ဇာခရိ 9:16 - Common Language Bible16 ထိုနေ့ရက်ကာလကျရောက်လာသောအခါ သိုးထိန်းသည်သိုးစုအားဘေးအန္တရာယ်မှ ကယ်တင်သကဲ့သို့ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်အားကယ်တင်တော်မူ လိမ့်မည်။ သူတို့သည်သရဖူမှကျောက်မျက်ရတနာ များကဲ့သို့၊ ကိုယ်တော်၏ပြည်တွင်အရောင်အဝါ ထွန်းတောက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible16 သူ တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည်၊ ထို နေ့ ရက် ကာ လ၊ လူ မျိုး တော် ကို သိုး အုပ် သ ဖွယ် ကယ် ဆယ် မည် ဖြစ်၍၊ ထို သူ တို့ သည် ပြည် တော် တွင် တောက် ပ သော၊ န ဝ ရတ် မ ကိုဋ် ကဲ့ သို့ ဖြစ် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible16 ထိုနေ့၌ သူတို့၏ဘုရားသခင် ထာဝရဘုရားသည် မိမိလူတို့ကို သိုးစုကဲ့သို့ ကယ်တင်တော်မူလိမ့်မည်။ သူတို့သည် မြေတော်၌ ထင်ရှားသော သရဖူမျက်မွန် ကဲ့သို့ ဖြစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထိုနေ့ရက်၌ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်ကို သိုးစုသဖွယ်ကယ်တင်လိမ့်မည်။ သူတို့သည် ကျောက်မျက်သရဖူကဲ့သို့ ပြည်တော်၌ ထွန်းတောက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
``အို လူမျိုးတကာတို့၊ငါထာဝရဘုရား မိန့်တော်မူ သည်ကိုနားထောင်၍ ငါ၏ဗျာဒိတ်တော်တို့ကိုရပ်ဝေးဒေသ များသို့ ကြွေးကြော်ကြလော့။ ဣသရေလအမျိုးသားတို့အားကွဲလွင့်စေသူ ငါသည်သူတို့ကိုစုသိမ်းမည်။ သိုးထိန်းသည်မိမိ၏သိုးစုကိုစောင့်ထိန်း သကဲ့သို့ သူတို့ကိုငါစောင့်ထိန်းမည်။
``သင်တို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ကစဥ့်ကရဲဖြစ်ပြီးနောက် ပြန်လည်စုသိမ်းရရှိသည့်သိုးတို့ကိုသိုး ထိန်းသည်စောင့်ထိန်းကြည့်ရှုသကဲ့သို့ ငါ သည်မိမိ၏သိုးတို့ကိုလိုက်လံရှာဖွေကာ စောင့်ထိန်းကြည့်ရှုမည်။ မိုးအမှောင်ကျသည့် နေ့ရက်၌သူတို့ကစဥ့်ကရဲဖြစ်၍သွား ရာအရပ်ရပ်မှငါသည်သူတို့အားပြန် လည်ခေါ်ခဲ့မည်။-
ထိုဘုရင်ကြွလာသောအခါသူသည် ထာဝရ ဘုရားထံတော်မှရသောအစွမ်းသတ္တိနှင့် လည်းကောင်း၊ သူ၏ဘုရားသခင်ထာဝရ ဘုရား၏ဘုန်းတန်ခိုးတော်နှင့်လည်းကောင်း မိမိ၏လူစုကိုအုပ်စိုးလိမ့်မည်။ ကမ္ဘာတစ် ဝှမ်းလုံးတွင်ရှိသောလူအပေါင်းတို့သည် သူ ၏ကြီးမြတ်တော်မူခြင်းကိုဝန်ခံကြ သဖြင့် သူ၏လူမျိုးတော်သည်လုံခြုံစွာ နေထိုင်ရကြလိမ့်မည်။-
ကွဲလွင့်နေသူသင်တို့၏အမျိုးသားများ အား မိမိတို့ပြည်သို့ငါခေါ်ဆောင်လာမည့် အချိန်ကာလကျရောက်လာလိမ့်မည်။ ငါသည်သင်တို့အားကမ္ဘာတစ်ဝှမ်းလုံးတွင် ထင်ပေါ်ကျော်ကြားစေမည်။ သင်တို့ကိုတစ်ဖန်ပြန်လည်ကောင်းစား စေမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။ ပရောဖက်ဇေဖနိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
``ငါသည်ယုဒပြည်သားတို့ကိုကြံ့ခိုင် စေ၍ ဣသရေလပြည်သားတို့ကိုကယ်တင်မည်။ ငါသည်သူတို့အားကရုဏာထား၍၊မိမိ တို့ နေရင်းဌာနေသို့ပြန်လည်ခေါ်ဆောင်လာ မည်။ သူတို့သည်ငါ၏ပစ်ပယ်မှုကိုအဘယ် အခါ၌မျှ မခံရဘူးသူများကဲ့သို့ဖြစ်လိမ့်မည်။ ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၍ သူတို့၏ဆုတောင်းပတ္ထနာများကိုနားညောင်းမည်။