``ရွှေပြားတစ်ချပ်ကိုပြုလုပ်ပြီးလျှင် `ထာ ဝရဘုရားအား ဆက်ကပ်ထားသည်' ဟူ၍ ကမ္ပည်းထိုးထားလော့။-
ထွက်မြောက် 39:31 - Common Language Bible ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း၊ ထိုနဖူးစည်းကိုခေါင်းပေါင်း အပေါ်တွင်ကြိုးပြာဖြင့်ချည်ထားကြ၏။ Judson Bible ပြာသောကြိုးနှင့် ဗောင်းအပေါ်နား၌ ချည်ထားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသရဖူကို ခေါင်းပေါင်းပေါ်၌ အပြာရောင်ကြိုးဖြင့်ချည်ပြီး တပ်ထား၏။ |
``ရွှေပြားတစ်ချပ်ကိုပြုလုပ်ပြီးလျှင် `ထာ ဝရဘုရားအား ဆက်ကပ်ထားသည်' ဟူ၍ ကမ္ပည်းထိုးထားလော့။-
ထိုသူတို့ချုပ်လုပ်ရမည့်အထည်ဝတ်စုံတို့ သည်ကား ရင်ဖုံး၊ သင်တိုင်း၊ ဝတ်ရုံ၊ ပန်းဖောက်ထား သောအင်္ကျီ၊ ခေါင်းပေါင်း၊ ခါးပန်းတို့ဖြစ်သည်။ ထို အဝတ်တန်ဆာတို့သည်သင်၏အစ်ကိုအာရုန် နှင့်သူ၏သားများသည်၊ ယဇ်ပုရောဟိတ်များ အဖြစ် ငါ၏အမှုကိုထမ်းဆောင်ရာ၌ဝတ် ဆင်ရမည့်ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သည်။-
သူတို့သည် ``ထာဝရဘုရားအားဆက်ကပ် ထားသည်'' ဟူသောကမ္ပည်းစာတမ်းထွင်း ထားသည်ရွှေနဖူးစည်းကိုပြုလုပ်ကြ၏။-
နောက်ဆုံး၌ထာဝရဘုရားစံတော်မူရာ တဲတော်ဆိုင်ရာလုပ်ငန်းအားလုံးပြီးစီး လေ၏။ ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလ အမျိုးသားတို့သည်ဆောင်ရွက်ကြ၏။-
မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်းဆောင်ရွက်၏။ လူတို့စုဝေး ရောက်ရှိလာသောအခါ၊-