ထိုအခန်းသည်အလျားပေသုံးဆယ်၊ အနံပေ သုံးဆယ်၊ အမြင့်ပေသုံးဆယ်ရှိ၍ ယင်းကိုရွှေ စင်ဖြင့်မွမ်းမံထားလေသည်။ ယဇ်ပလ္လင်ကိုမူ သစ်ကတိုးသားဖြင့်ပြုလုပ်ထား၏။-
ထွက်မြောက် 25:11 - Common Language Bible သေတ္တာအတွင်းအပြင်ကိုရွှေချ၍အနားပတ် လည်ကိုရွှေကွပ်ထားရမည်။- Garrad Bible အ တွင်း အ ပြင် ရွှေ စင် မွမ်း မံ လျက် ပတ် လည် ရွှေ ပြော့ ကြောင်း ထိုး ထား လော့။ Judson Bible သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သောရွှေတန်ဆာကိုလည်း လုပ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် ၎င်းကို ရွှေစင်ဖြင့်မွမ်းမံရမည်။ အတွင်းရောအပြင်ပါမွမ်းမံ၍ ထိုသေတ္တာပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။ |
ထိုအခန်းသည်အလျားပေသုံးဆယ်၊ အနံပေ သုံးဆယ်၊ အမြင့်ပေသုံးဆယ်ရှိ၍ ယင်းကိုရွှေ စင်ဖြင့်မွမ်းမံထားလေသည်။ ယဇ်ပလ္လင်ကိုမူ သစ်ကတိုးသားဖြင့်ပြုလုပ်ထား၏။-
ဗိမာန်တော်မုခ်ဦးဆောင်အနံသည်ဗိမာန် တော်၏အနံအတိုင်းပေသုံးဆယ်ရှိ၍ အမြင့် ပေတစ်ရာ့ရှစ်ဆယ်ရှိလေသည်။ ထိုမုခ်ဦး ဆောင်အတွင်းပိုင်းကိုရွှေစင်ဖြင့်မွမ်းမံ ထား၏။-
သေတ္တာကိုသယ်ဆောင်ရန်ရွှေကွင်းလေးကွင်းကို သွန်းလုပ်၍၊ ခြေလေးထောင့်တွင်တစ်ဘက်လျှင် နှစ်ကွင်းစီတပ်ထားရမည်။-
ရင်ဖုံးအထက်ထောင့်စွန်းများတွင်ချိတ်တပ် ဆင်ရန် ရွှေကွင်းနှစ်ကွင်းကိုပြုလုပ်ရမည်။-
ပလ္လင်တော်မျက်နှာပြင်၊ ဘေးပတ်လည်၊ ထောင့်ချွန် အတက်များကိုရွှေချရမည်။ ပလ္လင်အပေါ်နား ပတ်လည်တွင်ရွှေကွပ်ရမည်။-
ထိုဌာနတော်တွင်နံ့သာပေါင်းကိုမီးရှို့ရာရွှေ ပလ္လင်နှင့်ရွှေဖြင့်မွမ်းမံထားသည့်ပဋိညာဉ်သေတ္တာ တော်ရှိ၏။ ထိုသေတ္တာတော်အတွင်း၌မန္နမုန့်ထည့် ထားသည့်ရွှေအိုး၊ အဖူးအညွှန့်ထွက်သည့်အာရုန် ၏လှံတံနှင့်ပညတ်တော်များရေးထားသည့် ကျောက်ပြားနှစ်ပြားရှိ၏။-