အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ထွက်​မြောက် 26:37 - Common Language Bible

ဤ​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​အ​ကာ​ရှ သစ်​သား​တိုင်​ငါး​တိုင်​ပြု​လုပ်​၍၊ ရွှေ​ချိတ်​များ တပ်​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍​တိုင် ဖိ​နပ်​ငါး​ခု​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ထို ကန့် လန့် ကာ အ ဖို့ ရွှေ မှို များ ပါ သော ရှား တိုင် ငါး လုံး ကို လုပ်၍ ရွှေ နှင့် မွမ်း မံ လော့။ ကြေး အောက် ခံ ခုံ ငါးခု ကို လည်း သွန်း လုပ် လော့။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ကု​လား​ကာ​ဖို့ ရွှေ​တံ​စို့​နှင့်​ပြည့်​စုံ​သော အ​ကာ​ရှ​တိုင်​ငါး​တိုင်​ကို​လုပ်၍ ရွှေ​နှင့် မွမ်း​မံ​ရ​မည်။ ကြေး​ဝါ​ခြေ​စွပ်​ငါး​ခု​ကို​လည်း သွန်း​ရ​မည်။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လိုက်ကာ​အတွက် ရွှေ​ချိတ်​များ​ပါရှိ​သည့် အကေရှား​သစ်သား​တိုင်​ငါး​တိုင်​ကို​လုပ်​၍ ရွှေ​ဖြင့်​မွမ်းမံ​ရ​မည်​။ တိုင်​များ​အတွက် အောက်ခံ​ကြေးနီ​အစွပ်​ငါး​ခု​ကို​လည်း သွန်းလုပ်​ရ​မည်​။

အခန်းကိုကြည့်ပါ။



ထွက်​မြောက် 26:37
4 ပူးပေါင်းရင်းမြစ်များ  

သေတ္တာ​အ​တွင်း​အ​ပြင်​ကို​ရွှေ​ချ​၍​အ​နား​ပတ် လည်​ကို​ရွှေ​ကွပ်​ထား​ရ​မည်။-


အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ​ချော၊ အ​ကာ​ရှ​သစ်​သား၊-


ကန့်​လန့်​ကာ​အ​တွက်၊ တိုင်​ငါး​တိုင်​ကို​လုပ်​၍၊ ကွင်း​များ​တပ်​လျက်၊ တိုင်​ထိပ်​နှင့်​တိုင်​ခါး​ပန်း တို့​ကို​ရွှေ​ချ​ထား​၏။ တိုင်​အောက်​ခံ​ခြေ​စွပ်​ခုံ ငါး​ခု​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။


ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​အ​တွက် အောက်​ခံ​များ၊ ကြေး​ဝါ​ပလ္လင်၊ ကြေး ဝါ​ဆန်​ခါ၊ ပလ္လင်​နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး၊-