ထွက်မြောက် 25:33 - Common Language Bible အလက်ခြောက်လက်မှတစ်လက်စီတွင်ပွင့်ဖူး၊ ပွင့်ချပ်ပါရှိသောဗာဒံပွင့်ပုံအလှပန်းသုံး ပွင့်ရှိစေရမည်။- Garrad Bible မီး ခုံ တော် မှ ထွက် သော ရိုး တန် ခြောက် လက် တွင် တစ် လက် တစ် လက်၌ ပွင့် ပတ်၊ ပွင့် ချပ် နှင့် တ ကွ ဗာ တံ ပွင့် သ ဏ္ဌာန် ပန်း သုံး ပွင့် ရှိ ရ မည်။ Judson Bible မီးခုံတိုင်ထဲကထွက်သော အလက်သုံးလက်တွင်၊ တစ်လက်တစ်လက်၌ ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်သုံးခွက်ရှိရမည်။ မြန်မာ့စံမီသမ္မာကျမ်း အလက်တစ်ခု၌ ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိရမည်။ အခြားအလက်တစ်ခု၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်သုံးခွက်ရှိရမည်။ ဆီမီးခုံမှထွက်သောအလက်ခြောက်လက်သည် တူရမည်။ |
မီးတင်ခုံ၏နံဘေးတစ်ဖက်တစ်ချက်တွင် သံလွင်ပင်တစ်ပင်စီရှိပါသည်'' ဟုဖြေ ကြားလိုက်လေသည်။-
ဆီမီးကိုထွန်းညှိ၍တင်းတောင်းဖြင့်အုပ်၍မ ထားတတ်ကြ။ အိမ်သူအိမ်သားအပေါင်းတို့ အလင်းရောင်ရစေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။-