``တဲတော်အဝင်ဝ၌ကာရန်အတွက်သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချော ဖြင့်ရက်၍ ပန်းအလှဖော်ထားသောကန့်လန့်ကာ တစ်ခုကိုလည်းပြုလုပ်ရမည်။-
ထွက်မြောက် 29:4 - Common Language Bible ``အာရုန်နှင့်သူ၏သားများကို ငါစံရာတဲ တော်တံခါးဝသို့ခေါ်ဆောင်ခဲ့ပြီးလျှင် သူ တို့အားရေချိုးစေရမည်။- Garrad Bible အာ ရုန် နှင့် သား တို့ ကို တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ သို့ ခေါ်၍ ရေ ဆေး ကြော စေ ပြီး လျှင်၊ Judson Bible အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ခေါ်ခဲ့၍ ရေချိုးရမည်။ မြန်မာ့စံမီသမ္မာကျမ်း အာရုန်နှင့်သူ၏သားတို့ကိုလည်း တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ ခေါ်လာ၍ သူတို့ကို ရေဖြင့် ဆေးကြောရမည်။ |
``တဲတော်အဝင်ဝ၌ကာရန်အတွက်သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချော ဖြင့်ရက်၍ ပန်းအလှဖော်ထားသောကန့်လန့်ကာ တစ်ခုကိုလည်းပြုလုပ်ရမည်။-
ထိုမုန့်များကိုတောင်းတစ်လုံးတွင်ထည့် လော့။ နွားနှင့်သိုးနှစ်ကောင်ကိုယဇ်ပူဇော် သောအခါ၊ မုန့်များကိုပါငါ့အားပူဇော် လော့။
``အာရုန်နှင့်သားများကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ်ဆောင် ၍၊ ရေဖြင့်ဆေးကြောသန့်စင်စေလော့။-
ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
ယဇ်ပုရောဟိတ်များသည်ဗိမာန်တော်ထဲ သို့ရောက်ရှိကြပြီးနောက်တံတိုင်းအပြင် ဝင်းသို့ပြန်၍ထွက်လိုကြသောအခါ မိမိ တို့ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက် နေစဉ်ဝတ်ဆင်ထားသောသန့်ရှင်းမြင့်မြတ် သည့်အဝတ်တို့ကို ဤအခန်းများတွင်ချွတ် ထားခဲ့ရကြ၏။ သူတို့သည်လူတို့စုဝေး ရာအရပ်သို့ထွက်ခွာ၍မသွားမီအဝတ် များကိုလဲရကြလေသည်။
ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
ထိုနောက်ဣသရေလတစ်မျိုးသားလုံးကို စုရုံးစေ၍ လေဝိအနွယ်ဝင်တို့အားငါစံ တော်မူရာတဲတော်ရှေ့တွင်ရပ်စေရမည်။-
ကိုယ်တော်သည်မိမိအသက်ကိုစွန့်တော်မူခြင်း မှာအသင်းတော်ကိုရေဖြင့်သန့်ရှင်းစေပြီးလျှင် နှုတ်ကပတ်တော်ဖြင့်ဘုရားသခင်အားဆက် ကပ်တော်မူသဖြင့်၊-
ထိုသူသည်ညနေအချိန်တွင်ရေချိုး၍ နေ ဝင်ချိန်တွင်တပ်စခန်းထဲသို့ပြန်ဝင်နိုင်သည်။
ငါတို့သည်ကယ်တင်ခြင်းကိုခံရကြပေ သည်။ ဤသို့ကယ်တင်ခြင်းခံရသည်မှာငါ တို့ကိုယ်တိုင်ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်။ ကိုယ်တော်သည်မိမိ၏ ကရုဏာတော်နှင့်အညီသန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ငါတို့အားအသစ်သောမွေး ခြင်းနှင့်ဘဝသစ်ကိုဆေးကြောခြင်းဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။-
သို့ဖြစ်၍ငါတို့သည်မိမိတို့၏သန့်သော သြတ္တပ္ပစိတ်စင်ကြယ်လျက် ငါတို့၏ကိုယ်ခန္ဓာ များကိုရေစင်ဖြင့်ဆေးကြော၍ရိုးသားသော စိတ်၊ ခိုင်မာသောယုံကြည်ခြင်းတို့ဖြင့်ဘုရား သခင်ထံတော်သို့ချဉ်းကပ်ကြကုန်အံ့။-
ဤတွင်ရေဟုဆိုရာ၌သင်တို့ကိုယခုကယ် တင်သောဗတ္တိဇံမင်္ဂလာကိုပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာခံယူခြင်းသည်ကိုယ်ကာယ အညစ်အကြေးများကိုသန့်စင်ဆေးကြော ခြင်းမဟုတ်။ သြတ္တပ္ပစိတ်ကြည်လင်စွာဖြင့် ဘုရားသခင်၏ရှေ့တော်၌ကတိသစ္စာပြု ခြင်းဖြစ်ပေသည်။ သေခြင်းမှသခင်ယေရှု ခရစ်ရှင်ပြန်ထမြောက်တော်မူခြင်းကို အကြောင်းပြု၍ သင်တို့သည်ဗတ္တိဇံအား ဖြင့်ကယ်တင်ခြင်းကိုခံရကြ၏။-