ဇာခရိ 7:5 - Common Language Bible5 ကိုယ်တော်က``ပြည်သူများနှင့်ယဇ်ပုရော ဟိတ်တို့သည်နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး၊ ပဉ္စမလနှင့်သတ္တမလတို့တွင်အစာရှောင် ၍ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခဏာ ကိုပြခဲ့ကြသည်မှာငါ့အားဂုဏ်ပြုချီး ကူးရန်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible5 ပ ရော ဟိတ် တို့ နှင့် ပြည် သူ ပြည် သား အ ပေါင်း တို့ အား သင် က၊ လွန် ခဲ့ သော နှစ် ပေါင်း ခု နစ် ဆယ် အ တွင်း အ စာ ရှောင် ခြင်း၊ မြည် တမ်း ခြင်း ကို ပ ဥ္စ မ လ နှင့် သ တ္တ မ လ များ၌၊ သင် တို့ ပြု ကြ သည် မှာ။ ငါ့ ကို ရည် ဆောင် ကြ သလော။ အခန်းကိုကြည့်ပါ။Judson Bible5 ယဇ်ပုရောဟိတ်တို့နှင့် ပြည်သူပြည်သားအပေါင်းတို့အား သင်ဆင့်ဆိုရမည်မှာ၊ အနှစ်ခုနစ်ဆယ်ပတ်လုံး သင်တို့သည် ပဥ္စမလနှင့် သတ္တမလတွင် အစာရှောင်၍ ငိုကြွေးမြည်တမ်းသောအခါ၊ အကယ်စင်စစ် ငါ့အလိုရှိသည်အတိုင်း ငါ့အား အစာရှောင်ကြသလော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 “ပြည်သူပြည်သားအပေါင်းနှင့် ယဇ်ပုရောဟိတ်တို့အား ‘ဤနှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ပဉ္စမလနှင့် သတ္တမလတို့တွင် သင်တို့ အစာရှောင်ငိုကြွေးမြည်တမ်းခဲ့ကြသည်မှာ ငါ့အဖို့ အစာရှောင်ခြင်း အမှန်တကယ်ဟုတ်ခဲ့သလော။ အခန်းကိုကြည့်ပါ။ |
``သင်တို့သည်အစာရှောင်ကြသောအခါ သူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ ညှိုးငယ်သောအသွင် ကိုမဆောင်ကြနှင့်။ ထိုသူတို့သည်မိမိတို့အစာ ရှောင်လျက်နေကြောင်းထင်ပေါ်စေလိုသဖြင့် ဆာလောင် မွတ်သိပ်သောအမူအရာဖြင့်သွားလာတတ်ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထို သူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို အပြည့်အဝခံစားရကြပြီ။-
``သင်သည်ဆုတောင်းပတ္ထနာပြုသောအခါ သူတော် ယောင်ဆောင်သူတို့ကဲ့သို့မပြုကြနှင့်။ ထိုသူတို့သည် လူများမြင်သာအောင်တရားဇရပ်များနှင့်လမ်းဆုံ လမ်းခွများမှာရပ်လျက်ဆုတောင်းပတ္ထနာပြုတတ် ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထိုသူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို ခံစားရကြပြီ။-
``ထိုကြောင့်သင်သည်လှူဒါန်းသောအခါသူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ တရားဇရပ်များ နှင့်လမ်းဆုံလမ်းခွများတွင်မိမိတို့ကိုယ်ကိုထင် ပေါ်အောင်မပြုကြနှင့်။ သူတို့သည်လူများ၏ အချီးအမွမ်းကိုခံလို၍ဤသို့ပြုကြခြင်း ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကားထိုသူတို့ခံစားလိုသည့်အကျိုးကို ခံစားရကြ၏။-
ဤအကြောင်းကိုကြားသိကြသောအခါ အညံ့မခံအရှုံးမပေးခဲ့ကြသူယုဒတပ်မှူး များနှင့်စစ်သူရဲတို့သည် မိဇပါမြို့ရှိဂေဒလိ ထံဝင်ရောက်လာကြ၏။ ထိုတပ်မှူးများမှာ နာသနိ၏သားဣရှမေလ၊ ကာရာ၏သား ယောဟနန်၊ နေတောဖတ်မြို့သားတာနုမက် ၏သားစရာယနှင့်မာခသိမြို့သားယေ ဇနိတို့ဖြစ်ကြ၏။-
သင်တို့သည်မိမိတို့မီးရှို့ပူဇော်ရာသိုးများကို ငါ့ထံသို့မယူဆောင်ခဲ့ကြ။ သင်တို့၏ယဇ်များဖြင့်ဂုဏ်ပြုချီးမြှောက်ခြင်း ခံရသူမှာလည်းငါမဟုတ်။ ငါသည်ပူဇော်သကာများကိုတောင်းဆိုခြင်း အားဖြင့် သင်တို့အားဝန်မလေးစေပါ။ မွှေးကြိုင်သောနံ့သာပေါင်းကို တောင်းဆိုခြင်းအားဖြင့်လည်းသင်တို့စိတ်ကို မငြီးငွေ့စေပါ။
သူတို့က``အကယ်၍ထာဝရဘုရားသည် ငါတို့ကိုအဘယ်အခါ၌မျှမြင်တော်မ မူလျှင် ငါတို့အဘယ်ကြောင့်အစာရှောင် ကြပါတော့မည်နည်း။ ကိုယ်တော်သည်ငါတို့ နှိမ့်ချသည်ကိုမြင်တော်မမူလျှင် အဘယ် ကြောင့်ငါတို့ဒုက္ခခံကြပါမည်နည်း'' ဟု ဆိုကြ၏။ ထာဝရဘုရားကသူတို့အား``အဖြစ်မှန် မှာသင်တို့သည်အစာရှောင်လျက်နေစဉ်၌ ပင်ကိုယ်ကျိုးရှာလျက် မိမိတို့ငယ်သား များကိုလည်းနှိပ်စက်ညှင်းဆဲကြ၏။-
သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-
သို့ရာတွင်သတ္တမလသို့ရောက်သောအခါမင်း မျိုးမင်းနွယ်ဖြစ်သူ ဧလိရှမာ၏မြေး၊ နာသနိ ၏သား၊ ဣရှမေလသည်လူတစ်ကျိပ်နှင့်မိဇပါ မြို့သို့သွားပြီးလျှင် ဂေဒလိကိုလုပ်ကြံလေ သည်။ သူသည်ဂေဒလိနှင့်အတူရှိနေသည့် ဣသရေလအမျိုးသားများနှင့် ဗာဗုလုန် အမျိုးသားတို့ကိုလည်းသတ်ဖြတ်လိုက်၏။-