ယဇ်ပုရောဟိတ်အာရုန်နှင့်သူ၏သားများ သန့်ရှင်းရာဌာနတော်တွင်အမှုထမ်းဆောင် စဉ်ဝတ်ဆင်ရန်၊ ထည်ဝါခန့်ညားသောအဝတ် အထည်များစသည်တို့အတွက်စီမံ ဆောင်ရွက်ရကြမည်'' ဟုဆင့်ဆိုလေ၏။
ထွက်မြောက် 31:10 - Common Language Bible အာရုန်နှင့်သူ၏သားများယဇ်ပုရောဟိတ် အမှုကိုဆောင်ရွက်ရာ၌ ဝတ်ဆင်ရန်၊ ထည် ဝါသောယဇ်ပုရောဟိတ်ဝတ်စုံများ၊- Garrad Bible အင် တုံ နှင့် အောက် ခြေ ကို လည်း ကောင်း၊ ပ ရော ဟိတ် အ မှု ဆောင် ရွက် ကြ စေ ခြင်း ငှါ၊ ပ ရော ဟိတ် အာ ရုန် ဝတ် ရုံ ရန် ဖွတ် မြီး ထိုး အ ဝတ်၊ သန့် ရှင်း သော သင်္ကန်း စုံ နှင့် သား တို့ သင်္ကန်း ကို လည်း ကောင်း၊ Judson Bible အမှုတော်ကိုထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကိုဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန်နှင့် သူ၏သားဝတ်ဖို့ သန့်ရှင်းသောအဝတ်ကိုလည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အာရုန်အတွက်ရက်ထည်အဝတ်တန်ဆာ၊ သန့်ရှင်းသောအဝတ်တန်ဆာနှင့် ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာကိုလည်းကောင်း၊ |
ယဇ်ပုရောဟိတ်အာရုန်နှင့်သူ၏သားများ သန့်ရှင်းရာဌာနတော်တွင်အမှုထမ်းဆောင် စဉ်ဝတ်ဆင်ရန်၊ ထည်ဝါခန့်ညားသောအဝတ် အထည်များစသည်တို့အတွက်စီမံ ဆောင်ရွက်ရကြမည်'' ဟုဆင့်ဆိုလေ၏။
ထိုနောက်မောရှေသည်ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းအာရုန်၏သားများကို ရှေ့သို့ခေါ်ဆောင်၍ အင်္ကျီများကိုဝတ်ဆင်ပေး ပြီးနောက်ခါးပန်းကိုခါးတွင်စည်းပေး၏။ ဦး ခေါင်းများပေါ်တွင်လည်းဦးထုပ်များကို ဆောင်းပေး၏။