ထွက်မြောက် 28:14 - Common Language Bible ရွှေကြိုးလိမ်နှစ်ပင်ကိုပန်းထည်များတွင် တပ်ထားရမည်။ Judson Bible အဆုံး၌တပ်ရသောကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ်၍လုပ်ပြီးမှ ကျောက်အိုး၌တွဲရမည်။ မြန်မာ့စံမီသမ္မာကျမ်း ကြိုးကျစ်သကဲ့သို့ ကျစ်ထားသောရွှေစင်ကြိုးနှစ်ချောင်းကို လုပ်၍ ထိုရွှေစင်ကြိုးတို့ကို ကျောက်မျက်အိုးဖြင့် ဆက်ထားရမည်။ |
ထိုတိုင်ကြီးနှစ်လုံးမှာဆင်တူဖြစ်၍တစ်တိုင် လျှင် နှစ်ဆယ့်ခုနစ်ပေမြင့်လေသည်။ ယင်းတို့ ကိုအမြင့်လေးပေခွဲရှိကြေးဝါတိုင်ထိပ်အုပ် များတပ်ဆင်ထား၏။ ထိုတိုင်ထိပ်အုပ်တို့၏ပတ် လည်တွင် ကြေးဝါကွန်ရွက်နှင့်ကြေးဝါသလဲ သီးများဖြင့်ချယ်လှယ်၍ထားသတည်း။
ပန်းထိမ်ပညာသည်၏လက်စွမ်းဖြင့်ကျောက်နှစ် လုံးပေါ်တွင် ယာကုပ်သားတို့၏နာမည်များကို ထွင်း၍၊ ထိုကျောက်များကိုရွှေပန်းထည်၌ထည့် ထားရမည်။-
``ဘုရားသခင်၏အလိုတော်မည်သို့ရှိသည် ကိုသိနိုင်ရန် အသုံးပြုသည့်ရင်ဖုံးကိုယဇ် ပုရောဟိတ်မင်းအတွက်ချုပ်လုပ်လော့။ ရင်ဖုံး ကိုသင်တိုင်းချုပ်သည့်ပစ္စည်းများနှင့်ချုပ်လုပ် ၍အလားတူပန်းဖော်ထားရမည်။-