ထိုသူတို့သည်ဤပဋိညာဉ်ကိုစောင့်ထိန်း ပါမည်ဟု ထာဝရဘုရား၏နာမတော်ကို တိုင်တည်၍အသံကျယ်စွာသစ္စာဆိုကြ၏။ ထိုနောက်သူတို့သည်ကြွေးကြော်လျက် တံပိုး ခရာများကိုမှုတ်ကြကုန်၏။-
ထွက်မြောက် 24:3 - Common Language Bible မောရှေသည်ဣသရေလအမျိုးသားတို့ထံသို့ ပြန်လာ၍၊ ထာဝရဘုရားပညတ်သမျှနှင့် စီရင်တော်မူချက်အလုံးစုံတို့ကိုပြောကြား လေ၏။ လူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာဆောင်ရွက်ပါမည်'' ဟုတညီတညွတ် တည်းဆိုကြ၏။- Garrad Bible မော ရှေ သည် လူ မျိုး ရှိ ရာ သို့ သွား၍ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် ချက်၊ ဆုံး ဖြတ် ချက် အ လုံး စုံ ကို ပြန် ကြား သော် တစ် မျိုး လုံး က ထာ ဝ ရ ဘု ရား မိန့် တော် မူ သ မျှ အ တိုင်း ပြု ပါ မည် ဟု တစ် ပြိုင် နက် ဝန် ခံ ကြ ကုန် ၏။ Judson Bible မောရှေသည်လည်း လူများတို့ရှိရာသို့လာ၍၊ ထာဝရဘုရား၏ စကားတော်အလုံးစုံကိုလည်းကောင်း၊ စီရင်တော်မူချက်အလုံးစုံကိုလည်းကောင်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ ပြုပါမည်ဟု တစ်သံတည်းပြန်ပြောကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကိုလည်းကောင်း၊ ပညတ်တော်မူချက်အလုံးစုံတို့ကိုလည်းကောင်း လူတို့အား လာ၍ပြောကြား၏။ လူအပေါင်းတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှစကားအတိုင်း အကျွန်ုပ်တို့ပြုပါမည်”ဟု တစ်သံတည်းပြန်ပြောကြ၏။ |
ထိုသူတို့သည်ဤပဋိညာဉ်ကိုစောင့်ထိန်း ပါမည်ဟု ထာဝရဘုရား၏နာမတော်ကို တိုင်တည်၍အသံကျယ်စွာသစ္စာဆိုကြ၏။ ထိုနောက်သူတို့သည်ကြွေးကြော်လျက် တံပိုး ခရာများကိုမှုတ်ကြကုန်၏။-
ယုဒပြည်သူအပေါင်းတို့သည်စိတ်စွမ်းကိုယ် စွမ်းရှိသမျှဖြင့် ပဋိညာဉ်ပြုရကြသဖြင့် ဝမ်းမြောက်ရွှင်လန်းကြ၏။ သူတို့သည်ထာဝရ ဘုရားအားဆန္ဒအပြည့်အဝဖြင့်ဆည်းကပ် ကြသဖြင့် ထာဝရဘုရားသည်သူတို့၏ ဆည်းကပ်မှုကိုလက်ခံ၍အရပ်ရပ်၌ငြိမ်း ချမ်းသာယာစေတော်မူ၏။
ကိုယ်တော်က``ယဇ်ပူဇော်ခြင်းအားဖြင့် ငါနှင့်ပဋိညာဉ်ဖွဲ့၍ငါ့အားသစ္စာစောင့်သူ များကို စုဝေးစေကြလော့'' ဟုမိန့်တော်မူ၏။
ထိုအခါလူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်မှာတော်မူသမျှကိုလိုက် နာပါမည်'' ဟုတညီတညွတ်တည်းပြောကြား ကြ၏။ မောရှေသည်လည်းလူအပေါင်းတို့၏ ဖြေကြားချက်ကိုထာဝရဘုရားထံလျှောက် ထားလေ၏။
သင်တစ်ယောက်တည်းသာငါ့အနီးသို့ချဉ်းကပ် ရမည်။ အခြားသောသူတို့သည်ငါ့အနီးသို့ မချဉ်းကပ်စေရ။ လူထုမူကားတောင်ပေါ်သို့ မတက်ရ'' ဟုမိန့်တော်မူ၏။
ထိုနောက်သူသည်ထာဝရဘုရား၏ပညတ် များရေးထားသောပဋိညာဉ်စာအုပ်ကိုယူ၍ လူအပေါင်းတို့ကြားနိုင်အောင်ဖတ်ပြလေသည်။ သူတို့ကလည်း``အကျွန်ုပ်တို့သည်ထာဝရ ဘုရားမိန့်တော်မူသမျှကိုလိုက်နာပါမည်'' ဟုဆိုလေ၏။
ထိုပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား သံမီးဖိုကြီးနှင့်တူသောအီဂျစ်ပြည်မှ ငါ ထုတ်ဆောင်လာစဉ်အခါကချုပ်ဆိုခဲ့သည့် ပဋိညာဉ်ဖြစ်၏။ ငါသည်ထိုသူတို့အားငါ့ စကားကိုနားထောင်ကြရန်၊ ငါခိုင်းစေသမျှ သောအမှုတို့ကိုပြုလုပ်ကြရန်မှာကြားခဲ့ ၏။ အကယ်၍သူတို့သည်ငါ၏စကားကို နားထောင်ကြမည်ဆိုပါမူ ငါ၏လူမျိုး တော်ဖြစ်ရကြလျက်၊ ငါသည်လည်းသူတို့ ၏ဘုရားဖြစ်တော်မူမည်။-
