အကယ်၍နွားသည်လူကိုဝှေ့တတ်ကြောင်း နွား ပိုင်ရှင်အားသတိပေးပါလျက်နှင့်ချည်နှောင် ၍မထားသောကြောင့် လူတစ်ယောက်ကိုဝှေ့ သတ်ခဲ့လျှင်ထိုနွားကိုကျောက်ခဲနှင့်ပစ်၍ သတ်ရမည်။ နွားရှင်ကိုလည်းသေဒဏ်ပေးရ မည်။-
ထွက်မြောက် 21:36 - Common Language Bible သို့ရာတွင်နွားပိုင်ရှင်ကမိမိ၏နွားသည်ဝှေ့ တတ်ကြောင်းကိုသိလျက်နှင့် ချည်နှောင်၍မ ထားခဲ့လျှင်နွားသေအတွက်နွားတစ်ကောင် ကိုအစားလျော်၍နွားသေကိုပိုင်စေ။ Garrad Bible သို့ ရာ တွင် နွား သည် ယ မန် က ဝှေ့ တတ် သည် ကို သိ လျက် နွား ရှင် မ စောင့် ရှောက်၍ ဖြစ် လျှင် နွား အ စား နွား ကို မု ချ လျော် ပေး စေ။ သေ သော နွား ကို ကား ပိုင် စေ။ Judson Bible ၎င်းနည်း နွားသည် အထက်ကခွေ့ဖူးကြောင်းကို၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ်ထားလျှင်၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည်။ ထိုနွားတစ်ကောင်အတွက် တစ်ကောင်ကိုအမှန်လျော်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် နွားသည် ယခင်ကတည်းက ဝှေ့တတ်သောနွားဖြစ်ကြောင်းသိသော်လည်း ပိုင်ရှင်သည် ထိုနွားကို မထိန်းသိမ်းလျှင် နွားတစ်ကောင်အတွက် နွားတစ်ကောင်ကို မုချအလျော်ပေးရမည်။ သေသောအကောင်ကိုကား သူပိုင်၏။ |
အကယ်၍နွားသည်လူကိုဝှေ့တတ်ကြောင်း နွား ပိုင်ရှင်အားသတိပေးပါလျက်နှင့်ချည်နှောင် ၍မထားသောကြောင့် လူတစ်ယောက်ကိုဝှေ့ သတ်ခဲ့လျှင်ထိုနွားကိုကျောက်ခဲနှင့်ပစ်၍ သတ်ရမည်။ နွားရှင်ကိုလည်းသေဒဏ်ပေးရ မည်။-
လူတစ်ဦး၏နွားကအခြားလူတစ်ဦး၏နွား ကိုဝှေ့သတ်လျှင် အသက်ရှင်သောနွားကိုရောင်း ၍နွားပိုင်ရှင်နှစ်ဦးကငွေကိုခွဲဝေယူရမည်။ နွားသေ၏အသားကိုလည်းခွဲဝေယူရကြ မည်။-
``လူတစ်ဦးသည်နွား၊ သို့မဟုတ်သိုးတစ် ကောင်ကိုခိုး၍သတ်သည်ဖြစ်စေ၊ ရောင်းသည် ဖြစ်စေနွားတစ်ကောင်အတွက်နွားငါးကောင်၊ သိုးတစ်ကောင်အတွက်သိုးလေးကောင်ကို အစားလျော်ရမည်။-
သူတစ်ပါးပိုင်သောတိရစ္ဆာန်ကိုသတ်သော သူသည်ပိုင်ရှင်အားအစားလျော်ပေးရမည်။ ဤပညတ်သဘောမှာအသက်အတွက် အသက်ကိုအစားပေးခြင်းဖြစ်သည်။