ထိုနေရာ၌ငါသည်သင်တို့နှင့်တွေ့ဆုံမည်။ ငါ သည်ခေရုဗိမ်နှစ်ပါးအကြားအဖုံးပေါ်မှနေ တော်မူ၍ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရန်ရှိသမျှကိုသင့်အားငါမြွက် ဆိုမည်။
ထွက်မြောက် 29:42 - Common Language Bible ငါစံရာတဲတော်တံခါးဝ၌ဤမီးရှို့ရာ ယဇ်ကို၊ ငါ၏ရှေ့တော်တွင်သားစဉ်မြေးဆက် ပူဇော်ရမည်။ ထိုနေရာတွင်ငါသည်ငါ၏ လူမျိုးတော်နှင့်တွေ့ဆုံစကားပြောမည်။- Garrad Bible သင် တို့ အား မိန့် မြွက် ရန် ငါ တွေ့ ဆုံ မည့် ဌာ န၊ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး၊ သင် တို့ အ မျိုး အ စဉ် အ ဆက်၊ ဆက် မြဲ မီး ရှို့ ရာ သ က္ကာ ဖြစ် ၏။ Judson Bible ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် သင်နှင့်ငါတွေ့၍ နှုတ်ဆက်ရာအရပ်၊ ထာဝရဘုရားရှေ့တော်၌၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ အစဉ်မပြတ်မီးရှို့သောယဇ်ကို ပူဇော်ရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ငါသည် သင်တို့နှင့်တွေ့ဆုံ၍ သင်နှင့်စကားပြောမည်။ ထိုနေရာ၌ ဤမီးရှို့ရာယဇ်ကို သင်တို့မျိုးဆက်အစဉ်အဆက် အစဉ်မပြတ်ပူဇော်ရမည်။ |
ထိုနေရာ၌ငါသည်သင်တို့နှင့်တွေ့ဆုံမည်။ ငါ သည်ခေရုဗိမ်နှစ်ပါးအကြားအဖုံးပေါ်မှနေ တော်မူ၍ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရန်ရှိသမျှကိုသင့်အားငါမြွက် ဆိုမည်။
အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။
ညနေတွင်ဒုတိယသိုးကိုပူဇော်လော့။ နံ နက်တွင်ပူဇော်သောမုန့်ညက်၊ သံလွင်ဆီ၊ စပျစ် ရည်အခြင်အတွယ်အတိုင်း၊ ညနေ၌လည်း ပူဇော်လော့။ ဤသည်ကားငါထာဝရဘုရား နှစ်သက်တော်မူသောမွှေးကြိုင်သည့်ပူဇော် သကာဖြစ်၏။-
ထိုနေရာတွင်ငါသည်ဣသရေလအမျိုး သားတို့နှင့်တွေ့ဆုံ၍၊ ငါ၏တောက်ပသော ဘုန်းအသရေတော်ဖြင့် ထိုအရပ်ကိုသန့်ရှင်း ရာအရပ်ဖြစ်စေမည်။-
ထိုနံ့သာပေါင်းအချို့ကိုညက်အောင်ထောင်း၍၊ ငါစံရာတဲတော်အတွင်းငါ၏ရှေ့တော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ပဋိညာဉ်သေတ္တာအရှေ့၌ ဖြူးရမည်။ ထိုနံ့သာပေါင်းကိုအလွန်သန့် ရှင်းသောနံ့သာပေါင်းအဖြစ်လက်ခံရမည်။-
ဣသရေလအမျိုးသားများစခန်းချ သည့်အခါတိုင်း၊ မောရှေသည်တဲတော်ကို စခန်းအပြင်ဘက်ခပ်လှမ်းလှမ်းအကွာ နေရာတွင်ဆောက်လေ့ရှိ၏။ တဲတော်ကို ထာဝရဘုရားစံတော်မူရာတဲတော် ဟူ၍နာမည်မှည့်ခေါ်၏။ ထာဝရဘုရား ၏အလိုတော်ကိုသိလိုသူသည် ထာဝရ ဘုရားစံတော်မူရာတဲတော်သို့သွား ရသည်။-
ကူရိုးနှင့်လူသည်ငါ၏အနီးတွင်ရပ်၍ နေစဉ်ဗိမာန်တော်အထဲမှထာဝရ ဘုရားမိန့်တော်မူသံကိုငါကြားရ၏။-
နံနက်၌ထာဝရဘုရားအားသိုးငယ်၊ မုန့်ညက်နှင့်သံလွင်ဆီတို့ကိုအစဉ်အမြဲ ဆက်ကပ်ကြစေ'' ဟုမိန့်တော်မူ၏။
တောင်ဝှေးများကိုငါစံတော်မူရာတဲ တော်သို့ယူဆောင်၍သင့်ကိုငါတွေ့ဆုံရာ ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ထားလော့။-
ပထမသိုးကလေးနှင့်အတူယဇ်ပလ္လင်တွင် စပျစ်ရည်နှစ်ပိုင့်ကိုလောင်း၍စပျစ်ရည် သကာအဖြစ်ဆက်သရမည်။-