ငါ့အားပြည်သူတို့အားဆင့်ဆိုစေသည် မှာ``ငါသည်သင်၏ဘိုးဘေးများအား အီဂျစ်ပြည်မှကယ်ဆယ်ကာ ကျွန်ဘဝ မှလွတ်မြောက်စေခဲ့စဉ်အခါကသူတို့ နှင့်ပဋိညာဉ်ပြုခဲ့၏။-
အီဂျစ်ပြည်မှသင်တို့ပြန်လာကြစဉ် အခါက ငါသည်သင်တို့နှင့်အစဉ်အတူ ရှိမည်ဟုကတိပြုခဲ့သည့်အတိုင်း ယခု တိုင်အောင်ပင်သင်တို့နှင့်ငါအတူရှိ၏။ သို့ဖြစ်၍မကြောက်ကြနှင့်။''
ငါတို့အားလုံး၌ဖခင်တစ်ဦးတည်ရှိသည် မဟုတ်ပါလော။ ဤဘုရားသခင်တစ်ပါးတည်း ပင်လျှင် ငါတို့အားဖန်ဆင်းတော်မူသည်မ ဟုတ်ပါလော။ သို့ဖြစ်ပါမူငါတို့သည်အဘယ် ကြောင့် မိမိတို့အချင်းချင်းထားရှိသည့်သစ္စာ ကတိကိုဖျက်ကြပါသနည်း။ အဘယ်ကြောင့် ငါတို့ဘိုးဘေးများနှင့်ဘုရားသခင်ပြု တော်မူခဲ့သည့်ပဋိညာဉ်တော်ကိုမထီမဲ့ မြင်ပြုကြပါသနည်း။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ ကိုအစဉ်လိုက်နာစောင့်ထိန်းရမည်။-
ထို့နောက်မောရှေကဣသရေလအမျိုးသား တို့အား``သင်တို့အားငါသွန်သင်သောပညတ် တို့ကိုလိုက်နာလျှင် သင်တို့သည်အသက်ရှင်၍ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရား ပေးတော်မူမည့်ပြည်ကိုလည်းသိမ်း ပိုက်ရရှိကြလိမ့်မည်။-
သူတို့သည်အီဂျစ်ပြည်မှထွက်လာပြီး နောက် ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တစ်ဘက်တွင်ရှိသောချိုင့်ဝှမ်း၌ရောက်ရှိနေ ကြစဉ်မောရှေသည် ပညတ်တော်များကိုပြဋ္ဌာန်း ပေးသည်။ ထိုအရပ်သည်ဟေရှဘုန်မြို့တွင် စိုးစံသောအာမောရိဘုရင်ရှိဟုန်၏ပိုင်နက် ဖြစ်ခဲ့သည်။ မောရှေနှင့်ဣသရေလအမျိုး သားတို့သည်အီဂျစ်ပြည်မှထွက်လာပြီး သည့်နောက်ထိုဘုရင်ကိုနှိမ်နင်း၍၊-
``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ငါသည်ပညတ် တော်အားလုံးကိုသင်တို့အားသွန်သင်ခဲ့ ပြီ။ သင်တို့တိုက်ခိုက်၍သိမ်းပိုက်နေထိုင်မည့် ပြည်တွင် ထိုပညတ်တော်တို့ကိုလိုက်နာကြ လော့။-
မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ကိုဆင့်ခေါ်၍ သူတို့အားဤသို့ပြောကြား လေသည်။ ``ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အား ငါပြဋ္ဌာန်းပေးမည့်ပညတ်တော် အားလုံးကိုနားထောင်ကြလော့။ ထိုပညတ် တော်များကိုနာယူလိုက်နာရန်သတိပြု ကြလော့။-
သင်ကိုယ်တိုင်မူကားငါနှင့်အတူနေရစ်လော့။ ငါပေးမည့်ပြည်တွင်သူတို့လိုက်နာစောင့်ထိန်း ရန် ပညတ်တော်များနှင့်ပြဋ္ဌာန်းချက်ရှိသမျှ ကိုသင့်အားငါဆင့်ဆိုမည်။ ထိုပညတ်တော် များနှင့်ပြဋ္ဌာန်းချက်များကိုသူတို့အား သွန်သင်လော့' ဟု မိန့်တော်မူ၏။-
``သင်တို့အားသွန်သင်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးအပ်တော်မူသော ပညတ်တော်များသည်ကား ဤသို့တည်း။ သင် တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင် ဤပညတ် တော်များကိုလိုက်နာစောင့်ထိန်းကြလော့။-
လူတို့က``အကျွန်ုပ်တို့သည်ထာဝရဘုရား ကိုသာဝတ်ပြုကိုးကွယ်ပါမည်'' ဟုယောရှု အားပြန်၍လျှောက်ထားကြ၏။
ယောရှုကလည်း``သင်တို့သည်ထာဝရဘုရား ကိုသာဝတ်ပြုမည်ဟုထွက်ဆိုရာ၌သင်တို့ ကိုယ်တိုင်သက်သေဖြစ်ကြ၏'' ဟုဆို၏။ ထိုအခါသူတို့က``အကျွန်ုပ်တို့ကိုယ်တိုင် သက်သေဖြစ်ကြောင်းဝန်ခံပါ၏'' ဟုပြန် လျှောက်ကြ၏။
ထိုအခါလူတို့ကယောရှုအား``အကျွန်ုပ်တို့ သည်အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်၍ ကိုယ်တော်၏ စကားတော်ကိုနားထောင်ပါမည်'' ဟုကတိ ပေးကြ၏။