သူသည်အရောင်အဝါတောက်ပသည့် အဝတ်တန်ဆာကိုဝတ်ဆင်ထား၏။ သူ့ကိုအပျိုရံများလိုက်ပါလျက်မင်းကြီး ထံသို့ ခေါ်ဆောင်ခဲ့ကြ၏။ အပျိုရံများကိုလည်းမင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။
ထွက်မြောက် 28:39 - Common Language Bible ``အင်္ကျီနှင့်ခေါင်းပေါင်းကိုပိတ်ချောဖြင့် ရက်လုပ်၍ ခါးပန်းကိုပန်းထိုးထားရမည်။ Garrad Bible ကွက် ထောက် လက် ကျပ် ဝတ် လုံ နှင့် ဗောင်း ကို လျှော် ချည် ဖြင့် ရက် လုပ် ၍ ပန်း ထိုး ခါး ပန်း ကို လည်း လုပ် လော့။ Judson Bible ပိတ်ချောအင်္ကျီကိုလည်းလုပ်၍ ချယ်လှယ်ရမည်။ ဗောင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည်။ ခါးပန်းကိုလည်း ချယ်လှယ်သောအလုပ်နှင့် ပြီးစေရမည်။ မြန်မာ့စံမီသမ္မာကျမ်း ပိတ်ချောထည်အတွင်းသင်တိုင်းကို ရက်လုပ်ရမည်။ ပိတ်ချောထည်ခေါင်းပေါင်းကိုလည်း လုပ်ရမည်။ ပန်းထိုးခါးစည်းကိုလည်း လုပ်ရမည်။ |
သူသည်အရောင်အဝါတောက်ပသည့် အဝတ်တန်ဆာကိုဝတ်ဆင်ထား၏။ သူ့ကိုအပျိုရံများလိုက်ပါလျက်မင်းကြီး ထံသို့ ခေါ်ဆောင်ခဲ့ကြ၏။ အပျိုရံများကိုလည်းမင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။
``တဲတော်အဝင်ဝ၌ကာရန်အတွက်သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချော ဖြင့်ရက်၍ ပန်းအလှဖော်ထားသောကန့်လန့်ကာ တစ်ခုကိုလည်းပြုလုပ်ရမည်။-
တဲတော်ဝင်းတံခါးဝအတွက်အလျားဆယ် ကိုက်ရှိ၍သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်နှင့်ချည်ချောတို့ဖြင့်ရက်သောပန်းထိုး ကန့်လန့်ကာပြုလုပ်ရမည်။ ထိုကန့်လန့်ကာကို ဖိနပ်လေးခုတွင်စွပ်ထားသောတိုင်လေးတိုင် ဖြင့်ချိတ်ဆွဲရမည်။-
ထိုသူတို့ချုပ်လုပ်ရမည့်အထည်ဝတ်စုံတို့ သည်ကား ရင်ဖုံး၊ သင်တိုင်း၊ ဝတ်ရုံ၊ ပန်းဖောက်ထား သောအင်္ကျီ၊ ခေါင်းပေါင်း၊ ခါးပန်းတို့ဖြစ်သည်။ ထို အဝတ်တန်ဆာတို့သည်သင်၏အစ်ကိုအာရုန် နှင့်သူ၏သားများသည်၊ ယဇ်ပုရောဟိတ်များ အဖြစ် ငါ၏အမှုကိုထမ်းဆောင်ရာ၌ဝတ် ဆင်ရမည့်ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သည်။-
ထိုနောက်ယဇ်ပုရောဟိတ်အဝတ်တန်ဆာ များဖြစ်သောအင်္ကျီ၊ ဝတ်ရုံ၊ သင်တိုင်းနှင့် ရင်ဖုံးတို့ကိုအာရုန်အားဝတ်ဆင်ပေး၍ ရင်စည်းကိုပေးရမည်။-
ဦးခေါင်းပေါ်တွင်ခေါင်းပေါင်းကိုတင်၍ `ထာဝရ ဘုရားအား ဆက်ကပ်ထားသည်' ဟုကမ္ပည်းထွင်း ထားသောရွှေပြားကိုခေါင်းပေါင်းပေါ်တွင် ချည်ရမည်။-
ထိုနောက်ထာဝရဘုရားသည် အောက်ပါညွှန် ကြားချက်များကိုပေးတော်မူ၏။ အာရုန်သည် အလွန်သန့်ရှင်းရာဌာနတော်ထဲသို့မဝင်မီ ရေချိုး၍ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သောပိတ်ချောဝတ်ရုံ၊ ဘောင်းဘီ၊ ခါးစည်း နှင့်ဗောင်းထုပ်များကိုဝတ်ဆင်ရမည်။
ထိုနောက်ယဇ်ပုရောဟိတ်သည်ပိတ်ချော အပေါ်ရုံအင်္ကျီ၊ ပိတ်ချောဘောင်းဘီတို့ကို ဝတ်ဆင်၍ယဇ်ပလ္လင်ပေါ်ရှိယဇ်ကောင်မှ ကျွမ်းလောင်သောပြာကိုပလ္လင်ဘေးတွင် ထားရမည်။-