်အတွက်သေဒဏ်စီရင်တော်မူ၏။ သို့ဖြစ်၍သြဇသည်ပဋိညာဉ်သေတ္တာတော် ၏အနီးတွင်သေလေ၏။-
ထွက်မြောက် 4:14 - Common Language Bible ထိုအခါထာဝရဘုရားသည်မောရှေအား အမျက်ထွက်၍``သင်၌လေဝိအမျိုးသား အစ်ကိုအာရုန်ရှိသည်မဟုတ်လော။ သူသည် နှုတ်သတ္တိကောင်းသူဖြစ်ကြောင်းငါသိ၏။ သူ သည်သင်နှင့်အလွန်တွေ့လို၍ ယခုပင်လျှင် သင့်ထံသို့လာနေပြီ။- Garrad Bible ထာ ဝ ရ ဘု ရား သည် မော ရှေ အား အ မျက် တော် ထား၍ သင့် အစ် ကို ဖြစ် သူ လေ ဝိ ဂိုဏ်း သား အာ ရုန် ရှိ သည် မ ဟုတ် လော။ Judson Bible ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက်၍၊ လေဝိလူအာရုန်သည် သင်၏အစ်ကိုဖြစ်သည်မဟုတ်လော။ သူသည်ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ သူသည်လည်းသင့်ကိုခရီးဦးကြိုပြုခြင်းငှာ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားသည် မောရှေကို အမျက်ထွက်၍ “လေဝိအမျိုးအာရုန်သည် သင်၏အစ်ကိုမဟုတ်လော။ သူသည် နှုတ်ရေးကျွမ်းကျင်သည်ကို ငါသိ၏။ သူသည် သင့်ကိုကြိုဆိုရန် ထွက်လာပြီ။ သင်နှင့်တွေ့သောအခါ သူသည် စိတ်ထဲ၌ ဝမ်းမြောက်လိမ့်မည်။ |
ဘုရားသခင်ထာဝရဘုရားသည်အမျက် ထွက်တော်မူသဖြင့် သြဇအားရိုသေမှု ကင်းမဲ့သည့်အတွက်သေဒဏ်စီရင်တော်မူ၏။ သို့ဖြစ်၍သြဇသည်ပဋိညာဉ်သေတ္တာတော် ၏အနီးတွင်သေလေ၏။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ရှောလမုန်အားနှစ်ကြိမ် တိုင်တိုင်ထင်ရှား၍ လူမျိုးခြားတို့၏ဘုရား များကိုဝတ်ပြုကိုးကွယ်ခြင်းမပြုရန်မိန့် ကြားတော်မူသော်လည်း ရှောလမုန်သည် ထာဝရဘုရား၏စကားတော်ကိုနား မထောင်ဘဲ ကိုယ်တော်အားကျောခိုင်းသော ကြောင့် ထာဝရဘုရားသည်ရှောလမုန်အား အမျက်ထွက်တော်မူသဖြင့်၊-
ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင်သည် နှစ်သက်တော်မမူသဖြင့် ဣသရေလ အမျိုးသားတို့အားဒဏ်ခတ်တော်မူ၏။-
ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့် ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။
သို့သော်လည်းမောရှေက``အရှင်ဘုရား၊ အခြား သူတစ်ဦးကိုစေလွှတ်တော်မူပါ'' ဟုတောင်းပန် လေ၏။
တောင်ဝှေးကိုသင့်လက်ထဲ၌ဆောင်ထားလော့။ ထိုတောင်ဝှေးဖြင့်သင်သည်အံ့သြဖွယ်သော အမှုတို့ကိုပြုလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားကအာရုန်အား``မောရှေနှင့် တွေ့ဆုံရန်တောကန္တာရသို့သွားလော့'' ဟု အမိန့်ရှိတော်မူသည်အတိုင်းသူသွားလေ၏။ သူသည်မောရှေကို ထာဝရဘုရား၏တောင် ပေါ်၌တွေ့ဆုံလျှင်သူ့ကိုနမ်း၍နှုတ်ဆက်၏။-
သူတို့က``ထာဝရဘုရားသည်မောရှေအား ဖြင့်သာလျှင်မိန့်ကြားတော်မူသလော။ ငါ တို့အားဖြင့်လည်းမိန့်ကြားတော်မမူသလော'' ဟုဆိုကြ၏။ ထိုစကားကိုထာဝရဘုရား ကြားတော်မူသည်။-
ရုပ်တုများအားပူဇော်ထားသည့်အစား အစာကိုမစားနှင့်။ သွေးကိုလည်းမစားနှင့်။-
သို့ရာတွင်ငါ၏ညီအစ်ကိုတိတုအားမတွေ့ရ သဖြင့် ငါသည်လွန်စွာပူပင်သောကဖြစ်၏။ ထို့ ကြောင့်ထိုမြို့ရှိလူတို့ကိုနှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့သွား၏။
အခြားသောသူအပေါင်းတို့သည်ကားကိုယ့် အကျိုးကိုသာလျှင်ရှာကြ၏။ ယေရှုခရစ် ၏အကျိုးကိုမရှာကြ။-
ထိုနောက်ငါသည်မောရှေနှင့်အာရုန်တို့ကို စေလွှတ်၍ အီဂျစ်ပြည်တွင်ဘေးဆိုးများ ဆိုက်ရောက်စေပြီးနောက်သင်တို့ကိုထုတ် ဆောင်ခဲ့၏။-
ယာကုပ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် အီဂျစ်ပြည်သို့သွားရောက်ကြသောအခါ အီဂျစ်အမျိုးသားတို့သည်သူတို့အား နှိပ်စက်ကလူပြုကြ၏။ ထိုအခါသင်တို့ ၏ဘိုးဘေးများသည် ထာဝရဘုရားအား ကယ်တော်မူရန်ဟစ်အော်တောင်းလျှောက် ကြသဖြင့် ကိုယ်တော်သည်မောရှေနှင့်အာရုန် တို့ကိုစေလွှတ်တော်မူ၏။ ထိုသူနှစ်ဦးတို့ သည်သင်တို့၏ဘိုးဘေးများအား အီဂျစ် ပြည်မှထုတ်ဆောင်ကာဤပြည်တွင်နေရာ ချထားပေးကြ၏။-
ပရောဖက်တစ်ပါးသည်ထာဝရဘုရားထံ မှဗျာဒိတ်တော်ကိုပြန်ကြားရန် ဧလိထံသို့ ရောက်ရှိလာ၏။ ထိုဗျာဒိတ်တော်ကားဤသို့ တည်း။ ``သင်၏ဘိုးဘေးအာရုန်နှင့်အိမ်ထောင် စုသားတို့သည် အီဂျစ်ဘုရင်ထံတွင်ကျွန်ခံ နေရစဉ်အခါကငါသည်အာရုန်အား ထင်ရှားခဲ့၏။-