ဝတ်ပြု 7:35 - Common Language Bible35 ဤဝေစုသည်အာရုန်နှင့်သူ၏သားတို့ယဇ် ပုရောဟိတ်များအဖြစ် သိက္ခာခံယူသည့်နေ့ ၌ထာဝရဘုရားအားပူဇော်သောယဇ် ကောင်မှရရှိခဲ့သောဝေစုဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible35-36 အာ ရုန် နှင့် သား စဉ် မြေး ဆက် တို့ ကို ထာ ဝ ရ ဘု ရား ရှေ့ ပ ရော ဟိတ် အ မှု ဆောင် ရွက် စေ ရန် ဘိ သိက် သွန်း၍ ခေါ် ယူ သော နေ့၌ မီး ပူ ဇော် ရာ တော် များ အ နက် ဆို ခဲ့ သော ပိုင် စု ကို ဣ သ ရေ လ အ မျိုး သား တို့ လှူ ကြ ရ မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း အ မျိုး အ စဉ် အ ဆက် အ မြဲ ထုံး ဖွဲ့ ချက် ဆွမ်း ကား ထို သို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible35 ထိုသို့ အာရုန်နှင့်သူ၏သားတို့သည်၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကိုခန့်ထားသောနေ့၌၊ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာများထဲက၊ သူတို့ခံရသောအဖို့ ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း35 ဤဝေစုသည် ယဇ်ပုရောဟိတ်အဖြစ် ထာဝရဘုရားထံ၌ အမှုတော်ကိုဆောင်ရွက်ရန် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်သောနေ့မှစ၍ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ အာရုန်၏ဝေစုနှင့် သူ့သားတို့၏ဝေစုဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်းငယ်နှင့် ဘိသိက်ဆီအနည်းငယ်ကိုယူ၍၊ အာရုန်နှင့် သူ၏အဝတ်အင်္ကျီတို့အပေါ်၌လည်းကောင်း၊ သူ၏သားများနှင့်သူတို့၏အဝတ်အင်္ကျီတို့ အပေါ်၌လည်းကောင်းဖျန်းရမည်။ ဤနည်း အားဖြင့်အာရုန်နှင့်သူ၏အဝတ်အင်္ကျီတို့ ကိုလည်းကောင်း၊ သူ၏သားများနှင့်သူတို့ ၏အဝတ်အင်္ကျီများကိုလည်းကောင်းငါ့ အားဆက်ကပ်ရမည်။
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
ထို့နောက်မောရှေသည်သိက္ခာတင်ဆီအနည်း ငယ်နှင့်ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်း ငယ်ကိုယူ၍ အာရုန်နှင့်သူ၏သားများအပေါ် သို့လည်းကောင်း၊ သူတို့၏အဝတ်များအပေါ် သို့လည်းကောင်းပက်ဖျန်းလေသည်။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့်သူသည် အာရုန်နှင့် သူ၏သားများနှင့်တကွသူတို့ဝတ်ဆင် သောအဝတ်များကို ထာဝရဘုရားထံ ဆက်ကပ်လေသည်။
သင်တို့မူကားခရစ်တော်သည်မိမိ၏ဝိညာဉ် တော်ကိုသင်တို့အပေါ်သို့သွန်းလောင်းတော်မူ ပြီ။ ဝိညာဉ်တော်သည်သင်တို့စိတ်နှလုံးတွင် ကိန်းအောင်းလျက်နေတော်မူသမျှကာလ ပတ်လုံးသင်တို့အားအခြားအဘယ်အရာမျှ သွန်သင်ပေးစရာမလို။ အဘယ်ကြောင့်ဆို သော်ကိုယ်တော်၏ဝိညာဉ်တော်သည်သင်တို့အား ခပ်သိမ်းသောအမှုအရာတို့ကိုသွန်သင်ပေး တော်မူသောကြောင့်ဖြစ်၏။ ဝိညာဉ်တော်သွန်သင် တော်မူသောအရာတို့သည်မှန်ကန်၍အမှား မရှိ။ ထို့ကြောင့်သင်တို့သည်ဝိညာဉ်တော်သွန် သင်သည့်အတိုင်းလိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်ကြ လော့။
ငါသည်ဣသရေလသားချင်းစုရှိသမျှ တို့အနက် သူ၏အိမ်ထောင်စုကိုငါ၏ယဇ် ပလ္လင်ပေါ်မှာပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ၏အလိုတော်ကိုသိရှိရန် သင်တိုင်းကိုဝတ်ဆင်ခြင်းအမှုတို့ကိုဆောင် ရွက်ရန်အတွက် ငါ၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်ရွေးချယ်ခန့်ထားခဲ့၏။ ထို့ပြင် ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည့်ယဇ် ကောင်များမှဝေစုကိုရယူနိုင်ခွင့်ကို လည်း သူတို့အားငါပေးထား၏။-