ထွက်မြောက် 32:16 - Common Language Bible ထိုကျောက်ပြားများနှင့်ကျောက်ပြားများပေါ် ရှိအက္ခရာတို့သည် ဘုရားသခင်၏လက်ရာ တော်ဖြစ်သတည်း။ Garrad Bible ထို ကျောက် ပြား များ ကား ဘု ရား သ ခင် ပြု ပြင် တော် မူ သော ကျောက် ပြား၊ စာ လည်း ဘု ရား သ ခင် ရေး တင် တော် မူ သော စာ ဖြစ် သ တည်း။ Judson Bible ထိုကျောက်ပြားတို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသောကျောက်ပြား၊ စာသည်လည်း ဘုရားသခင်အက္ခရာတင်တော်မူသောစာ ဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထိုကျောက်ပြားတို့သည် ဘုရားသခင်၏လက်ရာတော်ကျောက်ပြားများဖြစ်၏။ ကျောက်ပြားတို့အပေါ်၌ ကမ္ပည်းထိုးထားသောစာသည်လည်း ဘုရားသခင်၏စာဖြစ်၏။ |
ဘုရားသခင်သည်သိနာတောင်ပေါ်တွင် မောရှေအားမိန့်တော်မူပြီးသောအခါ၊ ဘုရားသခင်ကိုယ်တော်တိုင်ပညတ်တော် များကိုအက္ခရာတင်သောကျောက်ပြား နှစ်ပြားကို၊ သူ့အားပေးတော်မူ၏။
မောရှေသည်မျက်နှာနှစ်ဘက်စလုံးတွင် ပညတ် တော်များကိုအက္ခရာတင်ထားသောကျောက် ပြားနှစ်ချပ်ကိုယူဆောင်လျက်တောင်ပေါ်မှ ဆင်းလာ၏။-
ယောရှုသည်လူများ၏ကြွေးကြော်သံကို ကြားရသောအခါ၊ မောရှေအား``စခန်းထဲ ၌တပ်လှန့်သံကိုကြားရပါသည်တကား'' ဟုဆို၏။-
ထာဝရဘုရားကမောရှေအား``ပထမ ကျောက်ပြားများနှင့်တူသောကျောက်ပြား နှစ်ချပ်ကိုဆစ်လော့။ သင့်ကြောင့်ကျိုးသွား သောယခင်ကျောက်ပြားများပေါ်တွင် ရေး ထိုးခဲ့သည့်ကမ္ပည်းစာအတိုင်းငါသည်ဤ ကျောက်ပြားများပေါ်၌ရေးထိုးမည်။-
ထို့ကြောင့်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ကျောက်ပြားနှစ်ချပ်ကို ဆစ်ပြီးလျှင်၊ နောက်တစ်နေ့နံနက်စောစော တွင်၊ ကျောက်ပြားများကိုကိုင်ဆောင်လျက် သိနာတောင်ပေါ်သို့တက်လေ၏။
ထိုစာကိုခရစ်တော်ကိုယ်တိုင်ရေး၍ငါတို့ နှင့်ပေးပို့တော်မူသည်မှာထင်ရှား၏။ ထိုစာ ကားမင်ဖြင့်ရေးသောစာမဟုတ်။ အသက်ရှင် တော်မူသောဘုရားသခင်၏ဝိညာဉ်တော် ဖြင့်ရေးသောစာဖြစ်၏။ ထိုစာကိုကျောက် ပြားပေါ်တွင်မရေးဘဲနှလုံးသားပေါ်တွင် ရေးသတည်း။
ကျောက်ပြားပေါ်၌အက္ခရာတင်ထားသည့် ပညတ်ကိုပေးအပ်စဉ်က ဘုရားသခင်၏ ဘုန်းအသရေတော်ထွန်းလင်းတောက်ပတော် မူ၏။ ထိုဘုန်းအသရေတော်၏ရောင်ပြန်ဟပ် မှုသည် မောရှေ၏မျက်နှာမှတဖြည်းဖြည်း မှေးမှိန်စပြုသော်လည်း လွန်စွာတောက်ပ လျက်ပင်ရှိနေသေးသဖြင့် ဣသရေလ အမျိုးသားတို့သည်သူ့ကိုစေ့စေ့မကြည့် နိုင်ကြ။ သေခြင်းတရားကိုဖြစ်ပေါ်စေ သည့်ပညတ်တရားကို ဤသို့သောဘုန်း အသရေနှင့်ပေးအပ်တော်မူပါလျှင်၊-
``ထိုအခါထာဝရဘုရားကငါ့အား`ယခင် ကျောက်ပြားကဲ့သို့ကျောက်ပြားနှစ်ချပ်ကိုခုတ် လော့။ ထိုကျောက်ပြားကိုထည့်ရန် သစ်သားသေတ္တာ တော်ကိုလည်းပြုလုပ်လော့။ ထို့နောက်ငါရှိရာ တောင်ပေါ်သို့တက်လာလော့။-
``သို့ဖြစ်၍ငါသည်ပဋိညာဉ်ကျောက်ပြား နှစ်ပြားကိုယူဆောင်၍ တောင်ပေါ်မှပြန်ဆင်းခဲ့ သည်။ တောင်မှမီးတောက်မီးလျှံများထွက် လျက်ရှိ၏။-
နောင်အခါ၌ဣသရေလအမျိုးသားတို့နှင့် ငါပြုမည့်ပဋိညာဉ်ဟူမူကား၊ ငါထာဝရဘုရားသည်ငါ့ပညတ်များကို သူတို့၏စိတ်နှလုံးထဲသို့ထည့်သွင်းမည်။ သူတို့၏နှလုံးသားပေါ်မှာရေးသားမည်။ ငါသည်သူတို့ဘုရားဖြစ်မည်။ သူတို့သည်လည်းငါ၏လူစုဖြစ်ကြလိမ့်မည်။