ထာဝရဘုရားသည်သိနာတောင်ထိပ်ပေါ် သို့ကြွဆင်းလာ၍ မောရှေအားတောင်ထိပ် ပေါ်သို့ခေါ်တော်မူလျှင်မောရှေတက်သွား လေ၏။-
ထွက်မြောက် 34:4 - Common Language Bible ထို့ကြောင့်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ကျောက်ပြားနှစ်ချပ်ကို ဆစ်ပြီးလျှင်၊ နောက်တစ်နေ့နံနက်စောစော တွင်၊ ကျောက်ပြားများကိုကိုင်ဆောင်လျက် သိနာတောင်ပေါ်သို့တက်လေ၏။ Garrad Bible မော ရှေ သည် အ ထက် ကျောက် နှစ် ပြား နှင့် အ လား တူ အ ခြား ကျောက် နှစ် ပြား ကို ဆစ် ပြီး လျှင် နံ နက် အ ချိန် ထ၍ ထို ကျောက် နှစ် ပြား ကို ကိုင် ယူ လျက် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း သိ နာ တောင် ပေါ် သို့ တက် သည် နှင့်၊ Judson Bible ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ အရင်ကျောက်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကိုခုတ်ပြီးမှ၊ မောရှေသည် နံနက်စောစောထ၍ ထိုကျောက်ပြားနှစ်ပြားကိုကိုင်လျက်၊ သိနာတောင်ပေါ်သို့ တက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယခင်ကျောက်ပြားတို့နှင့်တူသော ကျောက်ပြားနှစ်ချပ်ကိုထုဆစ်ပြီး နံနက်စောစောထ၍ သိနာတောင်ပေါ်သို့တက်သွား၏။ သူ၏လက်ထဲ၌လည်း ကျောက်ပြားနှစ်ချပ်ကို ယူဆောင်သွား၏။ |
ထာဝရဘုရားသည်သိနာတောင်ထိပ်ပေါ် သို့ကြွဆင်းလာ၍ မောရှေအားတောင်ထိပ် ပေါ်သို့ခေါ်တော်မူလျှင်မောရှေတက်သွား လေ၏။-
မောရှေသည်ဘုရားသခင်ကိုဖူးတွေ့ရန် တောင်ပေါ်သို့တက်လေ၏။ တောင်ပေါ်တွင်ထာဝရဘုရားသည်မောရှေ ကိုခေါ်၍၊ ယာကုပ်၏အဆက်အနွယ်ဣသ ရေလအမျိုးသားတို့အားဆင့်ဆိုခိုင်း သည်ကား၊-
ထိုကျောက်ပြားများနှင့်ကျောက်ပြားများပေါ် ရှိအက္ခရာတို့သည် ဘုရားသခင်၏လက်ရာ တော်ဖြစ်သတည်း။
ထာဝရဘုရားကမောရှေအား``ပထမ ကျောက်ပြားများနှင့်တူသောကျောက်ပြား နှစ်ချပ်ကိုဆစ်လော့။ သင့်ကြောင့်ကျိုးသွား သောယခင်ကျောက်ပြားများပေါ်တွင် ရေး ထိုးခဲ့သည့်ကမ္ပည်းစာအတိုင်းငါသည်ဤ ကျောက်ပြားများပေါ်၌ရေးထိုးမည်။-
``ထိုအခါထာဝရဘုရားကငါ့အား`ယခင် ကျောက်ပြားကဲ့သို့ကျောက်ပြားနှစ်ချပ်ကိုခုတ် လော့။ ထိုကျောက်ပြားကိုထည့်ရန် သစ်သားသေတ္တာ တော်ကိုလည်းပြုလုပ်လော့။ ထို့နောက်ငါရှိရာ တောင်ပေါ်သို့တက်လာလော့။-
``သို့ဖြစ်၍ငါသည် အကာရှသစ်သားဖြင့် သေတ္တာတော်ကိုပြုလုပ်၍ ယခင်ကျောက်ပြား များနှင့်အလားတူကျောက်ပြားနှစ်ပြားကို ခုတ်ပြီးလျှင် ကျောက်ပြားများကိုယူဆောင် လျက်တောင်ပေါ်သို့တက်သွား၏။-