ထွက်မြောက် 28:8 - Common Language Bible ရင်စည်းကိုလည်းအလားတူပစ္စည်းတို့ဖြင့်ချုပ် လုပ်၍ သင်တိုင်းနှင့်တစ်ဆက်တည်းဖြစ်စေရမည်။- Garrad Bible ကိုယ် ဝတ် ရင် စည်း ကို လည်း အ ပြာ အ မောင်း အ နီ ချည် မှ စ၍ ရွှေ ချည်၊ ပိုး လျှော် များ နှင့် အ ဆင် တူ တစ် ဆက် တည်း လုပ် လော့။ Judson Bible သင်တိုင်းအပေါ်နား၌ ထူးဆန်းသောရင်စည်းကိုလည်း၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကိုလည်းကောင်း လုပ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ဧဖုဒ်ပေါ်ရှိ ခါးပတ်ပြားကိုလည်း ဧဖုဒ်လုပ်သကဲ့သို့ပင် ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် ချုပ်လုပ်ရမည်။ |
မဟူရာကျောက်နှစ်လုံးကိုယူ၍၊ ၎င်းတို့အပေါ် တွင် ယာကုပ်၏သားတစ်ဆယ့်နှစ်ယောက်တို့၏ နာမည်များကိုထွင်းရမည်။-
ထိုနောက်ယဇ်ပုရောဟိတ်အဝတ်တန်ဆာ များဖြစ်သောအင်္ကျီ၊ ဝတ်ရုံ၊ သင်တိုင်းနှင့် ရင်ဖုံးတို့ကိုအာရုန်အားဝတ်ဆင်ပေး၍ ရင်စည်းကိုပေးရမည်။-
ထာဝရဘုရားကမောရှေအားမိန့်တော်မူသည့် အတိုင်း၊ ကျွမ်းကျင်စွာရက်လုပ်သောခါးပန်း ကို၊ အလားတူပစ္စည်းနှင့်ရက်လုပ်၍ သင်တိုင်း နှင့်တစ်သားတည်းဖြစ်စေကြ၏။-
အာရုန်အားအင်္ကျီ၊ ဝတ်ရုံနှင့်ခါးပန်းကို ခါးတွင်ဝတ်ဆင်ပေး၏။ ထိုနောက်သင်တိုင်း ကိုဝတ်ပေး၍လှပစွာရက်ထားသောခါး စည်းဖြင့်သင်တိုင်းကိုချည်နှောင်ပေး၏။-
သို့ဖြစ်၍သင်တို့နိုးကြား၍ သမ္မာသတိရှိ ကြလော့။ ယေရှုခရစ်ကြွလာတော်မူသော အခါ သင်တို့ခံစားရမည့်ကောင်းချီးကို အဆုံးတိုင်အောင်မျှော်လင့်လျက်နေကြလော့။-
ထိုမီးခွက်များအလယ်၌လူနှင့်တူသူတစ် ဦးကိုလည်းကောင်းတွေ့ရ၏။ ထိုသူသည်ခြေ ဖျားတိုင်အောင်ရောက်သည့်ဝတ်လုံရှည်ကိုခြုံ ၍ရွှေရင်စည်းကိုဝတ်ဆင်ထား၏။-