``သခင်ကကျွန်ယောကျာ်းသို့မဟုတ်ကျွန်မိန်းမ ၏မျက်စိကိုရိုက်သဖြင့် မျက်စိပျက်လျှင်မျက်စိ အတွက်လျော်ကြေးအဖြစ်ကျွန်ကိုလွတ်မြောက် ခွင့်ပေးစေ။-
ထွက်မြောက် 21:27 - Common Language Bible သခင်ကကျွန်ကိုရိုက်၍ကျွန်၏သွားကျိုးလျှင် သွားအတွက်လျော်ကြေးအဖြစ်ကျွန်ကိုလွတ် မြောက်ခွင့်ပေးစေ။ Garrad Bible ကျွန် ယောက်ျား၊ ကျွန် မိန်း မ၏ သွား ကို ရိုက် ချိုး လျှင် သွား ကျိုး ရ သည့် အ တွက် အ လွတ် ထွက် သွား ခွင့် ပေး စေ။ Judson Bible ထိုအတူ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၏သွားကို ကျိုးအောင်ရိုက်လျှင်၊ သွားကျိုးသည်အတွက် လွှတ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ မိမိကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမ၏သွားကိုကျိုးစေလျှင် သူ၏သွားအတွက် သူ့ကိုလွတ်လပ်သောသူအဖြစ် ထွက်သွားခွင့်ပြုရမည်။ |
``သခင်ကကျွန်ယောကျာ်းသို့မဟုတ်ကျွန်မိန်းမ ၏မျက်စိကိုရိုက်သဖြင့် မျက်စိပျက်လျှင်မျက်စိ အတွက်လျော်ကြေးအဖြစ်ကျွန်ကိုလွတ်မြောက် ခွင့်ပေးစေ။-
``နွားတစ်ကောင်သည်လူတစ်ယောက်ကိုဦးချိုဖြင့် ဝှေ့သတ်လျှင် ထိုနွားကိုကျောက်ခဲနှင့်ပစ်သတ်ရ မည်။ ထိုနွား၏အသားကိုမစားရ။ သို့ရာတွင် နွားပိုင်ရှင်ကိုအပြစ်ဒဏ်မပေးရ။-