သင့်အစ်ကိုအာရုန်အတွက်ခန့်ညားထည်ဝါ သောယဇ်ပုရောဟိတ်ဝတ်စုံကိုချုပ်လုပ်ပေး ရမည်။-
ထွက်မြောက် 29:28 - Common Language Bible ငါ၏လူမျိုးတော်သည်မိတ်သဟာယယဇ် ကိုပူဇော်သောအခါ၊ ယဇ်ကောင်၏ရင်ပုံသား နှင့်ပေါင်ကိုယဇ်ပုရောဟိတ်အားဝေပုံစု အဖြစ်ပေးရမည်ဟူသောပညတ်ကိုအမြဲ စောင့်ရှောက်လော့။ ဤကား၊ လူတို့ကငါထာဝရ ဘုရားအားဆက်သသောပူဇော်သကာဖြစ်၏။ Garrad Bible မြှောက် ဆက် ရာ အ လှူ ဖြစ် သည် နှင့် အ ညီ အ မြဲ ထုံး ဖွဲ့ ချက် အ တိုင်း၊ အာ ရုန် နှင့် သား စဉ် မြေး ဆက် တို့ အား ဣ သ ရေ လ အ မျိုး သား တို့ သည် ထို သို့ လှူ ကြ ရ မည်။ ဤ ကား ဣ သ ရေ လ အ မျိုး သား တို့ ဆက် ကပ် သော မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ အ နက် ငါ ထာ ဝ ရ ဘု ရား အား မြှောက် ဆက် ရာ အ လှူ ဖြစ် သ တည်း။ Judson Bible ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရပညတ်တော်အတိုင်း၊ ဣသရေလအမျိုးသားလှူသော အာရုန်၏အဖို့၊ သူ့သားတို့၏အဖို့ဖြစ်ရမည်။ ဣသရေလအမျိုးသားပြုသော မိတ်သဟာယယဇ်ထဲက၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်၍၊ ချီမြှောက်ရာပူဇော်သကာဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအရာတို့သည် အစ္စရေးအမျိုးသားတို့ထံမှ အာရုန်နှင့်သူ၏သားတို့ အစဉ်အမြဲရရှိရမည့်ဝေစုဖြစ်၏။ အကြောင်းမူကား ထိုအရာတို့သည် အလှူပစ္စည်းဖြစ်၏။ ထိုအလှူပစ္စည်းသည် အစ္စရေးအမျိုးသားတို့၏မိတ်သဟာယယဇ်များမှ ထာဝရဘုရားအား ပေးလှူသောအလှူပစ္စည်းဖြစ်၏။ |
သင့်အစ်ကိုအာရုန်အတွက်ခန့်ညားထည်ဝါ သောယဇ်ပုရောဟိတ်ဝတ်စုံကိုချုပ်လုပ်ပေး ရမည်။-
``ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ပူဇော် သောသိုး၏ရင်ပုံသားနှင့်ပေါင်ကိုအထူး ပူဇော်သကာအဖြစ် ငါ့အားဆက်သသော အခါထိုအသားပိုင်းတို့သည် ယဇ်ပုရော ဟိတ်များ၏ဝေစုဖြစ်စေရမည်။-
``အာရုန်အနိစ္စရောက်သောအခါ၊ သူ၏သား တို့သည် ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ဝတ်ဆင်နိုင်စေရန်၊ သူ၏ယဇ်ပုရောဟိတ် ဝတ်စုံကိုဆက်ခံစေရမည်။-
တစ်စုံတစ်ယောက်သည် မိမိ၏နွားတစ်ကောင် ကိုမိတ်သဟာယယဇ်အဖြစ်ပူဇော်လိုလျှင် ထိုနွားသည်အပြစ်အနာကင်းသောနွားထီး သို့မဟုတ်နွားမဖြစ်ရမည်။-
သင်တို့ဖုတ်သောမုန့်မှဤအထူးလှူဖွယ် ကိုထာဝရဘုရားအား သင်တို့အမျိုး အစဉ်အဆက်ပူဇော်ဆက်သရမည်။
ထာဝရဘုရားသည်အာရုန်အား``မီးရှို့ရာ ယဇ်မဟုတ်သောအထူးပူဇော်သကာဟူ သမျှတို့ကို သင်နှင့်သင်၏သားတို့အား ငါပေးသည်။ ဤဝေစုကိုသင်နှင့်သင်၏ သားအစဉ်အဆက်တို့အားငါပေး၏။-
တောင်ပေါ်တွင်မောရှေသည်အာရုန်၏ယဇ် ပုရောဟိတ်ဝတ်စုံများကိုချွတ်၍ ဧလာဇာ အားဝတ်ဆင်ပေးလေသည်။ အာရုန်သည်ထို တောင်ပေါ်တွင်အနိစ္စရောက်လေ၏။ မောရှေ နှင့်ဧလာဇာတို့သည်တောင်အောက်သို့ ဆင်းလာကြ၏။-
ထာဝရဘုရားအားဆက်သရန်အထူးလှူဖွယ် အဖြစ် ထိုဝေစုကိုယဇ်ပုရောဟိတ်ဧလာဇာ အားပေးအပ်ရမည်။-
သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း မောရှေသည်ထာဝရဘုရားအား ဆက်သရန် အထူးလှူဖွယ်အဖြစ်ဝေစုကို ဧလာဇာအားပေးအပ်လေသည်။
ယဇ်ပုရောဟိတ်မှတစ်ဆင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားဆက်သသော အထူးအလှူဒါနရှိသမျှကိုယဇ်ပုရော ဟိတ်ပိုင်သည်။-
ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာများ ကိုထာဝရဘုရားအား အထူးလှူဖွယ် အဖြစ်ဆက်သရမည်။ ထိုပူဇော်သကာများ အပြင်ပညတ်တော်အရ ယဇ်ပုရောဟိတ် ပိုင်သောသိုး၏ရင်ပုံသားနှင့်ပေါင်တို့သည် ယဇ်ပုရောဟိတ်အတွက်လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ သို့ပြီးမှနာဇရိဂိုဏ်းဝင်သည် စပျစ်ရည်ကိုသောက်နိုင်သည်။
``နွားသို့မဟုတ်သိုးကိုယဇ်ပူဇော်သောအခါ ပခုံး၊ မေးရိုးနှင့်အစာအိမ်ကိုယဇ်ပုရော ဟိတ်တို့အားပေးရမည်။-