ထိုသူတို့ပတ်ဝန်းကျင်ရှိလူတို့သည် သူတို့အားငွေထည်၊ ရွှေ၊ ရိက္ခာ၊ ဝန်တင်တိရစ္ဆာန်၊ အခြားအဖိုးထိုက်ပစ္စည်းများနှင့်ဗိမာန်တော်အတွက် အလှူဒါနများကိုပေးအပ်ကူညီကြလေသည်။
ထွက်မြောက် 25:2 - Common Language Bible ``ဣသရေလအမျိုးသားတို့သည် ငါ့အား လှူဖွယ်ပစ္စည်းတို့ကိုဆက်သရမည်ဟူ၍ ပြောကြားလော့။ သင်သည်အမျိုးသားတိုင်း ထံမှစေတနာအလျောက် ပေးလှူသမျှ ပစ္စည်းတို့ကိုလက်ခံရမည်။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် ငါ့ အ ဖို့ မြှောက် ဆက် ရာ အ လှူ ဝ တ္ထု ကို ဆောင် ခဲ့ ကြ စေ ရန် ဆင့် ဆို လော့။ စိတ် စေ တ နာ ထက် သန် သူ ရှိ သ မျှ တို့ ထံ မှ အ လှူ ကို ခံ ယူ လော့။ Judson Bible ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ ကြည်ညိုသောစေတနာစိတ်နှင့် ငါ့အား လှူသမျှသောသူတို့၌ သင်သည် အလှူကိုခံရမည်။ မြန်မာ့စံမီသမ္မာကျမ်း “ငါ့ထံသို့ အလှူပစ္စည်းကိုယူဆောင်လာကြမည့်အကြောင်း အစ္စရေးအမျိုးသားတို့အားဆင့်ဆိုလော့။ ငါ့အား စေတနာစိတ်ဖြင့်ပေးလှူသူအပေါင်းတို့ထံမှ အလှူပစ္စည်းကို သင်တို့ခံယူရမည်။ |
ထိုသူတို့ပတ်ဝန်းကျင်ရှိလူတို့သည် သူတို့အားငွေထည်၊ ရွှေ၊ ရိက္ခာ၊ ဝန်တင်တိရစ္ဆာန်၊ အခြားအဖိုးထိုက်ပစ္စည်းများနှင့်ဗိမာန်တော်အတွက် အလှူဒါနများကိုပေးအပ်ကူညီကြလေသည်။
ပြည်နှင်ဒဏ်သင့်သူတို့သည် ယေရုရှလင်မြို့ရှိထာဝရဘုရား၏ဗိမာန်တော်သို့ရောက်ရှိကြသောအခါ သားချင်းစုခေါင်းဆောင်အချို့တို့သည် နေရာဟောင်းတွင်ဗိမာန်တော်ပြန်လည်တည်ဆောက်ရန်အတွက် မိမိတို့စေတနာအလျောက်ပေးလှူကြလေသည်။-
ထို့အပြင်သူတို့သည်အမြဲပူဇော်ရသည့် တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုလည်းကောင်း၊ လဆန်းနေ့ပွဲတော်ကိုလည်းကောင်း၊ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရာ အခြားပွဲနေ့ များ၌ပူဇော်အပ်သည့်ယဇ်များကိုလည်း ကောင်း၊ ထာဝရဘုရားအားမိမိတို့စေတနာ အလျောက်ပေးလှူသည့်ပူဇော်သကာများ ကိုလည်းကောင်းတင်လှူပူဇော်ကြလေ သည်။-
ထို့အပြင်သင်သည်ဗာဗုလုန်ပြည်နယ်တစ် ခုလုံးမှကောက်ခံရသမျှရွှေငွေကိုလည်း ကောင်း၊ ဣသရေလအမျိုးသားများနှင့်ယဇ် ပုရောဟိတ်တို့သည် ယေရုရှလင်မြို့တွင်စံ တော်မူသည့် မိမိတို့၏ဘုရားသခင်အား ပေးလှူသည့်ပူဇော်သကာများကိုလည်း ကောင်းယူဆောင်သွားလော့။
ယေရုရှလင်မြို့တွင်မိမိတို့အလိုအလျောက် နေထိုင်သူတို့အားပြည်သူတို့ကချီးကူး ကြ၏။-
ရန်သူတို့အားအရှင်မင်းကြီးတိုက်ခိုက် တော်မူသောနေ့၌ အရှင်၏ပြည်သားတို့သည်အလိုအလျောက် ကိုယ်တော်နှင့်လိုက်ပါချီတက်ကြပါလိမ့်မည်။ နံနက်ချိန်၌ကျသည့်ဆီးနှင်းကဲ့သို့သန်စွမ်း သော လူငယ်လူရွယ်အမြောက်အမြားသည် အရှင်မင်းကြီးရှိရာသန့်ရှင်းမြင့်မြတ်သည့် တောင်ပေါ်သို့ရောက်ရှိကြပါလိမ့်မည်။
လူတိုင်းပင်မိမိ၏စေတနာစိတ်ပြဋ္ဌာန်း သည်အတိုင်းပေးလှူရ၏။ နှမြောသောစိတ် နှင့်သော်လည်းကောင်း၊ ပေးလှူရန်တာဝန် ဝတ္တရားရှိသည်ဟူသောစိတ်ဖြင့်သော်လည်း ကောင်းမပေးမလှူအပ်။ ဘုရားသခင်သည် စေတနာနှင့်ပေးလှူတတ်သောသူကို နှစ်သက်တော်မူ၏။-
ငါ၏စိတ်နှလုံးသည်ဣသရေလစစ်သူကြီး များ ထံသို့လည်းကောင်း၊ စေတနာစိတ်နှင့်စစ်ပွဲဝင်ကြသည့်ပြည်သူ များ ထံသို့လည်းကောင်းနူးညွတ်လျက်ရှိပါ၏။ ထို့ကြောင့်ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။