``လူတစ်ယောက်သည် အခြားသူတစ်ယောက်အား ပြစ်မှားမှုနှင့်စွပ်စွဲခြင်းခံရသဖြင့် မိမိတွင် အပြစ်မရှိကြောင်းဤဗိမာန်တော်ရှိကိုယ်တော် ၏ယဇ်ပလ္လင်တော်ရှေ့၌ကျမ်းကျိန်သောအခါ၊-
ထွက်မြောက် 22:8 - Common Language Bible ခိုးသူကိုမမိလျှင်မူကား၊ ပစ္စည်းအပ်နှံခြင်း ခံရသူသည် ကိုယ်တိုင်ပစ္စည်းကိုခိုးသည်၊ မခိုး သည်သိနိုင်ရန်သူ့ကိုထာဝရဘုရား၏ရှေ့ တော်သို့ခေါ်ဆောင်၍ကျိန်ဆိုစေရမည်။ Garrad Bible မ မိ လျှင် မူ ကား သူ့ ဥ စ္စာ ကို အ လွဲ သုံး စား မှု မ ပြု ကြောင်း သ စ္စာ ဆို ရန် သ မာ ဓိ တို့ ထံ အိမ် ရှင် ဝင် စေ။ Judson Bible သူခိုးကိုမတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော၊ မယူလောဟု ဘုရားသခင့်ရှေ့တော်၌ အစစ်ခံရမည်။ မြန်မာ့စံမီသမ္မာကျမ်း သူခိုးကိုမမိလျှင် အိမ်ပိုင်ရှင်သည် သူ့အိမ်နီးချင်း၏ဥစ္စာကို ယူသည်၊ မယူသည် သိနိုင်ရန် သူ့ကို ဘုရားသခင်ထံခေါ်ဆောင်လာရမည်။ |
``လူတစ်ယောက်သည် အခြားသူတစ်ယောက်အား ပြစ်မှားမှုနှင့်စွပ်စွဲခြင်းခံရသဖြင့် မိမိတွင် အပြစ်မရှိကြောင်းဤဗိမာန်တော်ရှိကိုယ်တော် ၏ယဇ်ပလ္လင်တော်ရှေ့၌ကျမ်းကျိန်သောအခါ၊-
မင်းကြီးသည်ထိုသူတို့အနက်လူပေါင်း နှစ်သောင်းလေးထောင်တို့အား ဗိမာန်တော် တွင်ဝတ်ကြီးဝတ်ငယ်တို့ကိုဆောင်ရွက်ရန် စီစဉ်သတ်မှတ်၍ပေးတော်မူ၏။ လူခြောက် ထောင်တို့အားစာရင်းအင်းများကိုထိန်း သိမ်းစေ၍တရားသူကြီးများအဖြစ် ဖြင့်ဆောင်ရွက်စေတော်မူ၏။-
ဘုရားသခင်သည်ကောင်းကင်တွင်ကျင်းပ သည့် ကောင်စီအစည်းအဝေး၌နေရာယူတော်မူ၏။ ကိုယ်တော်သည်ဘုရားတို့၏အစည်းဝေး၌ စီရင်ဆုံးဖြတ်တော်မူသည်မှာ
သခင်ကသူ့ကိုဘုရားရှိခိုးရာဌာနသို့ခေါ် ဆောင်ခဲ့ရမည်။ ထိုကျွန်အားတံခါးသို့မဟုတ် တံခါးတိုင်အထိခေါ်ဆောင်ပြီးလျှင် သူ၏နား ရွက်ကိုစူးဖြင့်ဖောက်ရမည်။ ထိုနောက်သူသည် သခင်ထံ၌တစ်သက်ပတ်လုံးကျွန်ခံရ မည်။
``သင်တို့သည်ဘုရားသခင်ကိုပြစ်မှားပြော ဆိုခြင်းမပြုရ။ သင်တို့၏လူမျိုးခေါင်းဆောင် ကိုမကျိန်ဆဲရ။
``သိုး၊ နွား၊ မြည်း၊ အဝတ်အစရှိသောပျောက် ဆုံးသည့်ပစ္စည်းကိုပိုင်ဆိုင်မှုနှင့်ပတ်သက်၍ လူနှစ်ဦးအငြင်းပွားခဲ့သည်ရှိသော်၊ ထိုသူ နှစ်ဦးတို့အားထာဝရဘုရားရှေ့တော်၌ အစစ်ခံ၍၊ တရားရှုံးသူကနှစ်ဆလျော် ရမည်။
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။-