သူသည်ဣသရေလဟူသောနာမည်ဖြင့် ထာဝရဘုရားသမုတ်တော်မူသူ ယာကုပ်မှ ဆင်းသက်လာသောတစ်ဆယ့်နှစ်နွယ်ကိုရည် စူး၍ကျောက်ဆယ့်နှစ်လုံးကိုယူပြီးလျှင်၊-
ထွက်မြောက် 28:21 - Common Language Bible ဣသရေလတစ်ဆယ်နှစ်မျိုးကိုရည်ဆောင်၍ ကျောက်မျက်တစ်ဆယ်နှစ်လုံးတွင်တစ်လုံးစီ ၌ ယာကုပ်၏သားတစ်ယောက်စီ၏နာမည်ကို ထွင်းထားရမည်။- Garrad Bible တံ ဆိပ် ပေါ် မှာ ရေး တင် သ ကဲ့ သို့ ဣ သ ရေ လ၏ သား တို့ အမည် အ လိုက်၊ ထို ကျောက် မျက် များ တွင် ရေး တင်၍ အ သီး အ သီး အ မည် အ လျောက် ဆယ့် နှစ် နွယ် အ မှတ် အ ဖြစ် ဆယ့် နှစ် လုံး ရှိ စေ လော့။ Judson Bible ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက်တို့၌၊ ထိုတစ်ဆယ့်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက်၊ ကျောက်တစ်လုံးလျှင် နာမည်တစ်ပါးစီပါရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုကျောက်တစ်ဆယ့်နှစ်လုံးသည် အစ္စရေး၏သားတို့၏အမည်များအလိုက် စီထားရမည်။ ကမ္ပည်းတံဆိပ်အဖြစ် မျိုးနွယ်တစ်ဆယ့်နှစ်နွယ်၏နာမည်ကို ကျောက်တစ်လုံးစီ၌ ရေးထိုးရမည်။ |
သူသည်ဣသရေလဟူသောနာမည်ဖြင့် ထာဝရဘုရားသမုတ်တော်မူသူ ယာကုပ်မှ ဆင်းသက်လာသောတစ်ဆယ့်နှစ်နွယ်ကိုရည် စူး၍ကျောက်ဆယ့်နှစ်လုံးကိုယူပြီးလျှင်၊-
မောရှေသည်ထာဝရဘုရားပညတ်သမျှတို့ ကိုရေးထားလေ၏။ နောက်တစ်နေ့နံနက်စောစော တွင်မောရှေသည်တောင်ခြေရင်း၌ယဇ်ပလ္လင်ကို လည်းကောင်း၊ ဣသရေလတစ်ဆယ့်နှစ်မျိုးအတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်ဆောက်လေ၏။-
ပန်းထိမ်ပညာသည်၏လက်စွမ်းဖြင့်ကျောက်နှစ် လုံးပေါ်တွင် ယာကုပ်သားတို့၏နာမည်များကို ထွင်း၍၊ ထိုကျောက်များကိုရွှေပန်းထည်၌ထည့် ထားရမည်။-
စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့တို့ ကိုရွှေပန်းထည်များ၌ထည့်သွင်းထားရမည်။-
ထိုနေ့ရက်ကာလကျရောက်လာသောအခါ သိုးထိန်းသည်သိုးစုအားဘေးအန္တရာယ်မှ ကယ်တင်သကဲ့သို့ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်အားကယ်တင်တော်မူ လိမ့်မည်။ သူတို့သည်သရဖူမှကျောက်မျက်ရတနာ များကဲ့သို့၊ ကိုယ်တော်၏ပြည်တွင်အရောင်အဝါ ထွန်းတောက်ကြလိမ့်မည်။
သင်တို့သည်နိုင်ငံတော်တွင်ငါ၏စားပွဲ၌စား သောက်ရကြလိမ့်မည်။ ထို့အပြင်ပလ္လင်များ ပေါ်မှာထိုင်လျက်ဣသရေလတစ်ဆယ့်နှစ်နွယ် တို့အားအုပ်စိုးရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဘုရားသခင်နှင့်သခင်ယေရှုခရစ်၏အစေ ခံဖြစ်သူယာကုပ်သည် ကမ္ဘာအရပ်ရပ်သို့ပျံ့နှံ့ လျက်ရှိသည့်ဘုရားသခင်၏လူစုတော်ဝင် အပေါင်းတို့ထံသို့မေတ္တာပို့သလိုက်ပါသည်။
ထိုမြို့တွင်တံခါးပေါက်တစ်ဆယ့်နှစ်ပေါက်နှင့် မြင့်မားသောမြို့ရိုးကြီးရှိ၏။ ထိုတံခါးပေါက် တို့တွင်ကောင်းကင်တမန်တစ်ဆယ့်နှစ်ပါးစောင့် ၍ဣသရေလအမျိုးတစ်ဆယ့်နှစ်ပါးတို့၏ နာမည်များကိုတံခါးများပေါ်၌ရေးထား လျက်ရှိ၏။-