ဣသရေလအမျိုးသားတို့သည် ထိုသို့မိန့် တော်မူသည်ကိုကြားသိရသောအခါ၊ ဝမ်း နည်းပူဆွေးလျက်လက်ဝတ်တန်ဆာများ ကိုမဝတ်ဆင်ကြတော့ချေ။-
လူ မျိုး သည် ထို မ ကောင်း သ တင်း ကို ကြား သော အ ခါ မည် သူ မျှ တန် ဆာ မ ဆင် ဘဲ မြည် တမ်း ကြ လေ ၏။
ထိုမကောင်းသောသတင်းကို လူများတို့သည်ကြားသောအခါ၊ ငိုကြွေးမြည်တမ်းလျက်၊ အဘယ်သူမျှ တန်ဆာမဆင်ဘဲနေကြ၏။
လူတို့သည် ထိုမကောင်းသောသတင်းကိုကြားကြသောအခါ ငိုကြွေးမြည်တမ်းလျက် မည်သူမျှ မိမိ၏အဆင်တန်ဆာကို မဆင်ဘဲနေကြ၏။
ထိုနောက်ရှောလု၏မြေးမေဖိဗောရှက်သည် မင်းကြီးအားခရီးဦးကြိုပြုရန်လာရောက် ၏။ သူသည်မင်းကြီးယေရုရှလင်မြို့ကထွက် ခွာသွားချိန်မှအစပြု၍ အောင်မြင်စွာပြန် လည်ရောက်ရှိလာချိန်အထိ မိမိ၏ခြေတို့ ကိုမဆေး၊ မုတ်ဆိတ်ကိုမညှပ်၊ အဝတ်အစား ကိုလည်းမလျှော်မဖွတ်ဘဲနေ၏။-
ဧလိယဆင့်ဆိုပြောကြားသောအခါ အာဟပ် သည်မိမိ၏အဝတ်များကိုဆုတ်ဖြဲပြီးလျှင် လျှော်တေကိုဝတ်၏။ သူသည်စားတော်မခေါ် ဘဲလျှော်တေဝတ်၍အိပ်၏။ သွားလာရာ၌ လည်းမှိုင်တွေလျက်နေ၏။
ထိုသူတို့၏အစီရင်ခံချက်ကိုကြားလျှင် ကြားချင်းဟေဇကိမင်းသည် မိမိ၏အဝတ် တော်ကိုဆုတ်ပြီးလျှင်လျှော်တေကိုဝတ်၍ ထာဝရဘုရား၏ဗိမာန်တော်သို့ကြွတော် မူ၏။-
ထိုစကားကိုကြားသောအခါငါသည် အဝတ်များကိုဆုတ်ပြီးနောက် ဆံပင်နှင့် မုတ်ဆိတ်ကိုဆွဲနုတ်ကာဝမ်းနည်းလျက် ထိုင်နေ၏။-
ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။
ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် သိနာတောင်မှထွက်ခွာပြီးသည်နောက်၊ လက် ဝတ်တန်ဆာများကိုမည်သည့်အခါမျှ မဝတ်ကြတော့ချေ။
သင်တို့သည်ပူပင်သောကမရှိဘဲအေးဆေး စွာနေထိုင်လျက်ရှိကြ၏။ သို့ရာတွင်ယခု အခါထိတ်လန့်တုန်လှုပ်၍နေကြကုန်လော့။ သင်တို့၏အဝတ်များကိုချွတ်၍ခါးတွင် စောင်စုတ်များပတ်ထားကြလော့။-
သင်ရှိုက်သည့်အသံကိုလူတို့မကြားပါစေနှင့်။ ဝမ်းနည်းပူဆွေးသည့်လက္ခဏာဖြင့်ခေါင်းပေါင်း မပေါင်းဘဲ၊ ဖိနပ်မစီးဘဲမသွားမလာနှင့်။ သင်၏မျက်နှာကိုမဖုံးမအုပ်နှင့်။ ဝမ်းနည်း ပူဆွေးသူတို့စားသည့်အစားအစာကို လည်းမစားနှင့်'' ဟုမိန့်တော်မူ၏။
သင်တို့သည်ခေါင်းပေါင်းမပေါင်းဘဲဖိနပ်မစီး ဘဲသွားလာကြလိမ့်မည်မဟုတ်။ မြည်တမ်းငို ကြွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ မိမိတို့၏ အပြစ်များကြောင့်သင်တို့သည်ကြုံလှီသွားကာ တစ်ဦးရှေ့တွင်တစ်ဦးညည်းတွားကြလိမ့်မည်။-
ပင်လယ်ရေကြောင်းခရီးသွားလာသော နိုင်ငံတို့၏ဘုရင်အပေါင်းသည်ရာဇပလ္လင် များပေါ်မှဆင်းကြကာ မိမိတို့၏ဝတ်လုံ များနှင့်ပန်းထိုးထည်များကိုချွတ်၍ မြေ ပေါ်တွင်တုန်လှုပ်လျက်ထိုင်ကြလိမ့်မည်။ သင် တွေ့ကြုံရသည့်ကံကြမ္မာကိုမြင်၍ သူတို့ သည်အံ့အားသင့်လျက်အဆက်မပြတ် တုန်လှုပ်နေကြလိမ့်မည်။
သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-
ထိုနောက်မောရှေကအာရုန်နှင့်သူ၏သား များဖြစ်ကြသော ဧလာဇာနှင့်ဣသမာတို့ အား``သင်တို့သည်သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲခြင်းကိုပြရန် ဆံပင်ကို မဖြီးဘဲမနေကြနှင့်။ အဝတ်အင်္ကျီများ ကိုလည်းမဆုတ်ဖြဲကြနှင့်။ ထိုသို့ပြုလျှင် သင်တို့၏အသက်ဆုံးရလိမ့်မည်။ ထာဝရ ဘုရားသည်လည်း ဣသရေလအမျိုးသား အပေါင်းတို့အားအမျက်တော်ထွက်လိမ့်မည်။ သို့သော်သင်တို့၏သွေးချင်းဖြစ်သော ဣသရေလအမျိုးသားအပေါင်းတို့မူ ကား ထာဝရဘုရားထံတော်မှလောင်မီး ကျ၍ သေဆုံးသူတို့အတွက်ဝမ်းနည်း ကြေကွဲကြောင်းပြနိုင်သည်။-
ထိုကြေညာချက်ကိုနိနေဝေမင်းကြား တော်မူသောအခါ ရာဇပလ္လင်ပေါ်မှထ၍ ဝတ်လဲတော်ကိုချွတ်ပြီးလျှင်လျှော်တေကို ဝတ်တော်မူ၏။ ထိုနောက်ပြာထဲတွင်ထိုင် နေတော်မူ၏။-
ကိုယ်တော်က``ပြည်သူများနှင့်ယဇ်ပုရော ဟိတ်တို့သည်နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး၊ ပဉ္စမလနှင့်သတ္တမလတို့တွင်အစာရှောင် ၍ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခဏာ ကိုပြခဲ့ကြသည်မှာငါ့အားဂုဏ်ပြုချီး ကူးရန်မဟုတ်။-
ထိုအခါလူအပေါင်းတို့သည်တစ်ညလုံး ငိုကြွေးမြည်တမ်းကြလေသည်။-
မောရှေသည်ထာဝရဘုရားမိန့်တော်မူသမျှ ကို ဣသရေလအမျိုးသားတို့အားပြန်ကြား သောအခါ သူတို့သည်အလွန်ဝမ်းနည်း ကြေကွဲကြ၏။-
ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။