ထွက်မြောက် 36:37 - Common Language Bible တဲတော်တံခါးဝအတွက်ကန့်လန့်ကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက်လုပ်၍၊ ပန်းပေါက်ဖော် ထားသည်။- Garrad Bible တဲ တော် မုတ် ဝ ပိတ် ရန် ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် ပန်း ထိုး သော ကန့် လန့် ကာ ကို ရက် လုပ် လေ ၏။ Judson Bible တဲတော်တံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသော အထည်ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သောကုလားကာ တစ်ထည်ကိုလည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်၏။ |
တဲတော်ဝင်းတံခါးဝအတွက်အလျားဆယ် ကိုက်ရှိ၍သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်နှင့်ချည်ချောတို့ဖြင့်ရက်သောပန်းထိုး ကန့်လန့်ကာပြုလုပ်ရမည်။ ထိုကန့်လန့်ကာကို ဖိနပ်လေးခုတွင်စွပ်ထားသောတိုင်လေးတိုင် ဖြင့်ချိတ်ဆွဲရမည်။-
နံ့သာပေါင်းမီးရှို့ရာပလ္လင်နှင့် ထမ်းပိုးတန်း များ၊ ဘိသိက်ဆီ၊ မွှေးကြိုင်သောနံ့သာပေါင်း၊ တဲတော်တံခါးဝကန့်လန့်ကာ၊-
ကန့်လန့်ကာကိုထိန်းထားရန်၊ ရွှေချိတ်များ တပ်ဆင်ထားသော တိုင်လေးတိုင်ကို၊ အကာရှ သစ်သားဖြင့်ပြုလုပ်ကြ၏။ တိုင်များကိုရွှေ ချ၍၊ တိုင်များကိုစိုက်ထူရန်၊ အောက်ခံငွေ ခြေစွပ်ခုံလေးခုကိုပြုလုပ်ကြ၏။-