ယင်းသို့နေထိုင်မှုသည်အာရုန်၏ဦးခေါင်းမှ သူ၏မုတ်ဆိတ်နှင့်ဝတ်လုံအင်္ကျီလည်ခွံသို့ တိုင်အောင် စီးကျလာသည့်အဖိုးတန်ဘိသိက်ဆီကဲ့သို့ဖြစ်၏။
ထွက်မြောက် 29:7 - Common Language Bible ထိုနောက်သူ၏ဦးခေါင်းပေါ်မှာဘိသိက်ဆီ လောင်းလျက်ဘိသိက်ပေးရမည်။ Garrad Bible ဘိ သိက် ဆီ ကို ယူ လျက် ဦး ခေါင်း ပေါ် တွင် သွန်း လောင်း လော့။ Judson Bible ထိုအခါ လိမ်းစရာဆီကိုယူ၍ သူ၏ခေါင်းပေါ်၌လောင်းသဖြင့် သူ့ကိုလိမ်းရမည်။ မြန်မာ့စံမီသမ္မာကျမ်း ဘိသိက်ဆီကိုယူ၍ သူ၏ခေါင်းပေါ်၌လောင်းလျက် သူ့ကိုဘိသိက်ပေးရမည်။ |
ယင်းသို့နေထိုင်မှုသည်အာရုန်၏ဦးခေါင်းမှ သူ၏မုတ်ဆိတ်နှင့်ဝတ်လုံအင်္ကျီလည်ခွံသို့ တိုင်အောင် စီးကျလာသည့်အဖိုးတန်ဘိသိက်ဆီကဲ့သို့ဖြစ်၏။
ငါ၏အစေခံဒါဝိဒ်ကိုဆီတော်ဖြင့်ဘိသိက် ပေး၍ ဘုရင်အဖြစ်ငါခန့်ထားပြီ။
ထိုအဝတ်အင်္ကျီများကိုသင်၏အစ်ကိုအာရုန် နှင့် သူ၏သားတို့အားဝတ်ဆင်ပေးလော့။ ထိုနောက် သူတို့သည်ငါ၏အမှုတော်ကိုထမ်းဆောင်နိုင် ရန် ယဇ်ပုရောဟိတ်များအဖြစ်သင်သည်သူတို့ အားသံလွင်ဆီဖြင့်ဘိသိက်ပေးလော့။-
အာရုန်အားယဇ်ပုရောဟိတ်အဝတ်တန်ဆာ များကိုဝတ်ဆင်စေ၍၊ ဘိသိက်ဆီလောင်း လျက်သူ့အားဆက်ကပ်၍၊ ငါ့အတွက်ယဇ် ပုရောဟိတ်အဖြစ်ဆောင်ရွက်စေလော့။-
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
သင်တို့ကားထာဝရဘုရား၏သိက္ခာတင် ဆီလောင်း၍ ဆက်ကပ်ထားသူများဖြစ်သော ကြောင့် သင်တို့သည်တဲတော်တံခါးမှထွက် ခွာမသွားရ။ ထွက်ခွာသွားလျှင်သင်တို့သေ ရမည်'' ဟုဆိုလေ၏။ သူတို့သည်မောရှေ မှာကြားသည့်အတိုင်းလိုက်နာကြလေသည်။
ယဇ်ပုရောဟိတ်မင်းသည်ဦးခေါင်းပေါ်တွင် ဆီလောင်း၍ ဘိသိက်ခံလျက်ယဇ်ပုရောဟိတ် ဝတ်စုံကိုဝတ်ဆင်ထားသူဖြစ်သောကြောင့် ဝမ်းနည်းသည့်အနေဖြင့် မိမိဆံပင်ကို ဖားလျားမချရ။ မိမိ၏အဝတ်ကိုလည်း မဆုတ်မဖြဲရ။-
ဤဝေစုသည်အာရုန်နှင့်သူ၏သားတို့ယဇ် ပုရောဟိတ်များအဖြစ် သိက္ခာခံယူသည့်နေ့ ၌ထာဝရဘုရားအားပူဇော်သောယဇ် ကောင်မှရရှိခဲ့သောဝေစုဖြစ်သည်။-
ထိုအခါကောင်းကင်တမန်က``ဤအရာ တို့သည်ကမ္ဘာမြေပြင်တစ်ခုလုံးကိုအစိုး ရသောအရှင်၊ ဘုရားသခင်၏အမှုတော် ကိုထမ်းဆောင်ရန်ကိုယ်တော်ရွေးချယ်ဘိသိက် ပေးတော်မူသောသူနှစ်ဦးဖြစ်၏'' ဟုဆို လေသည်။
လူပရိသတ်သည်လူသတ်မှုကူးလွန်သူ အားသေဆုံးသူ၏ဆွေမျိုးတော်စပ်သူလက် မှကယ်တင်၍ သူထွက်ပြေးခိုလှုံခဲ့သောမြို့ သို့ပြန်ပို့ရမည်။ သူသည်ထိုစဉ်ကအမှုထမ်း နေဆဲယဇ်ပုရောဟိတ်မင်းအနိစ္စရောက်သည် အထိထိုမြို့တွင်နေထိုင်ရမည်။-
ဘုရားသခင်သည်မိမိစေလွှတ်တော်မူသောသူ အားဝိညာဉ်တော်ကိုအပြည့်အဝချပေးတော် မူသည်ဖြစ်၍ ထိုသူသည်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဖော်ပြတတ်၏။-
သင်တို့မူကားခရစ်တော်သည်မိမိ၏ဝိညာဉ် တော်ကိုသင်တို့အပေါ်သို့သွန်းလောင်းတော်မူ ပြီ။ ဝိညာဉ်တော်သည်သင်တို့စိတ်နှလုံးတွင် ကိန်းအောင်းလျက်နေတော်မူသမျှကာလ ပတ်လုံးသင်တို့အားအခြားအဘယ်အရာမျှ သွန်သင်ပေးစရာမလို။ အဘယ်ကြောင့်ဆို သော်ကိုယ်တော်၏ဝိညာဉ်တော်သည်သင်တို့အား ခပ်သိမ်းသောအမှုအရာတို့ကိုသွန်သင်ပေး တော်မူသောကြောင့်ဖြစ်၏။ ဝိညာဉ်တော်သွန်သင် တော်မူသောအရာတို့သည်မှန်ကန်၍အမှား မရှိ။ ထို့ကြောင့်သင်တို့သည်ဝိညာဉ်တော်သွန် သင်သည့်အတိုင်းလိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်ကြ လော့။